ရန်ကုန်တွင် လျှပ်စစ်ကားတက္ကစီ တလ အခမဲ့စီးနင်း ခွင့်ပေးမည်
ရန်ကုန်မြို့မှာ လျှပ်စစ်တက္ကစီကားကို အခမဲ့စီးနိုင်ဖို့ MyanTickets မှာ စာရင်းသွင်းပြီး အခွင့်အရေးကို ရယူနိုင်မှာဖြစ်တယ်လို့ EV Myanmar Group က ကြေညာထားပါတယ်။
myantickets.com ဝက်ဆိုက်မှာ စာရင်းသွင်းထားပါက လျှပ်စစ်တက္ကစီကားကို မတ် ၁၃ ရက်ကနေ ဧပြီ ၁၄ ရက်အထိ အခမဲ့စီးနှင်ခွင့်ပေးမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ် ။
MyanTickets ဟာ အီးဗီမြန်မာအုပ်စုရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး အွန်လိုင်းမှ လက်မှတ်မျိုးစုံ ရောင်းချပေးတဲ့ အပလီကေးရှင်းဖြစ်ကာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ လက်မှတ်မျိုးစုံကို ဝယ်ယူနိုင်တဲ့ အပလီကေးရှင်း တစ်ခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီခေါင်းဆောင်က လျှပ်စစ်ကားနဲ့ လျှပ်စစ်ရထားတွေပြေးဆွဲဖို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ ဝေဖန်မှုများစွာရှိခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်မှာတော့ စစ်ကောင်စီက လျှပ်စစ်မော်တော်ယာဥ် အစီး ၄၀ ကို တရုတ်နိုင်ငံကနေ စတင် တင်သွင်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
လျှပ်စစ်မော်တော်ယာဉ်တွေအတွက် အမြန်အားသွင်းနေရာ EV Fast Charging Station တွေကို နေပြည်တော်နဲ့ ရန်ကုန် လှိုင်မြို့နယ်သီရိမင်္ဂလာဈေး၊ ယာဉ်ရပ်နားရန်နေရာ၊၊ အလုံမြို့နယ် သခင်မြပန်းခြံရှေ့၊ ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်ဘူတာကြီးရှေ့ ပန်းဆိုးတန်းခုံးကျော် တံတားဘေးနေရာတွေမှာ တည်ဆောက်နေပါတယ်။
လျှပ်စစ်မော်တော်ယာဉ်တွေအတွက် Charging Station တွေတည်ဆောက်ပြီး အဲဒီStation တွေအတွက် နေရောင်ခြည်စွမ်းအင်ကို အဓိကသုံးစွဲသွားမယ်လို့ စက်မှုဝန်ကြီးဌာနက ပြောကြားထားပါတယ်။
ရန္ကုန္တြင္ လွ်ပ္စစ္ကားတကၠစီ တလ အခမဲ့စီးနင္း ခြင့္ေပးမည္
ရန္ကုန္ၿမိဳ႕မွာ လွ်ပ္စစ္တကၠစီကားကို အခမဲ့စီးႏိုင္ဖို႔ MyanTickets မွာ စာရင္းသြင္းၿပီး အခြင့္အေရးကို ရယူႏိုင္မွာျဖစ္တယ္လို႔ EV Myanmar Group က ေၾကညာထားပါတယ္။
myantickets.com ဝက္ဆိုက္မွာ စာရင္းသြင္းထားပါက လွ်ပ္စစ္တကၠစီကားကို မတ္ ၁၃ ရက္ကေန ဧၿပီ ၁၄ ရက္အထိ အခမဲ့စီးႏွင္ခြင့္ေပးမယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္ ။
MyanTickets ဟာ အီးဗီျမန္မာအုပ္စုရဲ႕ ကုမၸဏီခြဲတစ္ခုျဖစ္ၿပီး အြန္လိုင္းမွ လက္မွတ္မ်ိဳးစုံ ေရာင္းခ်ေပးတဲ့ အပလီေကးရွင္းျဖစ္ကာ အမ်ားျပည္သူနဲ႔ သက္ဆိုင္တဲ့ လက္မွတ္မ်ိဳးစုံကို ဝယ္ယူႏိုင္တဲ့ အပလီေကးရွင္း တစ္ခု ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာ စစ္ေကာင္စီေခါင္းေဆာင္က လွ်ပ္စစ္ကားနဲ႔ လွ်ပ္စစ္ရထားေတြေျပးဆြဲဖို႔ ေျပာဆိုခဲ့တာနဲ႔ ပတ္သက္လို႔ ေဝဖန္မႈမ်ားစြာရွိခဲ့ၿပီး ဇန္နဝါရီ ၂၄ ရက္မွာေတာ့ စစ္ေကာင္စီက လွ်ပ္စစ္ေမာ္ေတာ္ယာဥ္ အစီး ၄၀ ကို တ႐ုတ္ႏိုင္ငံကေန စတင္ တင္သြင္းခြင့္ျပဳခဲ့တာ ျဖစ္ပါတယ္။
လွ်ပ္စစ္ေမာ္ေတာ္ယာဥ္ေတြအတြက္ အျမန္အားသြင္းေနရာ EV Fast Charging Station ေတြကို ေနျပည္ေတာ္နဲ႔ ရန္ကုန္ လႈိင္ၿမိဳ႕နယ္သီရိမဂၤလာေဈး၊ ယာဥ္ရပ္နားရန္ေနရာ၊၊ အလုံၿမိဳ႕နယ္ သခင္ျမပန္းၿခံေရွ႕၊ ၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ ရန္ကုန္ဘူတာႀကီးေရွ႕ ပန္းဆိုးတန္းခုံးေက်ာ္ တံတားေဘးေနရာေတြမွာ တည္ေဆာက္ေနပါတယ္။
လွ်ပ္စစ္ေမာ္ေတာ္ယာဥ္ေတြအတြက္ Charging Station ေတြတည္ေဆာက္ၿပီး အဲဒီStation ေတြအတြက္ ေနေရာင္ျခည္စြမ္းအင္ကို အဓိကသုံးစြဲသြားမယ္လို႔ စက္မႈဝန္ႀကီးဌာနက ေျပာၾကားထားပါတယ္။