ၾကားသိသမွ်

နိုင်ငံတကာဖိအားတွေကို အလေးမထားတဲ့ပုံစံမျိုး စစ်ကောင်စီပြော

နိုင်ငံတကာဖိအားတွေကို အလေးမထားတဲ့ပုံစံမျိုး စစ်ကောင်စီပြော

■ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်ရဲ့ခရီးစဉ် ပြီးဆုံးသွား ပေမယ့် နိုင်ငံတကာဖိအားတွေ ဆက်ရှိနေတဲ့အပေါ် ဖိအားတွေကြောင့် ပိပြားကြေးဆို လွတ်လပ်ရေးရခဲ့မှာ မဟုတ်ဘူးလို့ နိုင်ငံတကာဖိအားတွေကို အလေးမထားတဲ့ပုံစံမျိုး စစ်ကောင်စီဘက်က ပြောဆိုလိုက်ပါတယ်။

ဇန်နဝါရီလ ၁၄ ရက် ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာ ဖြစ်ပါတယ်။

“ဖိအားပေးနေတဲ့သူတွေကလည်း ဖိအားဆက်ပေးနေမယ်၊ နိုင်ငံကို မြှင့်တင်ပေးနေတဲ့ နိုင်ငံတွေကလည်း ဆက်မြင့်တင်ပေးနေမှာပဲဖြစ်ပါတယ်၊ ပြောရမယ်ဆိုရင်တော့ ဒီဖိအားတွေကြောင့်သာ ပိပြားကြေးဆို ရင်တော့ မြန်မာနိုင်ငံသည် နိုင်ငံတစ်ခုအဖြစ်တောင် လွတ်လပ်ရေးရမှာ မဟုတ်တဲ့အပြင် နိုင်ငံမြေပုံ ဟာလည်း ဒီအနေအထားအတိုင်း ဆက်ရှိစရာအကြောင်းမရှိပါဘူး”


တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်ဆံကြတဲ့အခါ ကိုယ့်နိုင်ငံအပေါ် အကျိုးရှိမယ့် ကိုယ့်နိုင်ငံအပေါ် မှန်ကန်စွာ ရှုမြင်နိုင်တဲ့နိုင်ငံတွေကို ပိုမိုဆက်ဆံသွားမယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၈ ရက်နေ့အထိ မြန်မာပြည်ခရီးစဉ်အတွင်း နှစ်နိုင်ငံလုံးအတွက် ကောင်းမွန်တဲ့ရလဒ်တွေ ရရှိခဲ့တယ်လို့လည်း စစ်ကောင်စီဘက်က ပြောပါတယ်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလို ပြောနေပေမဲ့ စစ်ကောင်စီကို မျက်နှာသာပေးဆက်ဆံခဲတဲ့ အာဆီယံဥက္ကဋ္ဌ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်ကြောင့် အာဆီယံအဖွဲ့အတွင်း သဘောထားကွဲမှုတွေဖြစ်ခဲ့ပြီး အခုလ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ရက်ရွှေ့ဆိုင်းလိုက်ရပါတယ်။

အာဆီယံအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ အင်နီရှားနိုင်ငံခေါင်းဆောင်တွေက လူကိုယ်တိုင် တက်ရောက်ဖို့ စီစဉ်ထားတဲ့ အဲဒီအစည်းအဝေးကို ကိုဗစ်တားဆီးရေး အကြောင်းပြချက်နဲ့ မလာရောက်နိုင်ကြောင်း တုံ့ပြန်လာတာမို့ အစည်းအဝေး ရက်ရွှေ့လိုက်ရတာလို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံပူးတွဲ သတင်းထုတ်ပြန်ချက်ထဲမှာလည်း တိုင်းရင်သားလက်နက်ကိုင် (EAO) တွေနဲ့ အပစ်အခတ် ရပ်စဲကြောင်း ကြေညာချက်ကို ၂၀၂၂ နှစ်ကုန်အထိ ထပ်မံတိုးမြှင့်ဖို့ သဘောတူခဲ့တာ၊ သက်ဆိုင်သူအားလုံးက အပစ်အခတ်ရပ်စဲမှု လက်ခံဖို့ အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ်ဖို့ တတ်နိုင်သမျှ ထိန်းသိမ်းဖို့ စတဲ့တောင်း ဆိုတာတွေ ပါဝင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးတဲ့အခါ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပါဝင်ဖို့နဲ့ လူသားချင်စာနာမှု အကူအညီတွေ လိုအပ်သူတွေထံ မြန်မြန်ရောက်ရှိရေး နှစ်နိုင်ငံကြားမှာ အစည်းအဝေးတွေလုပ်ဖို့ သဘောတူညီမှုတွေရခဲ့ပါတယ်။
အာဆီယံဘုံသဘောတူညီချက် ငါးချက်ကိုလည်း မြန်မာဘက်က ဆက်လက်အကောင်အထည်သွားမှာဖြစ်ပြီး ကမ္ဘောဒီယားရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အတွေ့အကြုံယူသွားမယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောဆိုခဲ့ပါတယ်။ RFA

Zawgyi

နိုင္ငံတကာဖိအားေတြကို အေလးမထားတဲ့ပုံစံမ်ိဳး စစ္ေကာင္စီေျပာ

■ ျမန္မာနိုင္ငံကို လာေရာက္လည္ပတ္ခဲ့တဲ့ ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ မစၥတာဟြန္ဆန္ရဲ့ခရီးစဥ္ ၿပီးဆုံးသြား ေပမယ့္ နိုင္ငံတကာဖိအားေတြ ဆက္ရွိေနတဲ့အေပၚ ဖိအားေတြေၾကာင့္ ပိျပားေၾကးဆို လြတ္လပ္ေရးရခဲ့မွာ မဟုတ္ဘူးလို႔ နိုင္ငံတကာဖိအားေတြကို အေလးမထားတဲ့ပုံစံမ်ိဳး စစ္ေကာင္စီဘက္က ေျပာဆိုလိုက္ပါတယ္။

ဇန္နဝါရီလ ၁၄ ရက္ ဒီေန႔ ေနျပည္ေတာ္မွာျပဳလုပ္တဲ့ အာဏာသိမ္းစစ္ေကာင္စီရဲ့ သတင္းစာရွင္းလင္းပြဲမွာ စစ္ေကာင္စီေျပာခြင့္ရ ျပန္ၾကားေရး ဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာခဲ့တာ ျဖစ္ပါတယ္။

“ဖိအားေပးေနတဲ့သူေတြကလည္း ဖိအားဆက္ေပးေနမယ္၊ နိုင္ငံကို ျမႇင့္တင္ေပးေနတဲ့ နိုင္ငံေတြကလည္း ဆက္ျမင့္တင္ေပးေနမွာပဲျဖစ္ပါတယ္၊ ေျပာရမယ္ဆိုရင္ေတာ့ ဒီဖိအားေတြေၾကာင့္သာ ပိျပားေၾကးဆို ရင္ေတာ့ ျမန္မာနိုင္ငံသည္ နိုင္ငံတစ္ခုအျဖစ္ေတာင္ လြတ္လပ္ေရးရမွာ မဟုတ္တဲ့အျပင္ နိုင္ငံေျမပုံ ဟာလည္း ဒီအေနအထားအတိုင္း ဆက္ရွိစရာအေၾကာင္းမရွိပါဘူး”

တစ္နိုင္ငံနဲ႔ တစ္နိုင္ငံ ဆက္ဆံၾကတဲ့အခါ ကိုယ့္နိုင္ငံအေပၚ အက်ိဳးရွိမယ့္ ကိုယ့္နိုင္ငံအေပၚ မွန္ကန္စြာ ရႈျမင္နိုင္တဲ့နိုင္ငံေတြကို ပိုမိုဆက္ဆံသြားမယ္လို႔လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုပါတယ္။

