ၾကားသိသမွ်

တော်လှန်ရေးပြီးသည့်နောက် ကိုယ့်ရပ်ကွက်ကို ခေါင်းမော့ရင်ကော့ ပြန်ချင်သည့် ကာချုပ်

တော်လှန်ရေးပြီးသည့်နောက် ကိုယ့်ရပ်ကွက်ကို ခေါင်းမော့ရင်ကော့ ပြန်ချင်သည့် ကာချုပ်

အောက်တွင်ရုပ်သံကြည့်ရန်

လူငယ်ဆန်ဆန် ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့သည့် လူငယ်လေးတစ်ယောက်ရဲ့ဘဝကို စစ်အာဏာသိမ်းမှုက ဘယ်လို အပြောင်းအလဲတွေ ဖြစ်စေခဲ့လဲ..။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင် လက်နက်ကိုင်တော်လှန်ရန်အတွက် လွတ်မြောက်နယ်မြေသို့ ထွက်လာပြီးနောက် သင်တန်းသားဘဝတွင် အလွဲအမှားများဖြင့် ပြဿနာများခဲ့သော်လည်း လက်ရှိတွင် ရှေ့တန်းစစ်မျက်နှာပြင်၌ လက်နက်ကိုင်တော်လှန်နေပြီဖြစ်သည်။

လက်နက်ကိုင်တော်လှန်နိုင်ရန် တောတွင်း ရောက်ရှိလာပြီးနောက် လူငယ်သဘာဝ အလွဲတွေ လုပ်ရင်း ကာချုပ်ဆိုသည့် နာမည်ပြောင်ကိုလည်း ရရှိခဲ့သေးသည်။


“သင်တန်းသားဘဝပြီးတော့ သင်တန်းဆရာကပြောတယ် မင်းတို့တွေသည် အရပ်သားမဟုတ်တော့ဘူး သာမန်ပြည်သူတစ်ယောက်မဟုတ်ဘူး၊ မင်းတို့တွေသည် နိုင်ငံအတွက် တာဝန်ထမ်းဆောင်နေတဲ့ တော်လှန်ရေးတပ်သားတွေ ဖြစ်သွားပြီ ဆိုပြီးတော့ ပြောတဲ့အချိန်ကတော့ ကိုယ့်ကိုယ်ကို ဂုဏ်ယူရဆုံးအချိန်ပဲ” ဟု ကာချုပ်က ပြောပြသည်။


သူဂုဏ်ယူရသည့် တော်လှန်ရေးရဲဘော်ဘဝတွင်ကြုံရသော အခက်အခဲများနှင့် အမှတ်တရများအကြောင်း အသေးစိတ်ကို ယခုတစ်ပတ် နွေဦးသူရဲကောင်းများအစီအစဉ်မှ တင်ဆက်ပေးလိုက်သည်။


အောက်တွင်ရုပ်သံကြည့်ရန်




