ၾကားသိသမွ်

ထွန်းမင်းနိုင်(ခေါ်)ဆူလေမန် ရဲ့ One Championship ပွဲဦးထွက်မှာ ရှုံးပွဲမရှိသေးတဲ့ ထိုင်းဖိုက်တာကို အလဲထိုးဖြင့် အနိုင်ရ

ထွန်းမင်းနိုင်၏ One Championship ပွဲဦးထွက်၌ ပြိုင်ဘက်ကို အလဲထိုးဖြင့် အနိုင်ရ

လက်ဝှေ့ချန်ပီယံဟောင်း ထွန်းထွန်းမင်းရဲ့ညီဖြစ်သည့် ထွန်းမင်းနိုင် (ခေါ်) Suleiman သည် ယမန်နေ့(မတ် ၁၇ ရက်) ညပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပသည့် One Championship ၏ Friday Fight 9 ပွဲဦးထွက်ပွဲတွင် ပြိုင်ဘက်ကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာကိုယ်စားပြုအဖြစ် ထိုးသတ်ခဲ့သည့် အသက် (၁၉) နှစ်အရွယ် ထွန်းမင်းနိုင်သည် ရှုံးပွဲမရှိဆက်တိုက်အနိုင်ရရှိထားသည့် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ Chaongoh (ချောင်ကော့) ကို ဒုတိယအချီတွင် ထောက်လက်သီးများဖြင့် အလဲထိုး အနိုင်ရခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်ကို မြန်မာနိင်ငံကအားပေးတဲ့ ပရိသတ်တွေနဲ့ ရုံထိလာရောက်အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော် အများကြီးကြိုးစားရဦးမယ်။ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပွဲဦးထွက်မှာနိုင်လို့ အရမ်းကိုဝမ်းသာပါတယ်” ဟု

ထွန်းမင်းနိုင် က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

Photo & Video Credit –