ၾကားသိသမွ်

တေးသံရှင် နော်မာသထူးဝါးအပါအဝင် ကိုရီးယားအဆိုတော်များက မြန်မာပြည်သူများအတွက် ရန်ပုံငွေရှာ ဂီတဖျော်ဖြေပွဲ ကျင်းပမည်

ကိုရီးယားအဆိုတော်များက မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေရှာ ဂီတဖျော်ဖြေပွဲ ကျင်းပမည်

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် ရန်ပုံငွေရှာဂီတဖျော်ဖြေပွဲကို ကရင်တိုင်းရင်းသူ တေးသံရှင် နော်မာသထူးဝါးအပါအဝင် ကိုးရီးယားတေးသံရှင်တွေ ပူးပေါင်းပြီး တောင်းကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ ဖျောင်းဂန်းဘုရားကျောင်းခန်းမမှာ မတ်လ ၁၈ ရက် ဒီနေ့ ညမှာ ကျင်းပဖို့ရှိနေပါတယ်။


ဂီတဖျော်‌‌ဖြေပွဲကို ကိုရီးယားရောက်ကရင်ကွန်မြူနတီ (KCK)အဖွဲ့၊ KEEN (Karen Equipped Embrace Nation) အဖွဲ့နဲ့ ဖျောင်းဂန်း‌ (တောင်ကိုရီးယား) အသင်းတော်တို့ ပူးပေါင်းပြီး စီစဉ်တာဖြစ်ပါတယ်။

ထိုင်း – မြန်မာနယ်စပ်ကနေ ကိုးရီးယားနိုင်ငံကိုရောက်လာတဲ့ ကရင်တိုင်းရင်းသားတွေနဲ့ တောင်ကိုးရီးယားပြည်သူတွေအကြား ကောင်းမွန်စွာ အတူယှဥ်တွဲနေထိုင်မှုကို ဖေါ်ပြလိုတာနဲ့ လက်ရှိ နွေဦးတော်လှန်ရေးနဲ့ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကြောင့် ကရင်ပြည်နယ်ကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအရေးကို ကိုးရီးယားနိုင်ငံသားတွေက အာရုံစိုက်စေရေး ရည်ရွယ်ကျင်းပတာလို့ ဂီတဖျော်ဖြေပွဲစီစဥ်တဲ့ KCK တာဝန်ရှိသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒီဖျော်ဖြေပွဲမှာ နော်မာသထူးဝါး(ဝါန်နီဟွာ)နဲ့အတူ ကိုရီးယားအဆိုတော်တွေဖြစ်တဲ့ ဂျောင်ချိုအာ၊ ချားဆူးဂယောင်၊ ဂန်အူးဂျင်၊ ကင်အာလင်း၊ လီဂန်ဂျွန်တို့ပါဝင် သီဆိုကြမှာ ကရင် လူငယ်တေးဂီတဝိုင်းနဲ့ ကိုးရီးယားဂီတပညာရှင်တွေ ပူးပေါင်းပြီး တီးခတ်သွားကြမှာ ဖြစ်ပါတယ်။


တေးသံရှင် နော်မာသထူးဝါဟာ ထိုင်း-မြန်မာနယ်စပ်ကနေ ကိုရီးယားနိုင်ငံမှာ သွားရောက် အခြေချနေထိုင်ခဲ့သူဖြစ်ပြီး ငယ်စဉ်ကတည်းက သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာက တစိုက်မတ်မတ် ကြိုးစားလေ့လာသင်ယူရင်း တောင်ကိုးရီးယားနိုင်ငံမှာ လူသိများတဲ့ တေးသံရှင်တယောက် ဖြစ်လာခဲ့ပါတယ်။

နော်မာသထူးဝါဟာကို တောင်ကိုးရီးယားနိုင်ငံ၊ ဂယောင်ဂီပြည်နယ် မီးသတ်ဌာနချုပ် (မီးဘေးဒုက္ခသည်များကူညီကယ်ဆယ်ရေးဌာန)က ပြန်ကြားရေးသံတမန်အဖြစ် မတ်လ ၁၀ ရက်နေ့မှာ ဂုဏ်ပြု ခန့်အပ်ခဲ့ပါတယ်။


အခုဂီတ ဖျော်ဖြေပွဲကို ဝင်ကြေး လက်မှတ်တစ်စောင် ကိုရီးယား ဝမ်ငွေ ၂၀၀၀၀ သတ်မှတ်ထားပြီး ရရှိလာတဲ့ အလှူတွေကို ကရင်ပြည်နယ်ရှိ စစ်ဘေးဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလှူဒါန်းမှာဖြစ်သလို လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ ထံသို့ လှူဒါန်းသွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ရန်ပုံငွေတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် ကရင်ဒုက္ခသည်ကော်မတီ (KRC) နဲ့ တခြား NGO တွေကနေတဆင့် ချိတ်ဆက်ပြီး စစ်ဘေးရှောင်ပြည်သူတွေထံ ထိထိရောက်ရောက် ပို့ဆောင် သွားမယ်လို့လည်း သိရပါတယ်။ သတင်း-DVB

ကိုရီးယားအဆိုေတာ္မ်ားက ျမန္မာစစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ရန္ပုံေငြရွာ ဂီတေဖ်ာ္ေျဖပြဲ က်င္းပမည္

