ၾကားသိသမွ်

ဦးထုတ်နီ သူရဲကောင်း (သို့မဟုတ်) ဗိုလ်စောစလုံး

ဦးထုတ်နီ သူရဲကောင်း (သို့မဟုတ်) ဗိုလ်စောစလုံး

လူတွေက ထင်တစ်လုံးနဲ့ ဖြစ်ရပ်မှန်တွေမသိပဲ

ကိုယ်ထင်တာ ပြောတက်ကြလို့ပါ။

ကရင်ပြည်နယ် ဒေါန တောင် အခြမ်းမှာ

DKBA ဆိုတဲ့ နာမည်နဲ့ ​ တို့တွေကို တိတ်တိတ်လေး

ကူညီပေးနေခဲ့သူပါ။


ပျော်ပျော်နေတက်တယ် စိတ်သဘောထားကောင်းမွန်သူပါ။

သူပြောနေကြ စကားရှိတယ် အချိန်မတန်ခင်

ကိုယ်ဘာလုပ်နေလဲ ဘယ်သူမှ သိစရာမလိုဘူး

ဘုရားသိတယ် သစ္စာ သိတယ် ဒါဆိုရပြီလို့

မကြာခဏ သင်ပေးခဲ့တယ်။


အခုလည်း အချိန်တခု မှာမြန်မြန်ဆန်ဆန်နဲ့

ထိထိရောက်ရောက် အလုပ်တွေလုပ်နိုင်ဖို့

ဘောသမား စကားနဲ့ ပြောရ ရင် သူအချိန်ဆွဲ

ကန်ပေးခဲ့တယ် ။

တို့ဆီမှာ လက်နက်အင်အား လူအင်အား မပြည့်စုံသေးခင်မှာ စိတ်လိုက်မာန်ပါ မလုပ်နဲ့ တစ်ကယ်မြေပြင်

တိုက်ပွဲ ရောက်ရင် ငါကိုယ်တိုင်ဦးဆောင်ပြီး မင်းတို့နဲ့

အတူတူ တိုက်ပွဲ ဝင်မယ်တဲ့

သူ့စကားအတိုင်း ကတိအတိုင်း အခုလက်ရှိ

ရှေ့တန်း စစ်မျက်နာပြင်မှာ အသက်ကိုပဓာန

မထား ရဲရင့်စွာတိုက်ပွဲ ဝင်နေသူပါ။

တစ်သက်မှာ တခါပဲသေရတယ်

သေတဲ့အခါ အများအတွက် ပြည်သူအတွက်ဆို

ငါသေပျော်ပြီတဲ့။


EAOs တွေရဲ့ ယုံကြည်မှု့ကို ရဖို့ဆိုတာ

လက်တွေ့ဆန်သော လုပ်ရပ်တွေ ရှိမှ သူတို့ယုံကြည်ကြတယ် တချို့တွေ ဘာအလုပ်မှ မလုပ်ပဲ ဟန်ပြ လုပ်စား

သွားကြတယ် ခုတုံး လုပ်သွားကြတယ်။

ကျုပ်တို့အလုပ်နဲ့ သက်သေ ပြခဲ့လို့ GZ တွေရဲ့

စိတ်ဓာတ်နဲ့ သတ္တိကို လေးစား အားကျလို့

NCA ကိုဖောက်ဖျက်ပြီး ပြည်သူ့ဘက်ရပ်တည်

နေတဲ့ရှေ့တန်းရောက် ဗိုလ်မှူး စောစလုံးကို

အလေးပြုရင်း စစ်ကျွန်ဘဝ လွတ်မြောက်အောင်

အတူတူ ကြိုးစားကြပါစို့

မိသင်း(ဆင်ဖြူ)






ကူညီပေးနေခဲ့သူပါ။






မကြာခဏ သင်ပေးခဲ့တယ်။




ကန်ပေးခဲ့တယ် ။










ငါသေပျော်ပြီတဲ့။











မိသင်း(ဆင်ဖြူ)
Credit; Source& Photo