ၾကားသိသမွ်

ညဘက်အိပ်တဲ့အခါ သွားရည်ကျတတ်တဲ့ အကျင့်ကို ဘယ်လိုပြင်ယူကြမလဲ

သွားရည်ကျတယ်ဆိုတာဟာ လူတစ်ယောက်ရဲ့ အာခံတွင်းထဲမှာ သွားရည်ပမာဏ အမြောက်အများ ဖြစ်လာပြီး တခါတလေမှာ ပြုလုပ်တတ်လေ့ ရှိပါတယ်။

ဒါပေမယ့် ဒီလိုမျိုးသွားရည်ကျတတ်တဲ့ အကျင့်ဟာ ပုံမှန်နဲ့ အလွန်အကျွံ ဖြစ်လာတဲ့ အခါမှာတော့ ရောဂါတစ်ခုခု

သို့မဟုတ် ခန္ဓာကိုယ်အတွင်းမှာ ပုံမမှန်တဲ့ အခြေအနေမျိုး ဖြစ်နေပြီဆိုတာကို ပြသနေတဲ့ လက္ခဏာပါပဲ။

ဒါကြောင့် ဒီလိုမျိုး သွားရည်ကျရခြင်းရဲ့ နောက်ကွယ်မှာ ဘယ် လိုအကြောင်းအရင်းတွေရှိနေမလဲ ရပ်တန့်အောင် ဘယ်လိုတွေလုပ်ဆောင်နိုင်လဲဆိုတဲ့

နည်းလမ်းတွေကို အခုပဲ ဖော်ပြပေးလိုက်ရပါတယ်။

ဘာကြောင့် သွားရည်ကျတာလဲ

အိပ်စက်တဲ့အခါ ကျွနုပ်တို့ရဲ့ မျက်နှာကြွက်သားများဟာ အကုန်ပြေလျော့သွားပါတယ်။ သွားရည်ဆိုတာဟာ အိပ်နေတဲ့အချိန် ပါးစပ်ထဲမှာ

စုပြုံလာတဲ့အတွက် အတန်ငယ်ဟနေတဲ့ ပါးစပ်နားမှနေပြီး အပြင်ဖက်ကို ဖြည်းဖြည်းချင်း စီးကျသွားပါတယ်။

ဒါကြောင့် ခေါင်းအုံးတွေမှာ သွားရည်တွေပေကုန်ပြီး ဘယ်လိုမှ သက်သောင့်သက်သာ အိပ်စက်လို့မရအောင် ဖြစ်စေနိုင်ပါတယ်။

သွားရည် အလွန်အကျွံ စီးကျခြင်းဟာ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုခုရဲ့ လက္ခဏာဖြစ်နိုင်သလို နှာခေါင်းအတွင်းမှာ ပြည့်ကျပ်မှု၊

ပိတ်ဆို့မှုတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် လေဖြတ်ရောဂါရှိတဲ့ သူများဟာဆိုရင် သာမန်လူများထက် ပိုပြီး သွားရည်ပိုမို စီးကျနိုင်ပါတယ်။

သွားရည်မကျအောင် ဘယ်လိုရပ်တန့်မလဲ

၁။ နှာလမ်းကြောင်းကို ရှင်းလင်းပါ

သွားရည်ကျရတဲ့ အကြောင်းအရင်းများထဲမှာ နှာခေါင်းပိတ်တာလည်း တခု အပါအဝင်ပါပဲ။ နှာခေါင်းပိတ်နေတဲ့အတွက် ပါးစပ်မှ

အသက်ရှူရတဲ့အခါ သွားရည်ကျလာနိုင်ပါတယ်။

နှာလမ်းကြောင်း မပိတ်အောင် သန့်ရှင်းပေးခြင်းဖြင့် ညညတွေမှာ သွားရည်တွေ ခေါင်းအုံးမှာ မပေအောင် လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။

အောက်ဖော်ပြနည်းလမ်းတွေကို နှလမ်းကြောင်း မပိတ်ဖို့အတွက် လုပ်ဆောင်နိုင်ပါတယ်။

ရေပူပူလေးနဲ့ ရေချိုးပေးခြင်းဟာ နှာလမ်းကြောင်းကို ရှင်းလင်းပေးပြီး ညဖက်အချိန်မှာ ပုံမှန်အသက်ရှူမှုကို ဖြစ်စေပါတယ်

ရနံ့အဆီများ အထူးသဖြင့် ယူကလစ်ပါဝင်တဲ့အဆီများက ပိုပြီးတော့ လွတ်လွတ်လပ်လပ် အသက်ရှူနိုင်အောင်နဲ့ ပိုမိုကောင်းမွန်စွာ

အိပ်စက်နိုင်အောင် ကူညီပေးပါတယ်

နှာလမ်းကြောင်းကို ရှင်းလင်းပေးတဲ့ ဆေးပစ္စည်းများကိုအသုံး ပြု ခြင်းဖြင့်လည်း နှာပိတ်တာကို ပွင့်သွားစေပြီး လေဝင်လေထွက် ပိုမိုကောင်းမွန်စေပါတယ်

၂။ အိပ်စက်တဲ့ပုံစံကို ပြောင်းလဲပါ

တစ်ညလုံး ပုံစံတစ်မျိုးထဲနဲ့ အိပ်ဖို့အတွက် အခက်အခဲရှိနေတယ်ဆိုရင် ခန္ဓာကိုယ်ကို တည်ငြိမ်မှုရှိစေဖို့အတွက် တစ်ခုခုနဲ့ ထွေးထားလိုက်ပါ။

၃။ ကိုယ်အလေးချိန် လျော့ချပါ

ပိန်ခြင်းဝခြင်းကလည်း ညဖက်အိပ်စက်မှုပေါ်မှာ သက်ရောက်နေပါတယ်။ အမေရိကန်နိုင်ငံရှိ လူဦးရေထက်ဝက်ခန့်ဟာ ညဖက်အိပ်စက်ရာမှာ

အခက်အခဲရှိတာကြောင့် ကိုယ်အလေးချိန် တက်ကြတာများပါတယ်။

၄။ ခေါင်းကိုမြင့်မြင့်ထားပါညဖက်အိပ်တဲ့အခါ ခေါင်းအုံးမြင့်မြင့်ကို အသုံးပြုခြင်းက သွားရည်ကျခြင်းကို သက်သာစေပါတယ်။

ဒါကြောင့် ညအိပ်ရာမဝင်ခင် ခေါင်းအုံးကို မြင့်မြင့်ထားဖို့ သတိရပြီး လှဲလျောင်းတဲ့ အခါမှာလည်း သက်သောင့်သက်သာရှိအောင် လုပ်ပါ။