ၾကားသိသမွ်

အိုင်စီဂျီ အစီရင်ခံစာ

အိုင်စီဂျီ အစီရင်ခံစာ

ယခု တင်ပြမည့် အကြောင်းအရာသည် နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ကြီး International Crisis Group (ICG) မှ ရန်ကုန်၊ ဘန်ကောက် နှင့် ဘရပ်ဆဲလ် ရှိ အဖွဲ့ဝင်များ စုပေါင်း၍ မြန်မာ၏ လက်ရှိ အကျပ်အတည်းကြီး အပေါ် ထဲထဲဝင်ဝင် လေ့လာပြီး ၂၀၂၂ ဇန်နဝါရီ ၁၂ ရက် နေ့တွင် စာမျက်နှာ ၂၃ မျက်နှာ ကျော် ရှည်လျားသည့် အစီရင်ခံစာ ထုတ်ပြန်ထားခြင်း ကို ပြန်လည် တင်ပြခြင်းသာ ဖြစ်သည်။

(၁) နိဒါန်း

(၂) အာဏာသိမ်းပြီးနောက် လူမျိုးစု ပဋိပက္ခများ

(က) ရှေ့သို့ လှမ်းထွက်လာသော KIO နှင့် KNU

(ခ) ချင်း နှင့် ကရင်နီ တိုင်းရင်းသား တို့ စစ်မြေပြင်သို့ ပြန်လည် ရောက်ရှိလာခြင်း

(ဂ) ယာယီ ငြိမ်သက်နေသော ရခိုင်တပ်တော်

(ဃ) ရှမ်းမြောက် စစ်မျက်နှာ တွင် အသံတိတ်နေခြင်း

(၃) ညီညွတ်သော တပ်ဦး ပေါ်ပေါက်လာနိုင်မည့် အလားအလာ

(က) အလှမ်းဝေးနေဆဲ ဖြစ်သော ဖက်ဒရယ် အာမီ

(ခ) ယုံကြည်၍ မရခဲ့သည့် သမိုင်း အစဉ်အလာများ

(ဂ) မတူ ကွဲပြားမှု များ နှင့် သွေးခွဲခံခဲ့ရခြင်းများ

(ဃ) အလွတ်သဘော ဆက်ဆံရေးများ

(င) အကန့်အသတ်ထား၍ ဆက်ဆံလာခြင်း

(၄) တပ်မတော်၏ “ငြိမ်းချမ်းရေး” ပလန်များ

(က) ထောက်ခံမှု ရရန် လုံးပမ်းလာခြင်း

(ခ) ရှင်လျှက်နှင့် သေနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ

(င) အပေးအယူ အသစ်များ ထွက်ပေါ်လာဦးမည်လော

(၅) ပဋိပက္ခ အသစ်များ ကြား ကွေ့ကာ ဝိုက်ကာ ရွက်လွှင့်နေရခြင်း

(၆) နိဂုံး

အဆိုပါ အပိုင်းများကို ကဏ္ဍအလိုက် ခွဲပြီး နေ့စဉ် တင်ပြသွားပါမယ်။

#(၁) နိဒါန်း

၂၀၂၁ ဖေဖေါ်ဝါရီလ အာဏာသိမ်းယူခဲ့မှုသည် ၂၀၁၁ ဩဂုတ် လ နောက်ပိုင်း ပဋိပက္ခများ နှင့် ရောပြွမ်းနေပြီး ဖြစ်သော မြန်မာနိုင်ငံရေး မျက်နှာစာ ကို အကြီးအကျယ် ဆွဲကိုင် လှုပ်ရမ်းလိုက်ခြင်းပင် ဖြစ်သည်။ ထိုစဥ်အချိန် ၂၀၁၁ ဩဂုတ်လတွင် သမ္မတ ဖြစ်သူ ဦးသိန်းစိန်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အစပျိုးလာခဲ့ချိန် လည်း ဖြစ်သည်။ စစ်တပ်မှ အာဏာမသိမ်းခဲ့မီ ကာလများတွင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းပေါင်း နှစ်ဒါဇင်ခန့်အပြင် မြန်မာ စစ်တပ်နှင့် ပုံစံအမျိုးမျိုး ဖြင့် ပတ်သက်နေသော အင်အား အမျိုးမျိုး ရှိနေသည့် လက်နက်ကိုင် ပြည်သူ့စစ် အဖွဲ့ပေါင်း ရာနှင့်ချီ၍ ရှိနေခဲ့ပြီး ဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ကျယ်ကျယ်ပြန့်ပြန့် ရရှိရေး အတွက် လက်နက်ကိုင် တော်လှန်နေ ကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထဲမှ အများစုသည် ဗဟို အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးနိုင် ရေး အတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး Nationwide Ceasefire Agreement (NCA) ကို လက်မှတ်ရေးထိုးခြင်း၊ အချို့ကလည်း စစ်တပ်နှင့် သီးခြား အပစ်အခတ်ရပ်စဲရေး ရရှိရန် ဆွေးနွေးခြင်း များ ပြုလုပ်လာကြ၍ စစ်တပ် နှင့် တိုက်ပွဲများ ဖြစ်ပွားရာ ဒေသဟူ၍ အနည်းငယ်မျှသာ ကျန်ပေတော့သည်။

