ၾကားသိသမွ်

” စ-စ်အာဏာရှင်တွေကို လုံခြုံရေးကောင်စီကနေ နိုင်ငံတကာ ရာဇဝတ်ခုရုံးတင်နိုင်ဖို့ ဆုံးဖြတ်ချက် ချခိုင်းလိုက်တဲ့ တွမ်အင်ဒရူး “

” စစ်အာဏာရှင်တွေကို လုံခြုံရေးကောင်စီကနေ နိုင်ငံတကာ ရာဇဝတ်ခုရုံးတင်နိုင်ဖို့ ဆုံးဖြတ်ချက် ချခိုင်းလိုက်တဲ့ တွမ်အင်ဒရူး ”

စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဟာ ဗရမ်းဗတာ ဖြစ်နေပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်ပေးဖို့ အဆိုတစ်ရပ်ကို တောင်းဆိုလိုက်ပါတယ် ။

အားလုံးသိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုဗယ်ငြိမ်းချမ်းရေးဆု ရရှိဖို့ စီစစ်လေ့လာရေးအဖွဲ့ကို ဦးဆောင်ခဲ့သူပါ ။ နွေဦးတော်လှန်ရေးအချိန်မှာလည်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ တာဝန်ပေးချက်အရ မြန်မာ့အရေး အထူးကိုယ်စားလှယ်အဖြစ်နဲ့ တာဝန်ယူထားပါတယ် ။ ကမ္ဘောဒီးယားနိုင်ငံက ပိုပေါ့အစိုးရကို နိုင်ငံတကာ ခုံရုံးတင်နိုင်အောင် ကြိူးပမ်းခဲ့တာကလည်း တွမ်အင်ဒရူးပါဘဲ ။ တွမ်အင်ဒရူးဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်က တာဝန်ပေးထားတဲ့ မြန်မာ့အရေး အထူးသံတမန် နိုလန်ဟေဇာရဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးက တင်ပြချက်တွေကို ကိုးကားပြီး မြန်မာစစ်အာဏာရှင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်ပေးဖို့ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ပေးဖို့အတွက် တောင်းဆိုလိုက်တာပါ ။

အင်ဒရူးရဲ့ တင်ပြချက်ကတော့

” မြန်မာနိုင်ငံ အခြေအနေကို ရာဇဝတ်ခုံရုံးဆီ လွဲပြောင်းပေးဖို့ အဆိုတစ်ရပ်ကို ချမှတ်ပေးဖို့အတွက် တာဝန်ရှိတဲ့ လုံခြုံရေးကောင်စီကို တောင်းဆိုပါတယ် ။ မြန်မာနိုင်ငံဟာ အလွန်အရေးပါတဲ့ နိုင်ငံတစ်နိုင်ငံပါ ။ လူဦးရေ ၅၄ သန်း ရှိပါတယ် ။ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားက အရေးပါတဲ့ အစိတ်အပိုင်း နယ်မြေပါ ။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ မတည်ငြိမ်မှု့တွေ ၊ ရာဇဝတ်မှု့တွေကို သင် မြင်တွေ့နေပါပြီ ။ ဒါဟာ သင်တို့ရဲ့ အရှေ့မှာ ဖြစ်ပျက်နေတာပါ ။ မြန်မာပြည်သူအချို့ဟာ နယ်စပ်ဖြတ်ကျော်ပြီး ပြေးလွှားနေကြရပါတယ် ။ ”

” ယူကရိန်းနိုင်ငံသားတွေ သတ်နေတဲ့ လက်နက်တွေဟာ ရုရှားက လာသလို ၊ မြန်မာပြည်သူတွေကို သတ်နေတဲ့ လက်နက်တွေကိုလည်း ရုရှားကနေ တင်ပို့နေပါတယ် ။ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ဟာ တရုတ်နဲ့ ရုရှားဆီကနေ လေယာဉ်တွေရပါတယ် ။ ခုခံစစ်ဆင်နွဲနေတဲ့ မြန်မာပြည်သူတွေကို ဒီလေယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်နေပါတယ် ။ ရုရှားနဲ့ ဆားဘီးယားကနေ လက်နက်တွေ ရနေပါတယ် ။ မြန်မာစစ်တပ်ဟာ ခုခံစစ်ဆင်နွဲနေတဲ့ ပြည်သူတွေကို နှိမ်နင်းဖို့အတွက် ရုရှားနဲ့ တရုတ်ရဲ့ လေကြောင်းပိုင်ဆိုင်မှု့တွေအပေါ်မှာ မှီခိုနေပါတယ် ။ မြန်မာစစ်အာဏာရှင်တွေဟာ အကူအညီရဖို့အတွက် ရုရှားနဲ့ တရုတ်ကို လူသိရှင်ကြား ပေါင်းစည်းနိုင်ဖို့ ကြိူးပမ်းနေပါတယ် ။ အာဏာသိမ်းပြီးတဲ့နောက်မှာ အာဏာသိမ်းခေါင်းဆောင်ဟာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ် ။ ဗလာဒီမာပူတင်ကို ချီးကျူး ဂုဏ်ပြုခဲ့ပါတယ် ။ ရာဇဝတ်မှု့တွေ ကျူးလွန်ရာမှာ အသုံးပြုဖို့အတွက် ပုတင်ဆီကနေ လက်နက်တွေ ရှာဖွေခဲ့ပါတယ် ။”