အာဆီယံအလွည့္က်ဥကၠ႒ တာဝန္ယူထားတဲ့ ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ့ ဒီဇင္ဘာလ ၇ ရက္ေန႔ကေန ၈ ရက္ေန႔အထိ ျမန္မာျပည္ခရီးစဥ္အတြင္း ႏွစ္နိုင္ငံလုံးအတြက္ ေကာင္းမြန္တဲ့ရလဒ္ေတြ ရရွိခဲ့တယ္လို႔လည္း စစ္ေကာင္စီဘက္က ေျပာပါတယ္။
ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက အခုလို ေျပာေနေပမဲ့ စစ္ေကာင္စီကို မ်က္ႏွာသာေပးဆက္ဆံခဲတဲ့ အာဆီယံဥကၠ႒ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ့ ခရီးစဥ္ေၾကာင့္ အာဆီယံအဖြဲ႕အတြင္း သေဘာထားကြဲမႈေတြျဖစ္ခဲ့ၿပီး အခုလ ၁၇ ရက္နဲ႔ ၁၈ ရက္ေန႔ေတြမွာက်င္းပဖို႔ စီစဥ္ထားတဲ့ အာဆီယံနိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးကို ရက္ေရႊ႕ဆိုင္းလိုက္ရပါတယ္။

အာဆီယံအင္အားႀကီးနိုင္ငံေတြျဖစ္တဲ့ မေလးရွားနဲ႔ အင္နီရွားနိုင္ငံေခါင္းေဆာင္ေတြက လူကိုယ္တိုင္ တက္ေရာက္ဖို႔ စီစဥ္ထားတဲ့ အဲဒီအစည္းအေဝးကို ကိုဗစ္တားဆီးေရး အေၾကာင္းျပခ်က္နဲ႔ မလာေရာက္နိုင္ေၾကာင္း တုံ႔ျပန္လာတာမို႔ အစည္းအေဝး ရက္ေရႊ႕လိုက္ရတာလို႔ နိုင္ငံတကာသတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ႏွစ္နိုင္ငံပူးတြဲ သတင္းထုတ္ျပန္ခ်က္ထဲမွာလည္း တိုင္းရင္သားလက္နက္ကိုင္ (EAO) ေတြနဲ႔ အပစ္အခတ္ ရပ္စဲေၾကာင္း ေၾကညာခ်က္ကို ၂၀၂၂ ႏွစ္ကုန္အထိ ထပ္မံတိုးျမႇင့္ဖို႔ သေဘာတူခဲ့တာ၊ သက္ဆိုင္သူအားလုံးက အပစ္အခတ္ရပ္စဲမႈ လက္ခံဖို႔ အၾကမ္းဖက္လုပ္ရပ္ေတြ အဆုံးသတ္ဖို႔ တတ္နိုင္သမၽွ ထိန္းသိမ္းဖို႔ စတဲ့ေတာင္း ဆိုတာေတြ ပါဝင္ပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႔ ေဆြးေႏြးတဲ့အခါ ျမန္မာနိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ ပါဝင္ဖို႔နဲ႔ လူသားခ်င္စာနာမႈ အကူအညီေတြ လိုအပ္သူေတြထံ ျမန္ျမန္ေရာက္ရွိေရး ႏွစ္နိုင္ငံၾကားမွာ အစည္းအေဝးေတြလုပ္ဖို႔ သေဘာတူညီမႈေတြရခဲ့ပါတယ္။

အာဆီယံဘုံသေဘာတူညီခ်က္ ငါးခ်က္ကိုလည္း ျမန္မာဘက္က ဆက္လက္အေကာင္အထည္သြားမွာျဖစ္ၿပီး ကေမၻာဒီယားရဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို အေတြ႕အၾကဳံယူသြားမယ္လို႔ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း က ေျပာဆိုခဲ့ပါတယ္။ RFA