တနင်္သာရီတိုင်းတွင် သယံဇာတများ ထုတ်ရန် လုပ်ငန်းရှင်များခေါ်ရမည်ဟု စစ်ခေါင်းဆောင်ပြော
ကိုရွှေမြိတ်
တနင်္သာရီတိုင်း ခရိုင်သုံးခု စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး တွင်းထွက်လုပ်ငန်းများ လုပ်ကိုင်ရန် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ရမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်တွင် ထားဝယ်မြို့၌ ပြုလုပ်သည့် စစ်ခေါင်းဆောင်နှင့် တနင်္သာရီတိုင်းကို တာဝန်ယူထားသော စစ်တပ်
နောက်လိုက် အဖွဲ့များ တွေ့ဆုံစဉ် ထို့သို့ ပြောဆိုသွားခဲ့ခြင်း ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဌာနဆိုင်ရာများ ထံက သိ
ရသည်။
စစ်ခေါင်းဆောင်နှင့် ဖဒိုမန်းငြိမ်းမောင်အပါအဝင် အဖွဲ့ဝင်များသည် အဆိုပါနေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းရှိ ၎င်းတို့၏ နောက်လိုက်
အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ များနှင့် မြို့မိ၊ မြို့ဖများကို ထားဝယ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး
ခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
“တနင်္သာရီတိုင်းဒေသကြီး အတွင်း ငါးကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေကို အောင်မြင်အောင် လုပ်ဆောင်ဖို့ လိုပါတယ်။ နောက်ပြီး
ကျောက်မီး သွေး၊ သံရိုင်း၊ ထုံးကျောက်နဲ့ သဲ သယံဇာတတွေ များစွာ ရှိတဲ့ အတွက် စီးပွားရေး လုပ်ငန်းရှင်တွေကို သံမဏိ လုပ်ငန်း၊
ဘိလပ်မြေ လုပ်ငန်းနဲ့ ဖန်ချက် လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ အတွက် စိတ်ဝင်စားမှု ရှိပါက လုပ်ဆောင်နိုင်ရေး မည်သူမဆို ဖိတ်ခေါ်ရ
မယ်”ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
ထို့အပြင် ဒေသတွင်း လျှပ်စစ်ဖူလုံရေး အစိုးရက လုပ်ဆောင်ပေးမည် ဖြစ်သော်လည်း လျှပ်စစ် ဓာတ်အားခ သက်သာစေသည့် LED မီး
အမျိုးအစားများကို သုံးစွဲခြင်းဖြင့်လည်း လျှပ်စစ်ဓာတ်အား သုံးစွဲမှုများကို သက်သာအောင် တစ်ဖက်တစ်လမ်းက လုပ်ဆောင် နိုင်ရမည်ဟု
လည်း ၎င်းက ပြောဆိုခဲ့သည်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ထားဝယ် ခရီးစဉ်တွင် ထားဝယ်မြို့ခံများနှင့် ပြည်သူများက ထားဝယ်မြို့မှ ထွက်သွားပေး
ရန်နှင့် ထားဝယ်မြေကို မလာရန် စသည့် ကြွေးကြော်သံများဖြင့် ကန့်ကွက်ဆန္ဒ ပြကြသည်။
