ၾကားသိသမွ်

စကစ ပြုလုပ်မည့်သင်္ကြန်တွင် တီးခတ်မည့် DJ များအား အရေးယူသွားမည်ဟု ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့ နောက်ဆုံးအကြိမ် သတိပေး

စစ်ကောင်စီပြုလုပ်မည့်သင်္ကြန်တွင် တီးခတ်မည့် DJ များအား အရေးယူသွားမည်ဟု ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့ နောက်ဆုံးအကြိမ် သတိပေး

စစ်ကောင်စီကပြုလုပ်မည့်သင်္ကြန်တွင် ပါဝင်ဖျော်ဖြေတီးခတ်မည့် ပြည်တွင်း DJ အဖွဲ့များအား စစ်ကောင်စီ၏ ဘက်တော်သားများအဖြစ်သတ်မှတ်၍ အရေးယူသွားမည်ဟု ရန်ကုန်မြို့ပြ ပြောက်ကျား အဖွဲ့ တစ်ခုဖြစ်သော Dark Shadow (YGN UG)က နောက်ဆုံးအကြိမ် သတိပေးကြောင်း မတ်လ ၁၅ ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားသည်။

Dark Shadow(YGN UG) အဖွဲ့၏သတိပေးချက်တွင် မကြာမီကျရောက်မည့် သင်္ကြန်ကာလအတွင်း စစ်ကောင်စီက Yangoon Water Festival ၊ Myanmar Thingyan Music Festival နှင့် Thingyan Vina Festival – TVF ပွဲများကို ပြုလုပ်ခွင့်ပေး၍ တော်လှန်ရေးကာလကို မေ့ပျောက်စေရန် ဖန်တီးပြုလုပ်နေ ကြောင်း၊ ထို့ကြောင့် Yangon Water Festival တွင် ပြည်တွင်းပြည်ပမှ နာမည်ကြီး DJ များ ပါဝင် နေသည်ကို မိမိတို့အနေဖြင့်ကြားသိရကြောင်း၊ ယင်းအပေါ် သပိတ်ကော်မတီ တော်လှန်ရေးအင်အားစု များက မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသောအခြေအနေများနှင့် လူ့အခွင့်ရေး ချိုးဖောက်မှုများကို အကြောင်းကြား၍ ပါဝင်ပတ်သက်ခြင်း မပြုရန် တောင်းဆိုလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ပြည်တွင်းမှ EDGE ၊ E11ven11 ၊ Dj Rush ၊ S Logic၊ Glan ၊ Mike Haider ၊ Tempo ၊ Zam စသည့် DJ များကိုလည်း Dark Shadow (YGN UG) အဖွဲ့က ပါဝင်ဖျော်ဖြေခြင်းမပြုရန် သတိပေးထား ခြင်းလည်းဖြစ်သည်။

“ဒီနှစ် ဗဟိုမဏ္ဍပ်ကို ပြည်သူ့ရင်ပြင်မှာလုပ်မယ်လို့ သိရတယ်။ မြို့တော်ခန်းမအရှေ့မှာတော့ ပုံမှန် အတိုင်းလုပ်နေကြ မြို့တော်ဝန်မဏ္ဍပ် လုပ်ဖို့ရှိတယ်။ အခြားနေရာတွေတော့ မသိသေးဘူး၊ ရေကစား မဏ္ဍပ်ဆောက်ဖို့ လာလျှောက်တဲ့လုပ်ငန်းရှင်တွေလည်း မတွေ့ရသေးဘူး။ နိုင်ငံရေးအခြေအနေအရ လုပ်ငန်းရှင်တွေကလည်း သီးခြား ရေကစားမဏ္ဍပ်လိုမျိုးတွေ မလုပ်ချင်ကြဘူး။ မဖြစ်မနေလုပ်ရမယ်ဆို သူတို့(စစ်ကောင်စီ) လုပ်မယ့် မဏ္ဍပ်တွေမှာပဲ ပေါင်းလုပ်ချင်တဲ့ ဆန္ဒရှိတဲ့ပုံပေါ်တယ်။ သီးသန့်လုပ်နေရင် လုံခြုံရေးအတွက် စိုးရိမ်နေကြပုံလည်းပေါ်တယ်” ဟု ရန်ကုန်စည်ပင်သာယာရေးကော်မတီနှင့် နီးစပ်သူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

Dark Shadow (YGN UG) အဖွဲ့၏ထုတ်ပြန်ချက်တွင် တိုင်းပြည်တစ်ခုလုံးနာရေးဖြစ်နေချိန် စစ်ကောင်စီ ၏ ယုတ်မာရက်စက်မှုကြောင့် တစ်နိုင်ငံ လုံးရှိပြည်သူများ အသက်အန္တရာယ်နှင့် လူ့အခွင့်အရေး ချိုး ဖောက်ခံရမှုများကို မမေ့လျော့ကြရန်နှင့် ပြည်သူ့အာဏာသည် ပြည်သူတစ်ဦးချင်းစီ၏ လက်ထဲတွင် ရှိနေသည့်အတွက် ပူးပေါင်းပါဝင်ပေးကြရန်လည်း မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

“ အခု ၂၀၂၃ သင်္ကြန်က ၂၀၂၀ ကိုဗစ်ကာလနဲ့ ဆိုလေးနှစ်ရှိသွားပြီ။ သင်္ကြန်ကို မျှော်တယ်၊ ပါဝင်ချင်တယ် ဆိုပေမယ့် အခုလက်ရှိအချိန်က တိုင်းပြည်နာရေးဖြစ်နေတဲ့ အချိန်လေ။ တိုင်းရင်းသားနယ်မြေတွေ၊ အညာဒေသတွေမှာ ရွာလုံးကျွတ်မီးရှို့ခံနေရတာတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရတာတွေကို ကျွန်မတို့ သတင်းတွေကတဆင့် သိနေရတယ်။ ဒါကို ကျွန်မတို့ မြို့ပြမှာနေတဲ့သူတွေ မေ့ထားလို့မရဘူး။ ဒီကာလဟာ တော်လှန်ရေးကာလဆိုတာ အမြဲသတိရှိနေရမယ်။ ဒါ့ကြောင့် ဒီသင်္ကြန်ကို မျှော်ပေမယ့် ပါဝင်မှာတော့ မဟုတ်ဘူး” ဟု ရန်ကုန်မြို့နေ အထက်တန်းပြ CDM ဆရာမတစ်ဦးကလည်း သူ၏ အမြင် ကို ပြောသည်။

သတင်း- Mizzima