ၾကားသိသမွ်

အကြမ်းဖက်စစ်အုပ်စုကို အရေးယူဒဏ်ခတ်ရန် ဆက်လက်လုပ်ဆောင်နေဟု ဗြိတိန်ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုကို အရေးယူဒဏ်ခတ်ရန် ဆက်လက်လုပ်ဆောင်နေဟု ဗြိတိန်ထုတ်ပြန်

မြန်မာပြည်သူလူထုအပေါ် အပြစ်ကျူးလွန်မှုများတွင် တာဝန်ရှိသူများကို အရေးယူနိုင်ရေး ဆက်လက် လုပ်ဆောင်နေကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။

စစ်အာဏာရှင်များအနေဖြင့် လက်နက်ကိရိယာများနှင့် ရန်ပုံငွေများရရှိနေမှုကို ကန့်သတ်ရန် ဗြိတိန်သည် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ကရင်နီ၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ မကွေးတို့အပါအဝင် ဒေသအနှံ့အပြားကို လေကြောင်းနှင့် လက်နက်ကြီးများအသုံးပြုကာ အပြစ်မဲ့အရပ်သားပြည်သူများကို ပစ်ခတ်ထိုးစစ်ဆင်မှုများလုပ်ဆောင်နေချိန်တွင် ဗြိတိန်က ယခုလို ထုတ်ပြန်လာခြင်းဖြစ်သည်။

ဗြိတိန်သည် မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးချိန်မှစပြီး ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် မြန်မာပြည်သူလူထုကို ဖိနှိပ်မှုများတွင် ပါဝင်ပတ်သက်မှုအတွက် လူပုဂ္ဂိုလ် ၂၄ဦးနဲ့ အဖွဲ့အစည်း ၉ ခုတို့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ပစ်မှတ်ထားခံရသူများတွင် နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီနှင့် အခြားသော မြန်မာစစ်တပ် အကြီးတန်းပုဂ္ဂိုလ်များသာမက စစ်အစိုးရအတွက် အဓိက၀င်ငွေကို ပံ့ပိုးပေးနေသည့် စစ်တပ်နှင့် ဆက်စပ်နေသည့် ကုမ္ပဏီများလည်း ပါဝင်ခဲ့သည်။

Zawgyi

အၾကမ္းဖက္စစ္အုပ္စုကို အေရးယူဒဏ္ခတ္ရန္ ဆက္လက္လုပ္ေဆာင္ေနဟု ၿဗိတိန္ထုတ္ျပန္

ျမန္မာျပည္သူလူထုအေပၚ အျပစ္က်ဴးလြန္မႈမ်ားတြင္ တာဝန္ရွိသူမ်ားကို အေရးယူနိုင္ေရး ဆက္လက္ လုပ္ေဆာင္ေနေၾကာင္း ၿဗိတိန္နိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာသည္။

စစ္အာဏာရွင္မ်ားအေနျဖင့္ လက္နက္ကိရိယာမ်ားႏွင့္ ရန္ပုံေငြမ်ားရရွိေနမႈကို ကန္႔သတ္ရန္ ၿဗိတိန္သည္ နိုင္ငံတကာမိတ္ဖက္မ်ားႏွင့္အတူ ဆက္လက္လုပ္ေဆာင္သြားမည္ဟု ဆိုသည္။

အၾကမ္းဖက္စစ္ေကာင္စီက ကရင္နီ၊ ကရင္၊ ခ်င္း၊ စစ္ကိုင္း၊ မေကြးတို႔အပါအဝင္ ေဒသအႏွံ့အျပားကို ေလေၾကာင္းႏွင့္ လက္နက္ႀကီးမ်ားအသုံးျပဳကာ အျပစ္မဲ့အရပ္သားျပည္သူမ်ားကို ပစ္ခတ္ထိုးစစ္ဆင္မႈမ်ားလုပ္ေဆာင္ေနခ်ိန္တြင္ ၿဗိတိန္က ယခုလို ထုတ္ျပန္လာျခင္းျဖစ္သည္။

ၿဗိတိန္သည္ ျမန္မာနိုင္ငံတြင္ စစ္တပ္ အာဏာသိမ္းၿပီးခ်ိန္မွစၿပီး ျပင္းထန္ေသာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား ႏွင့္ ျမန္မာျပည္သူလူထုကို ဖိႏွိပ္မႈမ်ားတြင္ ပါဝင္ပတ္သက္မႈအတြက္ လူပုဂၢိဳလ္ ၂၄ဦးနဲ႔ အဖြဲ႕အစည္း ၉ ခုတို႔ ပစ္မွတ္ထား ပိတ္ဆို႔အေရးယူမႈမ်ား ျပဳလုပ္ခဲ့သည္။

အဆိုပါ ပစ္မွတ္ထားခံရသူမ်ားတြင္ နိုင္ငံေတာ္ အုပ္ခ်ဳပ္ေရးေကာင္စီႏွင့္ အျခားေသာ ျမန္မာစစ္တပ္ အႀကီးတန္းပုဂၢိဳလ္မ်ားသာမက စစ္အစိုးရအတြက္ အဓိက၀င္ေငြကို ပံ့ပိုးေပးေနသည့္ စစ္တပ္ႏွင့္ ဆက္စပ္ေနသည့္ ကုမၸဏီမ်ားလည္း ပါဝင္ခဲ့သည္။