အထူးသဖြင့် ရှမ်းပြည် မြောက်ပိုင်း၊ ကချင် နှင့် ရခိုင် ပြည်နယ်များ ရှိ ရခိုင် တပ်တော်၊ TNLA နှင့် MNDAA အဖွဲ့များသာ စစ်တပ်နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့သည်။

ထိုသို့ ဆက်လက် ဖြစ်ပွားနေသော ပဋိပက္ခများ လုံးဝ အဆုံးသတ်သွားနိုင်ရန် ငြိမ်းချမ်းသည့် ဖြေရှင်းချက်မျိုး ထွက်ပေါ်လာနိုင်သည့် အလားအလာသည် လွန်စွာ နည်းပါးနေခဲ့သည်။ မြန်မာ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များသည် အာဏာမသိမ်းမီ နှစ်အတန်ကြာကပင် ဖုတ်လှိုက် ဖုတ်လှိုက် ဖြင့် ရပ်တည်နေခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် ဆယ်ဖွဲ့သာ NCA ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ အဖွဲ့များနှင့် ဖက်ဒရယ် နိုင်ငံရေး စနစ် တည်ထောင်ရန် ရည်ရွယ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးနေမှု များသည် ရှေ့မတိုးနိုင် ဖြစ်လာရသည်။

အာဏာသိမ်းလိုက်ခြင်းသည် အဆိုပါ ရည်မှန်းချက် အကောင်အထည် ပေါ်လာနိုင်သည် ဆိုသော အနည်းငယ် မျှသာ ကျန်ရှိတော့သည့် မျှော်လင့်ချက်များကို အပြီးအပိုင် ဖျက်ဆီးလိုက်ခြင်းလည်း ဖြစ်ပေသည်။ သို့သော် အာဏာသိမ်း အဖွဲ့ နှင့် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက NCA အကြောင်းကို လူသိရှင်ကြား ထုတ်ပြန်သော ကြေညာချက်များ တွင် ရံဖါရံခါ ဆိုသလို ထည့်သွင်း ဖေါ်ပြ သည်များတော့ ရှိခဲ့သည်။ ၎င်းတို့ အဓိက ပြောလိုသည်က လက်ရှိတွင် မည်မျှပင် အလားအလာ နည်းပါး နေသည် ဆိုငြားလည်း ထိုကဲ့သို့ သော သဘောတူညီချက်မျိုး ရရှိမည် ဆိုက နိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို အပြီးအပိုင် ဖြေရှင်းနိုင်စွမ်း ရှိလိမ့်မည်ဟူ၍ ဖြစ်သည်။

သို့သော် တပ်မတော်သည် ထိုကဲ့သို့သော သဘောတူညီချက်မျိုး ရရှိရန် မည်သည့် အခါမျှ နိုင်ငံရေး အရ အလျော့ပေးခဲ့ခြင်းမျိုး မရှိပေ။ ၎င်းတို့ အဖို့က ထိုသို့ ဆွေးနွေးလိုသည့် တိုင်းရင်းသား လက်နက်ကိုင် များ အဖို့ အဖွဲ့ကို ဖျက်သိမ်းပြီး လက်နက်အပ်ရန်ကိုသာ ဦးစားပေး ပြောဆိုခဲ့ကြသည်။

