ၾကားသိသမွ်

အရက်နဲ့ ဝမ်းနှုတ်ဆေးပုလင်း မှားသောက်မိတဲ့ ကင်းတာဝန်ကျစ-စ်သားတစ်ယောက် ရန်ကုန်ဆေးရုံကြီးရောက်

အရက်နဲ့ ဝမ်းနှုတ်ဆေးပုလင်း မှားသောက်မိတဲ့ စစ်သားတစ်ယောက် ရန်ကုန်ဆေးရုံကြီးရောက်

မဲခေါင်၊ မတ် ၁၉

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ရဲစခန်းအနီး ကင်းတာဝန်ကျနေတဲ့ စစ်သား တစ်ယောက် အရက်ပုလင်းနဲ့ ဝမ်းနှုတ်ဆေး ပုလင်း မှားသောက်မိလို့ ညတွင်းချင်း ရန်ကုန်ဆေးရုံကြီးသို့ စစ်ကားနဲ့ ပို့ပေးလိုက်ရတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

မတ်လ ၁၇ ရက်နေ့၊ ညပိုင်းက ကင်းကျနေတဲ့ စစ်သား အရက်သောက်ချင်လို့ ရဲစခန်း အတွင်း အရက်ပုလင်း သွားယူပြီး သောက်နေစဉ် အရက်ပုလင်းနဲ့ ဝမ်းနှုတ်ဆေး ပုလင်း မှားယူပြီး သောက်မိတာ ဖြစ်တယ်လို့ သူကပြောပါတယ်။

“အဲ့ပုလင်းကလည်း ကင်းကျတဲ့ စစ်သားက ဝမ်းမကောင်းလို့ ဝမ်းနှုတ်ဆေး ထည့်ပြီး ထားတာ။ အဲ့ဒါကို မသိဘဲ အရက်သောက်ချင်တော့ ပုလင်းမှားပြီး ယူလာတာ။ သောက်ပြီးလို့ ပုလင်း တစ်ဝက်လောက်ကုန်မှ သိတာ။ တစ်နာရီလောက် ကြာတော့ ဝမ်းသွားတာ မရပ်တော့ဘူး။ ရဲစခန်းထဲ ထည့်ထားတဲ့ စစ်ကားနဲ့ ရန်ကုန် ဆေးရုံကို မောင်းသွားကြတာ” လို့ အမည်မဖော်လိုသူ ရဲတစ်ဦးက ပြောပါတယ်။

ဒီသတင်း ပြန့်သွားမှာ စိုးရိမ်တဲ့အတွက် ဝမ်းလျှောနေတဲ့ စစ်သားကို မြို့နယ်ဆေးရုံသို့ မတင်ပို့ဘဲ ည ၁၁ နာရီ ဝန်းကျင်မှာ ရန်ကုန်ဆေးရုံကြီးသို့ တိုက်ရိုက်မောင်းပြီး သွားပို့ခဲ့တာ ဖြစ်တယ်လို့ သူကပြောပါတယ်။