ၾကားသိသမွ်

အသံဝင်ခြင်း အသံနာခြင်း များအတွက်လွယ်ကူရိုးရှင်းသည့်ဆေးနည်း

အသံဖြင့်ဘဝရပ်တည် အသက်မွေးဝမ်းကြောင်းပြုရသူတို့ အတွက် ဝမ်းမြောက်ဖွယ်သဘာဝဆေးနည်းလေးဖြစ်ပါသည်။

ဘဝတစ်လျှောက်ဖြတ်သန်းစဉ် အသံထုတ်ပြီး အလုပ်လုပ်ရသောသူများအသံဝင်၊အသံနာ၊ အသံမထွက်ဖြစ်တိုင်း

တင်ပြပါနည်းလမ်းလေးကို ပေးခဲ့ရာပျောက်ကင်းသည် ဆိုသောအဖြေတစ် ခုကျေနပ်ဖွယ်ရလဒ်ကြောင့်

ဝမ်းသာကြည်နူး မိသည်ကအမှန်ပင်ဖြစ်လေသည်။

မကြာသေးမီကပင် ကထိန်ပွဲအတွက်သံချပ်ထိုး သူတို့အလေ့အကျင့်လွန်၍အသံမထွက်တော့ချေ။

အောက်ဖေါ်ပြပါနည်းလေးဖြင့်မူလအသံပြန်ရပါသည်။

နည်းလမ်း

(၁) မုန်လာဥဖြူစိမ်း(၂)လုံးကို ပါးပါးလှီးပြီးထုချေ၍ အရည်ညှစ်ယူပါ။

လက်ဖက်ရည်အကြမ်းပန်းကန်(၂)လုံး စာလောက်ရအောင် ဆောင်ရွက်ပါ။

(၂)ထိုရရှိလာသော မုန်လာဥဖြူညှစ်ရည်လက်ဖက်ရည်ပန်းကန်(၂)လုံးနှင့်

ပျားရည်ဟင်းစားဇွန်း(၃)ဇွန်းရောသမပြီး နံက်တစ်ကြိမ်ညတစ်ကြိမ်သောက်ပေးလိုက်ပါ။

(၃) အသံဝင်၊အသံနာသူ၊အသံမထွက်သူတို့အတွက် ထိရောက်သောအကျိုး သက်ရောက်မှုအမှန်ရှိသွားပါလိမ့်မည်။

(၄) အသံဖြင့် အသက်မွေးဝမ်းပြုကြသူများ တစ်ပတ် လျှင်နှစ်ကြိမ်မျှ အထက်တင်ပြပါနည်း

လေးကိုပြုလုပ် သောက်သုံးပါက အသံပိုမိုကြည်လင်ကောင်မွန်ပါကြောင်း သိမီသမျှဝေငှလိုက်ပါသည်။