Zawgyi
တနသၤာရီတိုင္းတြင္ သယံဇာတမ်ား ထုတ္ရန္ လုပ္ငန္းရွင္မ်ားေခၚရမည္ဟု စစ္ေခါင္းေဆာင္ေျပာ
ကိုေရႊၿမိတ္
တနသၤာရီတိုင္း ခရိုင္သုံးခု စီးပြားေရး ဖြံ့ၿဖိဳး တိုးတက္ေရး တြင္းထြက္လုပ္ငန္းမ်ား လုပ္ကိုင္ရန္ လုပ္ငန္းရွင္မ်ားကို ဖိတ္ေခၚရမည္ဟု အာဏာသိမ္း စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္က ေျပာသည္။
ယမန္ေန႔ ဇန္နဝါရီလ ၁၃ ရက္တြင္ ထားဝယ္ၿမိဳ႕၌ ျပဳလုပ္သည့္ စစ္ေခါင္းေဆာင္ႏွင့္ တနသၤာရီတိုင္းကို တာဝန္ယူထားေသာ စစ္တပ္ေနာက္လိုက္ အဖြဲ႕မ်ား ေတြ႕ဆုံစဥ္ ထို႔သို႔ ေျပာဆိုသြားခဲ့ျခင္း ျဖစ္ေၾကာင္း ယင္းေဆြးေႏြးပြဲသို႔ တက္ေရာက္ခဲ့သည့္ ဌာနဆိုင္ရာမ်ား ထံက သိရသည္။
စစ္ေခါင္းေဆာင္ႏွင့္ ဖဒိုမန္းၿငိမ္းေမာင္အပါအဝင္ အဖြဲ႕ဝင္မ်ားသည္ အဆိုပါေန႔ နံနက္ပိုင္းတြင္ တနသၤာရီတိုင္းရွိ ၎တို႔၏ ေနာက္လိုက္ အဖြဲ႕ဝင္မ်ား၊ ခရိုင္၊ ၿမိဳ႕နယ္ အဆင့္ ဌာနဆိုင္ရာ မ်ားႏွင့္ ၿမိဳ႕မိ၊ ၿမိဳ႕ဖမ်ားကို ထားဝယ္ၿမိဳ႕ရွိ တိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံး အစည္းအေဝး ခန္းမ၌ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၾကျခင္း ျဖစ္သည္။
“တနသၤာရီတိုင္းေဒသႀကီး အတြင္း ငါးကို အေျခခံတဲ့ စက္မႈလုပ္ငန္းေတြကို ေအာင္ျမင္ေအာင္ လုပ္ေဆာင္ဖို႔ လိုပါတယ္။ ေနာက္ၿပီး ေက်ာက္မီး ေသြး၊ သံရိုင္း၊ ထုံးေက်ာက္နဲ႔ သဲ သယံဇာတေတြ မ်ားစြာ ရွိတဲ့ အတြက္ စီးပြားေရး လုပ္ငန္းရွင္ေတြကို သံမဏိ လုပ္ငန္း၊ ဘိလပ္ေၿမ လုပ္ငန္းနဲ႔ ဖန္ခ်က္ လုပ္ငန္းေတြကို လုပ္ေဆာင္ဖို႔ အတြက္ စိတ္ဝင္စားမႈ ရွိပါက လုပ္ေဆာင္နိုင္ေရး မည္သူမဆို ဖိတ္ေခၚရမယ္”ဟု စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္က ေျပာဆိုခဲ့သည္။
ထို႔အျပင္ ေဒသတြင္း လၽွပ္စစ္ဖူလုံေရး အစိုးရက လုပ္ေဆာင္ေပးမည္ ျဖစ္ေသာ္လည္း လၽွပ္စစ္ ဓာတ္အားခ သက္သာေစသည့္ LED မီး အမ်ိဳးအစားမ်ားကို သုံးစြဲျခင္းျဖင့္လည္း လၽွပ္စစ္ဓာတ္အား သုံးစြဲမႈမ်ားကို သက္သာေအာင္ တစ္ဖက္တစ္လမ္းက လုပ္ေဆာင္ နိုင္ရမည္ဟုလည္း ၎က ေျပာဆိုခဲ့သည္။
အာဏာသိမ္း စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္၏ ထားဝယ္ ခရီးစဥ္တြင္ ထားဝယ္ၿမိဳ႕ခံမ်ားႏွင့္ ျပည္သူမ်ားက ထားဝယ္ၿမိဳ႕မွ ထြက္သြားေပးရန္ႏွင့္ ထားဝယ္ေျမကို မလာရန္ စသည့္ ေႂကြးေၾကာ္သံမ်ားျဖင့္ ကန႔္ကြက္ဆႏၵ ျပၾကသည္။