” မြန်မာနိုင်ငံဟာ ဖြစ်ပျက်နေတာတွေက ပြောမပြနိုင်လောက်အောင်ကို စိတ်ပျက်စရာကောင်းပါတယ် ။ ဒါဟာ ကျွန်တော်တို့ မျက်စီရှေ့မှာ ဖြစ်နေတာပါ ။ အချို့သော နိုင်ငံတွေဟာ မြန်မာပြည်သူတွေကို တွေ့ကြုံနေရတဲ့ ရာဇဝတ်မှု့တွေကို မျက်နှာလွှဲနေတာဟာ အံ့သြစရာကောင်းပါတယ် ။ နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှု့နဲ့ တုံ့ပြန်မှု့တွေက မလုံလောက်သေးပါဘူး ။ ကမ္ဘာတစ်ဝှမ်းလုံးက မြန်မာအတွက် စိတ်မကောင်းပေး ၊ စိုးရိမ်ပေးနေရုံနဲ့တော့ ရာဇဝတ်မှု့တွေဟာ ဆိုးသထက် ဆိုးလာမှာပါ ။ ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှု့ လိုပါတယ် ။ ”

” တာဝန်ရှိတဲ့ လုံခြုံရေးကောင်စီဟာ မြန်မာစစ်အာဏာရှင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်နိုင်ဖို့ ဆုံးဖြတ်ချက်ချဖို စီစဉ်နိုင်ဖို့ တောင်းဆိုပါတယ် ။ ”

ဒါကတော့ မြန်မာ့အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက လုံခြုံရေးကောင်စီကို တောင်းဆိုထားတာတွေပါ ။

ရှင်းပြရမယ်ဆိုရင် ၊ တွမ်အင်ဒရူးဟာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာ့အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးခံထားရသူဖြစ်ပြီး ၊ လူ့အခွင့်အရေးအဖွဲ့ကို ကိုယ်စားပြုပါတယ် ။ နိုလန်ဟေဇာကတော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးကနေ တာဝန်ပေးထားတဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ်ပါ ။ နှစ်ဦးစလုံးဟာ မြန်မာ့အရေး အထူးကိုယ်စားလှယ်တွေဖြစ်ပြီး မြန်မာပြည်သူတွေဘက်ကနေ အပြည့်အဝ ရပ်တည်နေကြတဲ့အတွက် စစ်အာဏာရှင်တွေ မျှော်မှန်းထားသလို ရွေးကောက်ပွဲလည်း မလုပ်နိုင်သလို ၊ စစ်အုပ်ချုပ်ရေးအတွက်လည်း လုံးဝ မဖြစ်နိုင်တော့ဘူးလို့ပဲ သုံးသပ်ချင်ပါတယ် ။

ဘကြီးအောင် LA
17 March, 2023

” စစ္အာဏာရွင္ေတြကို လုံၿခဳံေရးေကာင္စီကေန ႏိုင္ငံတကာ ရာဇဝတ္ခု႐ုံးတင္ႏိုင္ဖို႔ ဆုံးျဖတ္ခ်က္ ခ်ခိုင္းလိုက္တဲ့ တြမ္အင္ဒ႐ူး ”

စစ္တပ္က အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံဟာ ဗရမ္းဗတာ ျဖစ္ေနၿပီး ကုလသမဂၢ လုံၿခဳံေရးေကာင္စီကေန ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံးကို တင္ေပးဖို႔ အဆိုတစ္ရပ္ကို ေတာင္းဆိုလိုက္ပါတယ္ ။

အားလုံးသိတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ တြမ္အင္ဒ႐ူးဟာ ေဒၚေအာင္ဆန္းစုၾကည္အတြက္ ႏိုဗယ္ၿငိမ္းခ်မ္းေရးဆု ရရွိဖို႔ စီစစ္ေလ့လာေရးအဖြဲ႕ကို ဦးေဆာင္ခဲ့သူပါ ။ ေႏြဦးေတာ္လွန္ေရးအခ်ိန္မွာလည္း လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီးရဲ႕ တာဝန္ေပးခ်က္အရ ျမန္မာ့အေရး အထူးကိုယ္စားလွယ္အျဖစ္နဲ႔ တာဝန္ယူထားပါတယ္ ။ ကေမာၻဒီးယားႏိုင္ငံက ပိုေပါ့အစိုးရကို ႏိုင္ငံတကာ ခုံ႐ုံးတင္ႏိုင္ေအာင္ ႀကိဴးပမ္းခဲ့တာကလည္း တြမ္အင္ဒ႐ူးပါဘဲ ။ တြမ္အင္ဒ႐ူးဟာ ကုလသမဂၢ အေထြေထြအတြင္းေရးမႈးခ်ဳပ္က တာဝန္ေပးထားတဲ့ ျမန္မာ့အေရး အထူးသံတမန္ ႏိုလန္ေဟဇာရဲ႕ လုံၿခဳံေရးေကာင္စီ အစည္းအေဝးက တင္ျပခ်က္ေတြကို ကိုးကားၿပီး ျမန္မာစစ္အာဏာရွင္ေတြကို ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံးကို တင္ေပးဖို႔ ဆုံးျဖတ္ခ်က္တစ္ရပ္ကို ခ်မွတ္ေပးဖို႔အတြက္ ေတာင္းဆိုလိုက္တာပါ ။

အင္ဒ႐ူးရဲ႕ တင္ျပခ်က္ကေတာ့

” ျမန္မာႏိုင္ငံ အေျခအေနကို ရာဇဝတ္ခုံ႐ုံးဆီ လြဲေျပာင္းေပးဖို႔ အဆိုတစ္ရပ္ကို ခ်မွတ္ေပးဖို႔အတြက္ တာဝန္ရွိတဲ့ လုံၿခဳံေရးေကာင္စီကို ေတာင္းဆိုပါတယ္ ။ ျမန္မာႏိုင္ငံဟာ အလြန္အေရးပါတဲ့ ႏိုင္ငံတစ္ႏိုင္ငံပါ ။ လူဦးေရ ၅၄ သန္း ရွိပါတယ္ ။ အိႏၵိယနဲ႔ တ႐ုတ္ႏိုင္ငံၾကားက အေရးပါတဲ့ အစိတ္အပိုင္း နယ္ေျမပါ ။ ျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့ မတည္ၿငိမ္မႈ႕ေတြ ၊ ရာဇဝတ္မႈ႕ေတြကို သင္ ျမင္ေတြ႕ေနပါၿပီ ။ ဒါဟာ သင္တို႔ရဲ႕ အေရွ႕မွာ ျဖစ္ပ်က္ေနတာပါ ။ ျမန္မာျပည္သူအခ်ိဳ႕ဟာ နယ္စပ္ျဖတ္ေက်ာ္ၿပီး ေျပးလႊားေနၾကရပါတယ္ ။ ”

” ယူကရိန္းႏိုင္ငံသားေတြ သတ္ေနတဲ့ လက္နက္ေတြဟာ ႐ုရွားက လာသလို ၊ ျမန္မာျပည္သူေတြကို သတ္ေနတဲ့ လက္နက္ေတြကိုလည္း ႐ုရွားကေန တင္ပို႔ေနပါတယ္ ။ အာဏာသိမ္းထားတဲ့ ျမန္မာစစ္တပ္ဟာ တ႐ုတ္နဲ႔ ႐ုရွားဆီကေန ေလယာဥ္ေတြရပါတယ္ ။ ခုခံစစ္ဆင္ႏြဲေနတဲ့ ျမန္မာျပည္သူေတြကို ဒီေလယာဥ္ေတြ အသုံးျပဳၿပီး တိုက္ခိုက္ေနပါတယ္ ။ ႐ုရွားနဲ႔ ဆားဘီးယားကေန လက္နက္ေတြ ရေနပါတယ္ ။ ျမန္မာစစ္တပ္ဟာ ခုခံစစ္ဆင္ႏြဲေနတဲ့ ျပည္သူေတြကို ႏွိမ္နင္းဖို႔အတြက္ ႐ုရွားနဲ႔ တ႐ုတ္ရဲ႕ ေလေၾကာင္းပိုင္ဆိုင္မႈ႕ေတြအေပၚမွာ မွီခိုေနပါတယ္ ။ ျမန္မာစစ္အာဏာရွင္ေတြဟာ အကူအညီရဖို႔အတြက္ ႐ုရွားနဲ႔ တ႐ုတ္ကို လူသိရွင္ၾကား ေပါင္းစည္းႏိုင္ဖို႔ ႀကိဴးပမ္းေနပါတယ္ ။ အာဏာသိမ္းၿပီးတဲ့ေနာက္မွာ အာဏာသိမ္းေခါင္းေဆာင္ဟာ ႐ုရွားႏိုင္ငံကို သြားေရာက္ခဲ့ၿပီး ဗလာဒီမာပူတင္နဲ႔ ေတြ႕ဆုံခဲ့ပါတယ္ ။ ဗလာဒီမာပူတင္ကို ခ်ီးက်ဴး ဂုဏ္ျပဳခဲ့ပါတယ္ ။ ရာဇဝတ္မႈ႕ေတြ က်ဴးလြန္ရာမွာ အသုံးျပဳဖို႔အတြက္ ပုတင္ဆီကေန လက္နက္ေတြ ရွာေဖြခဲ့ပါတယ္ ။”