အာဏာသိမ်းပြီး ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များက စစ်ကောင်စီ နှင့် ပြုလုပ်နေသော နိုင်ငံရေး ဆွေးနွေးပွဲများကို ရပ်ဆိုင်းပြစ်လိုက်ပြီး မကြာမီမှာပင် စစ်တပ် ကို စတင် တိုက်ခိုက်လာကြသည်။ ဤကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန်လည် စတင်လာဖို့ အရေးသည် အခွင့်အလမ်း လွန်စွာ နည်းပါးသွားခဲ့ရပြီ ဖြစ်သည်။ လက်မှတ်ရေးထိုးထားသော အဖွဲ့များက စစ်ပွဲ အတွက် ပြင်ဆင်လာကြလေသည်။ ထိုအထဲတွင် စစ်ကောင်စီ နှင့် ဆက်လက် ဆွေးနွေးလိုစိတ် ရှိနေသေးသည့် အဖွဲ့များပင် ၎င်းတို့ ဒေသခံများက လူကြိုက် နည်းလာနေပြီ ဖြစ်သည့် စစ်ကောင်စီ နှင့် မပတ်သက်ရန် ဖိအားပေးခြင်း ခံလာကြရသည်။

အာဏာသိမ်းခဲ့မှု နှင့် နောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက် နှိပ်ကွပ်လာခဲ့ပြီး နောက်တွင်တော့ ပဋိပက္ခ ဖြစ်ပွားခဲ့သည့် မျက်နှာစာသည် အမျိုးမျိုး အဖုံဖုံ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။ ထိုဖြစ်စဉ်များတွင် မြေပြန့်နေ ဗမာ အများစု ပါဝင်သည့် လက်နက်ကိုင် အဖွဲ့ကြီး ပေါ်ပေါက်လာခဲ့ရသည်။ မြေပြန့်ဒေသများသည် ဆယ်စုနှစ်ပေါင်း များစွာ ကြာအောင် လက်နက်ကိုင် ပဋိပက္ခများ ကင်းရှင်းရာ ဒေသများ ဖြစ်ခဲ့သော်လည်း အနှစ်နှစ် အလလ မျိုသိပ်ထားမှုများ အား ပြန်၍ မီးမွှေးပေးလိုက်သလို ဖြစ်ခဲ့ရသည်။

အသစ် ပေါ်ပေါက်လာသော လက်နက်ကိုင် အဖွဲ့များတွင် စစ်သားများကို ချုံခို တိုက်ခိုက်နေကြသည့် ကျေးလက် ပြည်သူတို၏ လက်နက်ကိုင် တပ်ဖွဲ့များမှသည် အာဏာသိမ်း အဖွဲ့ တွင် ပါဝင်နေသည့် အရာရှိများနှင့် ရုံးဌာန များကို ပြစ်မှတ်ထား တိုက်ခိုက်သည့် မြေအောက် လှုပ်ရှားမှု ကွန်ယက်များ အထိ တပြိုင်တည်းလို ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။ ထိုအဖွဲ့များသည် သီးခြားစီ ရပ်တည် လှုပ်ရှားနေကြသော်လည်း ထိုအဖွဲ့များ၏ တခု တည်းသော ရပ်တည်ချက်သည် စစ်အာဏာသိမ်း အဖွဲ့ကို ဆန့်ကျင်ရေးပင် ဖြစ်သည်။ (သို့သော် ပြူစောထီး ခေါ်သည့် စစ်တပ်ကို အထောက်အကူ ပေးနေသော လက်နက်ကိုင် အဖွဲ့များ မပါဝင်ပေ)

၂၀၂၁ မေလ မှ စ၍ အမျိုးသား ညီညွတ်ရေး အစိုးရ National Unity Government (NUG) သည် ပြည်သူ ခုခံ တွန်းလှန်စစ်ကို ဆင်နွဲနိုင်ရန် People’s Defense Force (PDF) ကို စတင် ဖွဲ့စည်းလာခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံ အနှံ့အပြားတွင် မိမိတို့ အစီအစဉ်ဖြင့် ဖွဲ့စည်းထားပြီး ဖြစ်သည့် အဖွဲ့များသည်လည်း NUG နှင့် အတူ ရပ်တည်ကြောင်း ပြသသည့် အနေဖြင့် PDF များ အဖြစ် ပြောင်းလဲ ခေါ်ဝေါ်လာခဲ့ကြသည်။ လက်တွေ့ တွင်မူ NUG သည် အဆိုပါ အဖွဲ့များကို ထိန်းချုပ်နိုင်စွမ်း မရှိသေးဘဲ လက်နက် နှင့် အခြား ထောက်ပံ့ရေး ပစ္စည်း များကို မဆိုသလောက်သာ ပံ့ပိုးပေးနိုင်ခဲ့သည်။

