စစ်သားတွေထွက်ပြေးနေတဲ့ ရုပ်သံ ဗိုလ်အယ်စေးဝါးစစ်ကြောင်းထုတ်ပြန်
မတ် ၁၈၊The Nation Voice
မတ်လ(၁၅)ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း မှာကရင်ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့်အာဏာသိမ်းစစ်တပ်ဘက်က တပ်သားတွေ ထွက်ပြေးနေတဲ့ ရုပ်သံဖိုင်ကို ဗျူဟာမှူးဗိုလ်အယ်စေးဝါး ရဲ့ Lion Battalion Commando – ဗျူဟာစစ်ကြောင်းက မတ်(၁၈)မှာ ထုတ်ဖော်ပြသလာပါတယ်။
မနေ့ ကမတ်(၁၇)ရက်နေ့မှာ စစ်သားတွေထွက်ပြေးနေတဲ့ ရုပ်သံဖိုင်ကို မတ်(၁၈)ရက်မှာ ဖော်ပြပေးမယ်လို့ပြောဆိုထားပြီး Lion Battalion Commando – ဗျူဟာစစ်ကြောင်းက ဒီနေ့ ထုတ်ဖော်ပြသလာတာလည်းဖြစ်ပါတယ်။
အဲ့ဒီရုပ်သံဖိုင်ထဲမှာတော့ အာဏာသိမ်းစစ်တပ်ဘက်က တပ်သားတွေလို့ ယူဆရသူတွေဟာ အုပ်စုလိုက် ကွင်းပြင်ကြီးထဲမှာ ထွက်ပြေးနေတာကို မြင်တွေ့ရပါတယ်။
“စစ်ကောင်စီတပ်ဘက်မှ အကျအဆုံး၊ထိခိုက်ဒဏ်ရာပြင်းထန်ရရှိသူများပြားသဖြင့် ကစဉ်းကလျားထွက်ပြေးခဲ့သည်ရုပ်သံဖိုင်ဖြစ်ပါသည်”လို့ Lion Battalion Commando – ဗျူဟာစစ်ကြောင်းက ပြောဆိုထားပါတယ်။
မတ်လ(၁၅)ရက်နေ့က အာဏာသိမ်းစစ်တပ်ရဲ့ ရတခ တိုင်းလက်အောက်ခံ တပ်ရင်း/တပ်မတွေဖြစ်တဲ့ ၅၅၇၊ ၂၀၈၊ ၂၀၉ (BE မိုင်းရှင်းလင်းရေးတပ်)က ဒုဗိုလ်မှူးကြီး ကျော်ဇေယျ ဦးဆောင်တဲ့ အင်အား (၂၀၀) ဝန်းကျင်ခန့်ဟာ ကရင်ပူးပေါင်းတပ်တွေ နယ်မြေလုံခြုံရေးယူထားတဲ့ ကြာအင်းဆိပ်ကြီးမြို့၊မကျည်းကလပ်ကျေးရွာ နဲ့ ကော့ကမာကျေးရွာကြားကို ကျူးကျော် ဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။
ဒီလို ကျူးကျော် ဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်တပ်ကို နယ်မြေလုံခြုံရေးယူထားတဲ့ Lion Battalion Commando Special Force စစ်ကြောင်း၊ KNU/KNLA ၊ PDF ပူးပေါင်းစစ်ကြောင်း၊ ARMS (Army Representing Myanmar Society) Drone တပ်ဖွဲ့၊ SDDF (Saw Dragon Drone Force)တို့က အသင့်စောင့်ကြိုတိုက်ခိုက်ရာကနေ ထိတွေ့တိုက်ပွဲ(၂)နာရီကျော်ကြာဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ကရင်ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အာဏာသိမ်းစစ်တပ်ဘက်က (၄၀)ကျော်ခန့် သေဆုံးပြီး (၃၀)ကျော်ဒဏ်ရာရကာ အခုလိုကစဉ့်ကလျားထွက်ပြေးနေတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဘက်က မြစ်၊ချောင်း၊ကျေးရွာတွေအတွင်းမှာ သူတို့တပ်သားတွေရဲ့အလောင်းတွေကို ရဲဘော်ရဲဘက်စိတ်ဓါတ်ကင်းမဲ့စွာ စွန့်ပစ်သွားခဲ့တယ်လို့လည်းLion Battalion Commando – ဗျူဟာစစ်ကြောင်းက ပြောဆိုထားပါသေးတယ်။