ၾကားသိသမွ်

ကမ္ဘာ့ရွှေဈေးမြင့်တက်လာတာနဲ့အတူ ပြည်တွင်းရွှေဈေးနှုန်း တစ်ကျပ်သား ၂၉ သိန်းကျော်လာ…

ရွှေစျေး တစ်ကျပ်သား ၂၉ သိန်းကျော်လာ

မတ်လ ၁၈ ရက် မနက်ပိုင်းမှာ ပြည်တွင်းရွှေဈေး တစ်ကျပ်သားကို ၂၉ သိန်းကျော်အထိ မြင့်တက်လာတယ်လို့ ရွှေဆိုင်တွေက သိရပါတယ်။

ကမ္ဘာ့ရွှေဈေး တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၉၉၀ ဝန်းကျင်အထိရောက်ရှိလာလို့ ၅ ရက်အတွင်း တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၀၀ ကျော်မြင့်တက်လာတာနဲ့အတူ ပြည်တွင်းရွှေဈေးနှုန်းဟာလည်း တစ်ကျပ်သားကို ကျပ် ၅ သောင်းခန့် မြင့်တက်လာတာလို့ ရွှေကုန်သည်တွေက ဆိုကြပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ ဒေါ်လာငွေလဲလှယ်နှုန်း၊ ကမ္ဘာ့ရွှေဈေး၊ အရောင်းအဝယ် အနေအထားတွေပေါ်မှာ မူတည်ပြီး အတက်အကျဖြစ်ပေါ်လေ့ရှိပြီး လက်ရှိမှာ ငွေလဲနှုန်း ၂၈၆၀ ဝန်းကျင်ခန့်မှာ ငြိမ်နေပေမယ့် ကမ္ဘာ့ရွှေဈေးမြင့်လာလို့ ပြည်တွင်းရွှေဈေးပါတက်လာတာ ဖြစ်ပါတယ်။


အရင်သီတင်းပတ်တုန်းက ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားကို ကျပ်၂၈ သိန်းခွဲ ဝန်းကျင်ရှိခဲ့တာ ဖြစ်ပါတယ်။

Crd-

ေ႐ႊေစ်း တစ္က်ပ္သား ၂၉ သိန္းေက်ာ္လာ

မတ္လ ၁၈ ရက္ မနက္ပိုင္းမွာ ျပည္တြင္းေ႐ႊေဈး တစ္က်ပ္သားကို ၂၉ သိန္းေက်ာ္အထိ ျမင့္တက္လာတယ္လို႔ ေ႐ႊဆိုင္ေတြက သိရပါတယ္။

ကမာၻ႔ေ႐ႊေဈး တစ္ေအာင္စကို အေမရိကန္ေဒၚလာ ၁၉၉၀ ဝန္းက်င္အထိေရာက္ရွိလာလို႔ ၅ ရက္အတြင္း တစ္ေအာင္စကို အေမရိကန္ေဒၚလာ ၁၀၀ ေက်ာ္ျမင့္တက္လာတာနဲ႔အတူ ျပည္တြင္းေ႐ႊေဈးႏႈန္းဟာလည္း တစ္က်ပ္သားကို က်ပ္ ၅ ေသာင္းခန႔္ ျမင့္တက္လာတာလို႔ ေ႐ႊကုန္သည္ေတြက ဆိုၾကပါတယ္။

ျပည္တြင္းေ႐ႊေဈးႏႈန္းဟာ ေဒၚလာေငြလဲလွယ္ႏႈန္း၊ ကမာၻ႔ေ႐ႊေဈး၊ အေရာင္းအဝယ္ အေနအထားေတြေပၚမွာ မူတည္ၿပီး အတက္အက်ျဖစ္ေပၚေလ့ရွိၿပီး လက္ရွိမွာ ေငြလဲႏႈန္း ၂၈၆၀ ဝန္းက်င္ခန႔္မွာ ၿငိမ္ေနေပမယ့္ ကမာၻ႔ေ႐ႊေဈးျမင့္လာလို႔ ျပည္တြင္းေ႐ႊေဈးပါတက္လာတာ ျဖစ္ပါတယ္။

အရင္သီတင္းပတ္တုန္းက ျပည္တြင္းေ႐ႊေဈးမွာ တစ္က်ပ္သားကို က်ပ္၂၈ သိန္းခြဲ ဝန္းက်င္ရွိခဲ့တာ ျဖစ္ပါတယ္။
Crd-