ယခု တင်ပြမည့် အစီရင်ခံစာသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အာဏာသိမ်းမှု ကို မည်သို့မည်ပုံ တုန့်ပြန်ခဲ့သည် ဆိုသည်နှင့် ယင်းမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များ သည် မည်သည့် အကြောင်းခြင်းရာ များကို အခြေခံလာသည်များ အပေါ် စီစစ် သုံးသပ်ထားခြင်း ဖြစ်သည်။ ထို့အပြင် NUG ၊ စစ်တပ် တို့မှ ၎င်းတို့ နှင့် ထိတွေ့ဆက်ဆံနိုင်ရန် ကြိုးပမ်းခဲ့ကြပုံများ၊ ထိုသို့ ကြိုးပမ်းမှုများသည် အနာဂတ်တွင် နိုင်ငံ နှင့် တိုင်းရင်းသား ပြည်သူများ အပေါ် မည်သို့ မည်ပုံ သက်ရောက်မှု ရှိလာနိုင်သည့် အလားအလာများကိုလည်း သုံးသပ်သွားမည် ဖြစ်သည်။

ဤအစီရင်ခံစာသည် ၂၀၂၁ ဇွန်လ နှင့် နိုဝင်ဘာလ အတွင်း သုတေသန ပြုလုပ်၍ စုဆောင်းရရှိခဲ့သည့် အချက် အလက်များနှင့် မြန်မာ အရေး အပေါ် ICG ၏ နှစ်ပေါင်းကြာမြင့်စွာ ကွင်းဆင်း လေ့လာနေခဲ့မှုများ ကို အခြေခံ၍ ပြုစုထားခြင်း ဖြစ်သည်။ ကိုဗစ် ကပ်ရောဂါ နှင့် စစ်တပ်၏ အာဏာသိမ်းခဲ့မှုများ ကြောင့် ခရီးသွားလာ မှုကို တွင်တွင်ကျယ်ကျယ် မပြုလုပ်နိုင်တော့ဘဲ မိမိတို့ အရင်က ရှိခဲ့ပြီးသော ကွန်ယက်များ နှင့် အဝေးကသာ ဆက်သွယ်ပြီး အချက်အလက်များ စုဆောင်း ပြုစုခဲ့ရခြင်း ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။ ထိုအထဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ NUG၊ မြို့ပြ အဖွဲ့အစည်းများ၊ သုတေသီများ၊ အဓိက နေရာမှ လှုပ်ရှား နေကြသည့် လူပုဂ္ဂိုလ်များလည်း ပါဝင်သည်။

တော်လှန်ရေးကြီး မုချ အောင်ရမည်!!!
Hla Soewai

Zawgyi

အိုင္စီဂ်ီ အစီရင္ခံစာ

ယခု တင္ျပမည့္ အေၾကာင္းအရာသည္ နိုင္ငံတကာ အက်ပ္အတည္းမ်ား ေလ့လာေရး အဖြဲ႕ႀကီး International Crisis Group (ICG) မွ ရန္ကုန္၊ ဘန္ေကာက္ ႏွင့္ ဘရပ္ဆဲလ္ ရွိ အဖြဲ႕ဝင္မ်ား စုေပါင္း၍ ျမန္မာ၏ လက္ရွိ အက်ပ္အတည္းႀကီး အေပၚ ထဲထဲဝင္ဝင္ ေလ့လာၿပီး ၂၀၂၂ ဇန္နဝါရီ ၁၂ ရက္ ေန႔တြင္ စာမ်က္ႏွာ ၂၃ မ်က္ႏွာ ေက်ာ္ ရွည္လ်ားသည့္ အစီရင္ခံစာ ထုတ္ျပန္ထားျခင္း ကို ျပန္လည္ တင္ျပျခင္းသာ ျဖစ္သည္။