ျမန္မာႏိုင္ငံ၊ ကရင္ျပည္နယ္ရွိ စစ္ေဘးေရွာင္ျပည္သူေတြအတြက္ ရန္ပုံေငြရွာဂီတေဖ်ာ္ေျဖပြဲကို ကရင္တိုင္းရင္းသူ ေတးသံရွင္ ေနာ္မာသထူးဝါးအပါအဝင္ ကိုးရီးယားေတးသံရွင္ေတြ ပူးေပါင္းၿပီး ေတာင္းကိုရီးယားႏိုင္ငံ၊ အင္ခြၽန္းၿမိဳ႕၊ ေဖ်ာင္းဂန္းဘုရားေက်ာင္းခန္းမမွာ မတ္လ ၁၈ ရက္ ဒီေန႔ ညမွာ က်င္းပဖို႔ရွိေနပါတယ္။

ဂီတေဖ်ာ္‌‌ေျဖပြဲကို ကိုရီးယားေရာက္ကရင္ကြန္ျမဴနတီ (KCK)အဖြဲ႕၊ KEEN (Karen Equipped Embrace Nation) အဖြဲ႕နဲ႔ ေဖ်ာင္းဂန္း‌ (ေတာင္ကိုရီးယား) အသင္းေတာ္တို႔ ပူးေပါင္းၿပီး စီစဥ္တာျဖစ္ပါတယ္။

ထိုင္း – ျမန္မာနယ္စပ္ကေန ကိုးရီးယားႏိုင္ငံကိုေရာက္လာတဲ့ ကရင္တိုင္းရင္းသားေတြနဲ႔ ေတာင္ကိုးရီးယားျပည္သူေတြအၾကား ေကာင္းမြန္စြာ အတူယွဥ္တြဲေနထိုင္မႈကို ေဖၚျပလိုတာနဲ႔ လက္ရွိ ေႏြဦးေတာ္လွန္ေရးနဲ႔ ျမန္မာ့လြတ္လပ္ေရးတိုက္ပြဲေၾကာင့္ ကရင္ျပည္နယ္ကို ေရာက္ရွိေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြအေရးကို ကိုးရီးယားႏိုင္ငံသားေတြက အာ႐ုံစိုက္ေစေရး ရည္႐ြယ္က်င္းပတာလို႔ ဂီတေဖ်ာ္ေျဖပြဲစီစဥ္တဲ့ KCK တာဝန္ရွိသူ တဦးက ဒီဗြီဘီကို ေျပာပါတယ္။

ဒီေဖ်ာ္ေျဖပြဲမွာ ေနာ္မာသထူးဝါး(ဝါန္နီဟြာ)နဲ႔အတူ ကိုရီးယားအဆိုေတာ္ေတြျဖစ္တဲ့ ေဂ်ာင္ခ်ိဳအာ၊ ခ်ားဆူးဂေယာင္၊ ဂန္အူးဂ်င္၊ ကင္အာလင္း၊ လီဂန္ဂြၽန္တို႔ပါဝင္ သီဆိုၾကမွာ ကရင္ လူငယ္ေတးဂီတဝိုင္းနဲ႔ ကိုးရီးယားဂီတပညာရွင္ေတြ ပူးေပါင္းၿပီး တီးခတ္သြားၾကမွာ ျဖစ္ပါတယ္။

ေတးသံရွင္ ေနာ္မာသထူးဝါဟာ ထိုင္း-ျမန္မာနယ္စပ္ကေန ကိုရီးယားႏိုင္ငံမွာ သြားေရာက္ အေျခခ်ေနထိုင္ခဲ့သူျဖစ္ၿပီး ငယ္စဥ္ကတည္းက သီခ်င္းဆိုၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာက တစိုက္မတ္မတ္ ႀကိဳးစားေလ့လာသင္ယူရင္း ေတာင္ကိုးရီးယားႏိုင္ငံမွာ လူသိမ်ားတဲ့ ေတးသံရွင္တေယာက္ ျဖစ္လာခဲ့ပါတယ္။

ေနာ္မာသထူးဝါဟာကို ေတာင္ကိုးရီးယားႏိုင္ငံ၊ ဂေယာင္ဂီျပည္နယ္ မီးသတ္ဌာနခ်ဳပ္ (မီးေဘးဒုကၡသည္မ်ားကူညီကယ္ဆယ္ေရးဌာန)က ျပန္ၾကားေရးသံတမန္အျဖစ္ မတ္လ ၁၀ ရက္ေန႔မွာ ဂုဏ္ျပဳ ခန႔္အပ္ခဲ့ပါတယ္။

အခုဂီတ ေဖ်ာ္ေျဖပြဲကို ဝင္ေၾကး လက္မွတ္တစ္ေစာင္ ကိုရီးယား ဝမ္ေငြ ၂၀၀၀၀ သတ္မွတ္ထားၿပီး ရရွိလာတဲ့ အလႉေတြကို ကရင္ျပည္နယ္ရွိ စစ္ေဘးဒဏ္ခံေနရတဲ့ ျပည္သူေတြအတြက္ စားနပ္ရိကၡာနဲ႔ ေဆးဝါးေတြလႉဒါန္းမွာျဖစ္သလို လြတ္ေျမာက္နယ္ေျမသို႔ ေရာက္ရွိေနတဲ့ တိုင္းရင္းသားညီအစ္ကို ေမာင္ႏွမေတြ ထံသို႔ လႉဒါန္းသြားမယ္လို႔ ပြဲစီစဥ္သူေတြက ေျပာပါတယ္။

ရန္ပုံေငြေတြကို ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕ အေျခစိုက္ ကရင္ဒုကၡသည္ေကာ္မတီ (KRC) နဲ႔ တျခား NGO ေတြကေနတဆင့္ ခ်ိတ္ဆက္ၿပီး စစ္ေဘးေရွာင္ျပည္သူေတြထံ ထိထိေရာက္ေရာက္ ပို႔ေဆာင္ သြားမယ္လို႔လည္း သိရပါတယ္။ သတင်း-DVB