သွားကိုက် သွားနာ ပျောက်ကင်းလိုလျှင်…..
သွားကိုက် သွားနာ သွားပိုးစားရေစီးကမ်းပြိုစသည့်
သွားဝေဒနာအမျိုးမျိုးကိုသက်သာပျောက်ကင်းစေရန်
ဖန်းခါးသီးအစို{သို့မဟုတ် }ဖန်းခါးသီးအခြောက်{၃}လုံးခန့်ကို ထုထောင်းပါ….။
လေးညှင်းပွင့်{၃}ပွင့်ခန့်ရော၍ထုထောင်းပါ။
ဆားအနည်းငယ်လဲထည့်ပေးပါ။ဖန်းခါးသီး လေးညှင်းပွင့်
ထုထောင်းပြီးသားအဖတ်များကိုဖန်ခွက်ကြီးတွင်ထည့်
ရေနွေးကျက်ကျက်ဆူလောင်းထည့်ပါ။
ဖန်ခွက်ကြီးတစ်ဝက်ရေနွေးခန့်လောင်းထည့်ပါ။ဖန်ခွက်အဖုံးပိတ်ထားပါ။
အနည်းငယ်အအေးခံကာပလုတ်ကျင်း၍ရလောက်သော
အချိန်တွင် ဖန်းခါးသီး လေးညှင်းပွင့်ဆား ရောစပ်ထားသောရေနွေးဖြင့်ပလုတ်ကျင်းပေးပါ။
မကြာခဏပြုလုပ်ပေးခြင်းအားဖြင့်သွားကိုက် သွားနာ ရေစီးကမ်းပြို
သွားပိုးစားခြင်းဝေဒနာများသက်သာပျောက်ကင်းစေတယ်လို့ဆိုပါတယ်.. …..။
သွားပိုးပေါက်အတွင်းသို့ဖန်းခါးသီး လေးညှင်းပွင့် ဆား
ရောစပ်ထားသော ပြုတ်ဖတ်ကလေးများကို{၃}မိနစ်ခန့်ထည့်ပေးပါ။
ကျောက်ချဉ်မှုန့်ထည့်ပေးထားပါကသွားပိုးစား သွားကိုက် ဝေဒနာပျောက်ကင်းစေတယ်လို့ဆိုပါတယ်။
ဖန်းခါးသီး လေးညှင်းပွင့် ဆားကျောက်ချဉ်မှုန့်ကလေးမျာကိုထုထောင်းရောနှော၍
ရေနွေကျက်ကျက်ဆူထည့်ထားသော အအေးခံအရည်ကိုငုံပေးပါက
သွားနှင့်ပတ်သက်သောဝေဒနာ အမျိုးမျိုး သက်သာပျောက်ကင်းသွားစေတယ်လို့ဆိုပါတယ်……..။
ဗဟုသုတ မှတ်စု
ကျန်းမာရေးအတွက် ဆေးတခွက်