(၁) နိဒါန္း

(၂) အာဏာသိမ္းၿပီးေနာက္ လူမ်ိဳးစု ပဋိပကၡမ်ား

(က) ေရွ႕သို႔ လွမ္းထြက္လာေသာ KIO ႏွင့္ KNU

(ခ) ခ်င္း ႏွင့္ ကရင္နီ တိုင္းရင္းသား တို႔ စစ္ေျမျပင္သို႔ ျပန္လည္ ေရာက္ရွိလာျခင္း

(ဂ) ယာယီ ၿငိမ္သက္ေနေသာ ရခိုင္တပ္ေတာ္

(ဃ) ရွမ္းေျမာက္ စစ္မ်က္ႏွာ တြင္ အသံတိတ္ေနျခင္း

(၃) ညီညြတ္ေသာ တပ္ဦး ေပၚေပါက္လာနိုင္မည့္ အလားအလာ

(က) အလွမ္းေဝးေနဆဲ ျဖစ္ေသာ ဖက္ဒရယ္ အာမီ

(ခ) ယုံၾကည္၍ မရခဲ့သည့္ သမိုင္း အစဥ္အလာမ်ား

(ဂ) မတူ ကြဲျပားမႈ မ်ား ႏွင့္ ေသြးခြဲခံခဲ့ရျခင္းမ်ား

(ဃ) အလြတ္သေဘာ ဆက္ဆံေရးမ်ား

(င) အကန႔္အသတ္ထား၍ ဆက္ဆံလာျခင္း

(၄) တပ္မေတာ္၏ “ၿငိမ္းခ်မ္းေရး” ပလန္မ်ား

(က) ေထာက္ခံမႈ ရရန္ လုံးပမ္းလာျခင္း

(ခ) ရွင္လၽွက္ႏွင့္ ေသေနေသာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား

(င) အေပးအယူ အသစ္မ်ား ထြက္ေပၚလာဦးမည္ေလာ

(၅) ပဋိပကၡ အသစ္မ်ား ၾကား ေကြ႕ကာ ဝိုက္ကာ ရြက္လႊင့္ေနရျခင္း

(၆) နိဂုံး

အဆိုပါ အပိုင္းမ်ားကို က႑အလိုက္ ခြဲၿပီး ေန႔စဥ္ တင္ျပသြားပါမယ္။

#(၁) နိဒါန္း

၂၀၂၁ ေဖေဖၚဝါရီလ အာဏာသိမ္းယူခဲ့မႈသည္ ၂၀၁၁ ဩဂုတ္ လ ေနာက္ပိုင္း ပဋိပကၡမ်ား ႏွင့္ ေရာႁပြမ္းေနၿပီး ျဖစ္ေသာ ျမန္မာနိုင္ငံေရး မ်က္ႏွာစာ ကို အႀကီးအက်ယ္ ဆြဲကိုင္ လႈပ္ရမ္းလိုက္ျခင္းပင္ ျဖစ္သည္။ ထိုစဥ္အခ်ိန္ ၂၀၁၁ ဩဂုတ္လတြင္ သမၼတ ျဖစ္သူ ဦးသိန္းစိန္သည္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားကို အစပ်ိဳးလာခဲ့ခ်ိန္ လည္း ျဖစ္သည္။ စစ္တပ္မွ အာဏာမသိမ္းခဲ့မီ ကာလမ်ားတြင္ လက္နက္ကိုင္ တိုင္းရင္းသား အဖြဲ႕အစည္းေပါင္း ႏွစ္ဒါဇင္ခန႔္အျပင္ ျမန္မာ စစ္တပ္ႏွင့္ ပုံစံအမ်ိဳးမ်ိဳး ျဖင့္ ပတ္သက္ေနေသာ အင္အား အမ်ိဳးမ်ိဳး ရွိေနသည့္ လက္နက္ကိုင္ ျပည္သူ႔စစ္ အဖြဲ႕ေပါင္း ရာႏွင့္ခ်ီ၍ ရွိေနခဲ့ၿပီး ျဖစ္သည္။

ဆယ္စုႏွစ္ေပါင္းမ်ားစြာ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ က်ယ္က်ယ္ျပန႔္ျပန႔္ ရရွိေရး အတြက္ လက္နက္ကိုင္ ေတာ္လွန္ေန ၾကသည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕မ်ား ထဲမွ အမ်ားစုသည္ ဗဟို အစိုးရႏွင့္ နိုင္ငံေရးအရ ေဆြးေႏြးနိုင္ ေရး အတြက္ နိုင္ငံလုံးဆိုင္ရာ အပစ္အခတ္ ရပ္စဲေရး Nationwide Ceasefire Agreement (NCA) ကို လက္မွတ္ေရးထိုးျခင္း၊ အခ်ိဳ႕ကလည္း စစ္တပ္ႏွင့္ သီးျခား အပစ္အခတ္ရပ္စဲေရး ရရွိရန္ ေဆြးေႏြးျခင္း မ်ား ျပဳလုပ္လာၾက၍ စစ္တပ္ ႏွင့္ တိုက္ပြဲမ်ား ျဖစ္ပြားရာ ေဒသဟူ၍ အနည္းငယ္မၽွသာ က်န္ေပေတာ့သည္။ အထူးသျဖင့္ ရွမ္းျပည္ ေျမာက္ပိုင္း၊ ကခ်င္ ႏွင့္ ရခိုင္ ျပည္နယ္မ်ား ရွိ ရခိုင္ တပ္ေတာ္၊ TNLA ႏွင့္ MNDAA အဖြဲ႕မ်ားသာ စစ္တပ္ႏွင့္ တိုက္ပြဲမ်ား ဆက္လက္ ျဖစ္ပြားေနခဲ့သည္။

