မြေပဲက မြန်မာနိုင်ငံသားတွေအတွက် ပေါပေါများများတွေ့နိုင်တဲ့ အခွံမာအစေ့ဖြစ်ပါတယ်။
မြန်မာတို့ရဲ့ နေ့စဉ်အစား အသောက်တွေမှာ အနံ့အရသာကောင်းလှတဲ့မြေပဲဆီက မပါမပြီးတဲ့ စားသုံးဆီပဲ မဟုတ်ပါလား။
မြန်မာတွေဟာ စားသုံးဆီအပြင် မြေပဲကို အချိုတွေနဲ့ရောစပ်ပြီး မုန်းပဲသရေစာ အဖြစ်လုပ်စားကြပါသေးတယ်။
တကယ်တော့မြေပဲဟာ ဓါတ်မတည့်သူတစ်ချို့ကလွဲရင်ကျန်စားသုံးသူတွေအတွက် ကျန်းမာရေးအကျိုးကျေးဇူး ရနိုင်ပါတယ်
(၁) စွမ်းအင်တွေရပါတယ်။
မြေပဲမှာ စွမ်းအင်အပြင် ဗီတာမင်နဲ့ ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ဇင့် ၊သံဓါတ်စတဲ့သတ္တု ဓါတ်တွေနဲ့ ခန္ဓာကိုယ် အတွက်လိုအပ်တဲ့
ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေများစွာပါဝင်ပါတယ်။ဒါကြောင့်အားကစားသမားတွေအတွက် အထူး သင့်တော်ပါတယ်။
( ၂)ဦးနှောက်အာရုံကြောတွေကို ကောင်းစေတယ်။
မြေပဲမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း Resveratrol က နာဗ်ကြောစနစ်ကို အားကောင်းစေ ပါတယ်။
ဒါကြောင့် အသက်ကြီးပိုင်းမှာဖြစ်တတ်တဲ့အယ်လဇိုင်းမားရောဂါမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
(၃)အရေပြားကို ချောမွေ့လှပစေပါတယ်။
မြေပဲမှာ အစွမ်းထက်ဓါတ်တိုးဆန့်ကျင်ပစ္စည်းအပြင် ဗီတာမင်Eလည်းကြွယ်ဝတဲ့အတွက် အသားအရေကို ချောမွေ့ လှပစေပါတယ်
(၄)ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။
မြေပဲမှာ ဗီတာမင်စီအပြင် အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ အယ်လ်အာဂျီနိုင်းပါ ပါဝင်တဲ့အတွက်
အမျိုးသမီးတွေ ဆံပင် ကျွတ်တာ၊အမျိုးသားတွေခေါင်းပြောင်တာကိုသက်သာစေပါတယ်။
(၅)ကိုယ်အလေးချိန်ကိုတိုးစေတယ်။
မြေပဲကိုပုံမှန်စားသုံးသူဟာတစ်ခါမှမစားသူံးသူထက်ကိုယ်အလေးချိန်ကိုတက်စေပါတယ်။
(၆)ကိုယ်ခန္ဓာကြီးထွားမှုကို အားပေးပါတယ်။
မြေပဲမှာပါဝင်တဲ့ မင်းဂနီး၊ကယ်လဆီယမ်၊ဇင့်နဲ့ သံဓါတ်တို့ဟာ ကိုယ်ခန္ဓာကြီးထွားမှုအတွက်မရှိမဖြစ်တဲ့ သတ္တု ဓါတ်တွေဖြစ်ကြပါတယ်။
ဒါ့အပြင် အမိုင်နိုအက်စစ် ပါဝင်တဲ့အတွက် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့နဲ့ပြန်လည်ပြုပြင်ပေးဖို့ အတွက်အထောက်အကူပြုပါတယ်။