မင်္ဂလာ ပါ ပရိတ်သတ် ကြီး တို့ ရေ
ပြေတီဦးရဲ့ ငယ်ဘဝကအကြောင်းတွေနဲ့ ငယ်ဘဝဓတ်ပုံများ မျှဝေလာတဲ့ ပြေတီဦးရဲ့ညီမဖြစ်သူ ငွေတီဦး
သရုပ်ဆောင် မင်းသား ပြေတီဦး ကတော့ လက်ရှိ အင်းစိန်ထောင် ထဲမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်နော်။ ပြေတီဦး ရဲ့ မိဘများဟာ အသက် အရွယ် ကြီးမြင့်နေပြီ ဖြစ်တာကြောင့် သားအတွက် စိတ်ပူနေကြတာလည်း ဖြစ်ပါတယ်နော်။မနေ့က အူဝဲလွတ်လာပြီဆိုပြီး သတင်းတွေ ထွက်ခဲ့ပေမယ့်
ကောလ ဟာလ တွေသာ ဖြစ်တယ်လို့လည်း မိသားစုဝင်များမှ ပြန်ဖြေရှင်းထားတာပါနော်။
ပြေတီဦး တွင် အကြီးဆုံး အစ်မ ဆွီတီဦးနဲ့ အငယ်ဆုံး ညီမလေး ငွေတီဦး ဆိုပြီး ရှိပါသေးတယ်နော်။ ငွေတီဦး ကတော့ ပြေတီဦးရဲ့
ကလေးဘဝက အမှတ်တရတစ်ခုကို ပြောပြလာပါပြီ။သူတို့ငယ်ငယ်တုန်းက မောင်နှမနှစ်ယောက် အရမ်းချစ်ခဲ့ကြတာကိုလည်း ဖတ်ရှုပေးကြပါဦး။
ငယ်ငယ် တုန်းက သူ ဆုယူရင် ဘေးက လိုက်ပီး သူရတဲ့ ဆုတွေ လိုက်သယ် ရတယ် ကြီးတော့ သူ့ကိုပေးတဲ့ ပန်းတွေလိုက် သယ်ရ ပြန်ရော
မေမေ တစ်လတစ်ခါ ရန်ကုန်သွားရင် မေမေ့ ကိုလွမ်းရင်း မောင်နှမနှစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန်တွေကို သတိရမိတယ်။
အဲ့တုန်းက ကိုယ်က သူငယ်တန်းတောင် မရောက်သေးတဲ့ လက်ဖက်မစား ကွမ်းမစား အပျော်တက် တုန်း
ဆရာကြီးရယ် ကိုကြီး မျက်နှာလေး ကြည့်ပါ ရစေ ဆိုပြီး သူ့အတန်းကို သွားချောင်း ခဲ့ရဘူးတယ်။
သူကလည်း မေမေ့ ကိုလွမ်းလို့ မျက်ရည်တွေ ကျတော့ ဆရာမက ဘာဖြစ်လို့လဲ မေးတာပေါ့။
မေမေ့ကို လွမ်းလို့ဆိုတော့ မေမေ သွား တာ ညီမလေးရောပါလားဆိုပြီး ဆရာမက သူ့ကို မေးတယ်။
ဟင့်အင်း ညီမလေးလည်း မပါဘူး ဆိုတော့ ညီမလေး ကိုတောင် ထားခဲ့တာ မင်းက ငိုနေစရာလား ဆိုပီး
ဇာတ်ပိုးကို ရိုက်လိုက်တာ နှဖူးနဲ့ ခုံစောင်းနဲ့ ရိုက်မိလို့ ဒဏ်ရာရပါရော။
ဒဏ်ရာ နဲ့ပြန်လာတဲ့ သားကိုမြင်ပြီး ဖေဖေက ဒေါသထွက်ရောပေါ့။ ဒီလောက်တောင် လုပ်ရလားဆိုပီး ဆရာမကို စိတ်တို တာပါ။
ဘာရယ်မဟုတ်ဘူး မန်မိုရီပြန်တက် လာတော့ ငယ်ငယ်တုန်းက အကြောင်းတွေခေါင်းထဲ ပြန်ရောက်လာလို့ ငွေတီဦးမှ ရေးထားပါတယ်။
စာကို ဖတ်ရှု့ ပေးတဲ့ ပရိတ်သတ် ကြီး တို့လည်း ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ ကျပြီး
လိုအင် ဆန္ဒ များလည်း အမြန် ဆုံးပြည့်ကျ ပါစေ လို့ ဆုမွန် ကောင်း တောင်း ပေး လိုက် ပါတယ်။