ထိုသို႔ ဆက္လက္ ျဖစ္ပြားေနေသာ ပဋိပကၡမ်ား လုံးဝ အဆုံးသတ္သြားနိုင္ရန္ ၿငိမ္းခ်မ္းသည့္ ေျဖရွင္းခ်က္မ်ိဳး ထြက္ေပၚလာနိုင္သည့္ အလားအလာသည္ လြန္စြာ နည္းပါးေနခဲ့သည္။ ျမန္မာ၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ မ်ားသည္ အာဏာမသိမ္းမီ ႏွစ္အတန္ၾကာကပင္ ဖုတ္လွိုက္ ဖုတ္လွိုက္ ျဖင့္ ရပ္တည္ေနခဲ့သည္။ တိုင္းရင္းသား လက္နက္ကိုင္ ဆယ္ဖြဲ႕သာ NCA ကို လက္မွတ္ေရးထိုးခဲ့ၾကသည္။ အဆိုပါ အဖြဲ႕မ်ားႏွင့္ ဖက္ဒရယ္ နိုင္ငံေရး စနစ္ တည္ေထာင္ရန္ ရည္ရြယ္သည့္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး သေဘာတူ စာခ်ဳပ္ ခ်ဳပ္ဆိုနိုင္ေရး ေဆြးေႏြးေနမႈ မ်ားသည္ ေရွ႕မတိုးနိုင္ ျဖစ္လာရသည္။

အာဏာသိမ္းလိုက္ျခင္းသည္ အဆိုပါ ရည္မွန္းခ်က္ အေကာင္အထည္ ေပၚလာနိုင္သည္ ဆိုေသာ အနည္းငယ္ မၽွသာ က်န္ရွိေတာ့သည့္ ေမၽွာ္လင့္ခ်က္မ်ားကို အၿပီးအပိုင္ ဖ်က္ဆီးလိုက္ျခင္းလည္း ျဖစ္ေပသည္။ သို႔ေသာ္ အာဏာသိမ္း အဖြဲ႕ ႏွင့္ လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားက NCA အေၾကာင္းကို လူသိရွင္ၾကား ထုတ္ျပန္ေသာ ေၾကညာခ်က္မ်ား တြင္ ရံဖါရံခါ ဆိုသလို ထည့္သြင္း ေဖၚၿပ သည္မ်ားေတာ့ ရွိခဲ့သည္။ ၎တို႔ အဓိက ေျပာလိုသည္က လက္ရွိတြင္ မည္မၽွပင္ အလားအလာ နည္းပါး ေနသည္ ဆိုျငားလည္း ထိုကဲ့သို႔ ေသာ သေဘာတူညီခ်က္မ်ိဳး ရရွိမည္ ဆိုက နိုင္ငံအတြင္း ျဖစ္ပြားေနေသာ ပဋိပကၡမ်ားကို အၿပီးအပိုင္ ေျဖရွင္းနိုင္စြမ္း ရွိလိမ့္မည္ဟူ၍ ျဖစ္သည္။

သို႔ေသာ္ တပ္မေတာ္သည္ ထိုကဲ့သို႔ေသာ သေဘာတူညီခ်က္မ်ိဳး ရရွိရန္ မည္သည့္ အခါမၽွ နိုင္ငံေရး အရ အေလ်ာ့ေပးခဲ့ျခင္းမ်ိဳး မရွိေပ။ ၎တို႔ အဖို႔က ထိုသို႔ ေဆြးေႏြးလိုသည့္ တိုင္းရင္းသား လက္နက္ကိုင္ မ်ား အဖို႔ အဖြဲ႕ကို ဖ်က္သိမ္းၿပီး လက္နက္အပ္ရန္ကိုသာ ဦးစားေပး ေျပာဆိုခဲ့ၾကသည္။

