ငုံးဥတွင် ကိုယ်ခန္ဓာအတွက် လိုအပ်သော အဟာရဓာတ် များစွာပါဝင်ပါသည်။
အမြင်အာရုံ မှုံဝါးခြင်းကို ကာကွယ်ပေးနိုင်သည့် ဒြပ်တစ်မျိုးပါဝင်သည်။
ဗိုက်တာမင် ဒီ လျှော့နည်းခြင်းကြောင့် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲ ခံစားတတ်သည့်
ကိုယ်ခံအား ကျဆင်းခြင်း၊ ဦးနှောက်နှင့် ပက်သက်သော ကစဉ့်ကလျား ဖြစ်ခြင်းများနှင့်
အရေပြား အစွန်း အကွက်များ ဖြစ်ခြင်းတို့ကို သက်သာစေပါသည်။
ထို့ပြင် အစာခြေအင်္ဂါ များနှင့် ပက်သက်သည့် မအီမသာ ခံစားရခြင်းများကို
ငုံးဥ နေ့စဉ်ပုံမှန် စားပေးခြင်းဖြင့် သက်သာစေနိုင်သည်။ ထိုသို့ ပုံမှန် စားပေးခြင်းဖြင့်
HIV / AIDS ရောဂါတို့တွင် CD4 ဆဲလ်များကို တိုးတက်စေသည်။
အရွယ်အစား က ကြက်ဥထက် သေးငယ်သော်လဲ အဟာရဓာတ် ပါဝင်မှုမှာ
ကြက်ဥထက် ၄ဆ ၅ဆခန့် ပိုမိုသည်။ ကိုယ်ခန္ဓာအတွက် ကောင်းမွန်သော ကိုလက်စရော များသာပါဝင်သည်။
ကိုယ်ဝန်ဆောင် မိခင်များ စားသုံးပေးရင် မမွေးသေးသော ကလေးငယ်အတွက် ရုပ်ပိုင်း၊စိတ်ပိုင်း ကို
ကောင်းမွန်တိုးတက်စေရန် ထောက်ပံ့ပေးပြီး နို့တိုက်မိခင်များ စားသုံးရင်တော့ မိခင်နို့ အရည်အသွေးကို
မြှင့်တင်ပေးကာ ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခံအားကို ကောင်းမွန်စေသည်။
ငုံး များ၏ ကိုယ်အပူချိန်ဟာ ကြက်တွေထက် ပိုမိုတဲ့အတွက် အစာအဆိပ်သင့် စေသော ပိုးမွှားများ မရှင်သန်နိုင်ပါဖူး။
ဒါကြောင့် ငုံးဥ စားသုံးလို့ ဓာတ်မတည့်သော ဝေဒနာများ မရရှိနိုင်ပါ။
ပြုတ်ခြင်း၊ မကျက်တကျက် ပြုတ်ခြင်း၊ ကြော်ခြင်း နှင့် အစိမ်းစားခြင်းတို့ကို မိမိ နှစ်သက် ဆန္ဒရှိသလို စားသောက်နိုင်ပါတယ်။
လူတစ်ဦးလျှင် ၃လုံးမှ ၅လုံးအထိ စားသုံးနိုင်သည်။ အကောင်းဆုံး
အကျိုးသက်ရောက်မှု ရနိုင်တာကတော့ အစိမ်း သောက်ခြင်းဖြစ်ပါတယ်။
အစိမ်းသောက်နိုင်သူတွေကတော့ ဇကာတခုခုထဲမှာ ငုံးဥကို ထဲ့ထားပြီး ရေနွေးလောင်းချပြီး ဆေးကြောပါ။
ပြီးရင်တော့ အစာအိမ်ထဲ အစာမရှိချိန် သောက်နိုင်ရင် ပိုကောင်းမွန်ပါတယ်။
အစိမ်းမသောက် နိုင်သူတွေကတော့ ငုံးဥကို ခွက်တခုခုထဲမှာ ထဲပြီး ရေနွေးဆူဆူကို လောင်းပါ။
၁၀ မိနစ်ခန့်ထားပြီး အခွံခွာကာ ဆားအနည်းငယ် ဖြူးပြီး စားသုံးနိုင်ပါတယ်။ အခွံကိုလဲ စားသုံးနိုင်ပါတယ်။
အခွံလေးများကို သီးသန့်စုထားပြီး ကြိတ်စက်ဖြင့် အမှုန့်ဖြစ်အောင် ပြုလုပ်ကာ ချက်ပြုတ်စားသောက်သည့်
မည်သည့် ဟင်းလျှာနှင့် မဆို ရောစပ်စားသုံးခြင်းဖြင့် အရိုးပွ ရောဂါအတွက် ကာကွယ် သက်သာ စေနိုင်သည်။
အမျိုးသမီးများအတွက်ကတော့ အစာအိမ်တွင်း အစာမရှိချိန်မှာ ငုံးဥ အစိမ်းကို တစ်လတိတိ သောက်သုံးပေးရင် မီးယပ်၊
ရာသီသွေး အချိန်မှန်ခြင်းနှင့် ယင်းနှင့် ပက်သက်သော ဝေဒနာများကို သက်သာစေပါတယ်။