အာဏာသိမ္းၿပီး ရက္သတၱပတ္ အနည္းငယ္ အတြင္းမွာပင္ လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသား လက္နက္ကိုင္မ်ားက စစ္ေကာင္စီ ႏွင့္ ျပဳလုပ္ေနေသာ နိုင္ငံေရး ေဆြးေႏြးပြဲမ်ားကို ရပ္ဆိုင္းျပစ္လိုက္ၿပီး မၾကာမီမွာပင္ စစ္တပ္ ကို စတင္ တိုက္ခိုက္လာၾကသည္။ ဤကဲ့သို႔ အေျခအေနမ်ား ျဖစ္ေပၚလာခဲ့ျခင္းေၾကာင့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား ျပန္လည္ စတင္လာဖို႔ အေရးသည္ အခြင့္အလမ္း လြန္စြာ နည္းပါးသြားခဲ့ရၿပီ ျဖစ္သည္။ လက္မွတ္ေရးထိုးထားေသာ အဖြဲ႕မ်ားက စစ္ပြဲ အတြက္ ျပင္ဆင္လာၾကေလသည္။ ထိုအထဲတြင္ စစ္ေကာင္စီ ႏွင့္ ဆက္လက္ ေဆြးေႏြးလိုစိတ္ ရွိေနေသးသည့္ အဖြဲ႕မ်ားပင္ ၎တို႔ ေဒသခံမ်ားက လူႀကိဳက္ နည္းလာေနၿပီ ျဖစ္သည့္ စစ္ေကာင္စီ ႏွင့္ မပတ္သက္ရန္ ဖိအားေပးျခင္း ခံလာၾကရသည္။

အာဏာသိမ္းခဲ့မႈ ႏွင့္ ေနာက္ပိုင္း ၿငိမ္းခ်မ္းစြာ ဆႏၵျပမႈမ်ားကို အၾကမ္းဖက္ ႏွိပ္ကြပ္လာခဲ့ၿပီး ေနာက္တြင္ေတာ့ ပဋိပကၡ ျဖစ္ပြားခဲ့သည့္ မ်က္ႏွာစာသည္ အမ်ိဳးမ်ိဳး အဖုံဖုံ ေျပာင္းလဲသြားခဲ့ရၿပီ ျဖစ္သည္။ ထိုျဖစ္စဥ္မ်ားတြင္ ေျမျပန႔္ေန ဗမာ အမ်ားစု ပါဝင္သည့္ လက္နက္ကိုင္ အဖြဲ႕ႀကီး ေပၚေပါက္လာခဲ့ရသည္။ ေျမျပန႔္ေဒသမ်ားသည္ ဆယ္စုႏွစ္ေပါင္း မ်ားစြာ ၾကာေအာင္ လက္နက္ကိုင္ ပဋိပကၡမ်ား ကင္းရွင္းရာ ေဒသမ်ား ျဖစ္ခဲ့ေသာ္လည္း အႏွစ္ႏွစ္ အလလ မ်ိဳသိပ္ထားမႈမ်ား အား ျပန္၍ မီးေမႊးေပးလိုက္သလို ျဖစ္ခဲ့ရသည္။

အသစ္ ေပၚေပါက္လာေသာ လက္နက္ကိုင္ အဖြဲ႕မ်ားတြင္ စစ္သားမ်ားကို ခ်ဳံခို တိုက္ခိုက္ေနၾကသည့္ ေက်းလက္ ျပည္သူတို၏ လက္နက္ကိုင္ တပ္ဖြဲ႕မ်ားမွသည္ အာဏာသိမ္း အဖြဲ႕ တြင္ ပါဝင္ေနသည့္ အရာရွိမ်ားႏွင့္ ႐ုံးဌာန မ်ားကို ျပစ္မွတ္ထား တိုက္ခိုက္သည့္ ေျမေအာက္ လႈပ္ရွားမႈ ကြန္ယက္မ်ား အထိ တၿပိဳင္တည္းလို ေပၚေပါက္ လာခဲ့ျခင္း ျဖစ္သည္။ ထိုအဖြဲ႕မ်ားသည္ သီးျခားစီ ရပ္တည္ လႈပ္ရွားေနၾကေသာ္လည္း ထိုအဖြဲ႕မ်ား၏ တခု တည္းေသာ ရပ္တည္ခ်က္သည္ စစ္အာဏာသိမ္း အဖြဲ႕ကို ဆန႔္က်င္ေရးပင္ ျဖစ္သည္။ (သို႔ေသာ္ ျပဴေစာထီး ေခၚသည့္ စစ္တပ္ကို အေထာက္အကူ ေပးေနေသာ လက္နက္ကိုင္ အဖြဲ႕မ်ား မပါဝင္ေပ)

၂၀၂၁ ေမလ မွ စ၍ အမ်ိဳးသား ညီညြတ္ေရး အစိုးရ National Unity Government (NUG) သည္ ျပည္သူ ခုခံ တြန္းလွန္စစ္ကို ဆင္ႏြဲနိုင္ရန္ People’s Defense Force (PDF) ကို စတင္ ဖြဲ႕စည္းလာခဲ့သည္။ ထိုအခ်ိန္မွစ၍ နိုင္ငံ အႏွံ့အျပားတြင္ မိမိတို႔ အစီအစဥ္ျဖင့္ ဖြဲ႕စည္းထားၿပီး ျဖစ္သည့္ အဖြဲ႕မ်ားသည္လည္း NUG ႏွင့္ အတူ ရပ္တည္ေၾကာင္း ျပသသည့္ အေနျဖင့္ PDF မ်ား အျဖစ္ ေျပာင္းလဲ ေခၚေဝၚလာခဲ့ၾကသည္။ လက္ေတြ႕ တြင္မူ NUG သည္ အဆိုပါ အဖြဲ႕မ်ားကို ထိန္းခ်ဳပ္နိုင္စြမ္း မရွိေသးဘဲ လက္နက္ ႏွင့္ အျခား ေထာက္ပံ့ေရး ပစၥည္း မ်ားကို မဆိုသေလာက္သာ ပံ့ပိုးေပးနိုင္ခဲ့သည္။

ယခု တင္ျပမည့္ အစီရင္ခံစာသည္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕မ်ားက အာဏာသိမ္းမႈ ကို မည္သို႔မည္ပုံ တုန႔္ျပန္ခဲ့သည္ ဆိုသည္ႏွင့္ ယင္းမွ ထြက္ေပၚလာေသာ ဆုံးျဖတ္ခ်က္မ်ား သည္ မည္သည့္ အေၾကာင္းျခင္းရာ မ်ားကို အေျခခံလာသည္မ်ား အေပၚ စီစစ္ သုံးသပ္ထားျခင္း ျဖစ္သည္။ ထို႔အျပင္ NUG ၊ စစ္တပ္ တို႔မွ ၎တို႔ ႏွင့္ ထိေတြ႕ဆက္ဆံနိုင္ရန္ ႀကိဳးပမ္းခဲ့ၾကပုံမ်ား၊ ထိုသို႔ ႀကိဳးပမ္းမႈမ်ားသည္ အနာဂတ္တြင္ နိုင္ငံ ႏွင့္ တိုင္းရင္းသား ျပည္သူမ်ား အေပၚ မည္သို႔ မည္ပုံ သက္ေရာက္မႈ ရွိလာနိုင္သည့္ အလားအလာမ်ားကိုလည္း သုံးသပ္သြားမည္ ျဖစ္သည္။

ဤအစီရင္ခံစာသည္ ၂၀၂၁ ဇြန္လ ႏွင့္ နိုဝင္ဘာလ အတြင္း သုေတသန ျပဳလုပ္၍ စုေဆာင္းရရွိခဲ့သည့္ အခ်က္ အလက္မ်ားႏွင့္ ျမန္မာ အေရး အေပၚ ICG ၏ ႏွစ္ေပါင္းၾကာျမင့္စြာ ကြင္းဆင္း ေလ့လာေနခဲ့မႈမ်ား ကို အေျခခံ၍ ျပဳစုထားျခင္း ျဖစ္သည္။ ကိုဗစ္ ကပ္ေရာဂါ ႏွင့္ စစ္တပ္၏ အာဏာသိမ္းခဲ့မႈမ်ား ေၾကာင့္ ခရီးသြားလာ မႈကို တြင္တြင္က်ယ္က်ယ္ မျပဳလုပ္နိုင္ေတာ့ဘဲ မိမိတို႔ အရင္က ရွိခဲ့ၿပီးေသာ ကြန္ယက္မ်ား ႏွင့္ အေဝးကသာ ဆက္သြယ္ၿပီး အခ်က္အလက္မ်ား စုေဆာင္း ျပဳစုခဲ့ရျခင္း ျဖစ္သည္ဟု ဆိုရမည္ ျဖစ္သည္။ ထိုအထဲတြင္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕မ်ား၊ NUG၊ ၿမိဳ႕ၿပ အဖြဲ႕အစည္းမ်ား၊ သုေတသီမ်ား၊ အဓိက ေနရာမွ လႈပ္ရွား ေနၾကသည့္ လူပုဂၢိဳလ္မ်ားလည္း ပါဝင္သည္။

ေတာ္လွန္ေရးႀကီး မုခ် ေအာင္ရမည္!!!
Hla Soewai