” ျမန္မာႏိုင္ငံဟာ ျဖစ္ပ်က္ေနတာေတြက ေျပာမျပႏိုင္ေလာက္ေအာင္ကို စိတ္ပ်က္စရာေကာင္းပါတယ္ ။ ဒါဟာ ကြၽန္ေတာ္တို႔ မ်က္စီေရွ႕မွာ ျဖစ္ေနတာပါ ။ အခ်ိဳ႕ေသာ ႏိုင္ငံေတြဟာ ျမန္မာျပည္သူေတြကို ေတြ႕ႀကဳံေနရတဲ့ ရာဇဝတ္မႈ႕ေတြကို မ်က္ႏွာလႊဲေနတာဟာ အံ့ၾသစရာေကာင္းပါတယ္ ။ ႏိုင္ငံတကာရဲ႕ ပါဝင္ပတ္သက္မႈ႕နဲ႔ တုံ႔ျပန္မႈ႕ေတြက မလုံေလာက္ေသးပါဘူး ။ ကမာၻတစ္ဝွမ္းလုံးက ျမန္မာအတြက္ စိတ္မေကာင္းေပး ၊ စိုးရိမ္ေပးေန႐ုံနဲ႔ေတာ့ ရာဇဝတ္မႈ႕ေတြဟာ ဆိုးသထက္ ဆိုးလာမွာပါ ။ ကမာၻလုံးဆိုင္ရာ တုံ႔ျပန္မႈ႕ လိုပါတယ္ ။ ”

” တာဝန္ရွိတဲ့ လုံၿခဳံေရးေကာင္စီဟာ ျမန္မာစစ္အာဏာရွင္ေတြကို ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံးကို တင္ႏိုင္ဖို႔ ဆုံးျဖတ္ခ်က္ခ်ဖို စီစဥ္ႏိုင္ဖို႔ ေတာင္းဆိုပါတယ္ ။ ”

ဒါကေတာ့ ျမန္မာ့အေရး အထူးကိုယ္စားလွယ္ တြမ္အင္ဒ႐ူးက လုံၿခဳံေရးေကာင္စီကို ေတာင္းဆိုထားတာေတြပါ ။

ရွင္းျပရမယ္ဆိုရင္ ၊ တြမ္အင္ဒ႐ူးဟာ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီးက ျမန္မာ့အေရး အထူးကိုယ္စားလွယ္အျဖစ္ တာဝန္ေပးခံထားရသူျဖစ္ၿပီး ၊ လူ႔အခြင့္အေရးအဖြဲ႕ကို ကိုယ္စားျပဳပါတယ္ ။ ႏိုလန္ေဟဇာကေတာ့ ကုလသမဂၢ အေထြေထြအတြင္းေရးမႈးကေန တာဝန္ေပးထားတဲ့ ျမန္မာ့အေရး အထူးကိုယ္စားလွယ္ပါ ။ ႏွစ္ဦးစလုံးဟာ ျမန္မာ့အေရး အထူးကိုယ္စားလွယ္ေတြျဖစ္ၿပီး ျမန္မာျပည္သူေတြဘက္ကေန အျပည့္အဝ ရပ္တည္ေနၾကတဲ့အတြက္ စစ္အာဏာရွင္ေတြ ေမွ်ာ္မွန္းထားသလို ေ႐ြးေကာက္ပြဲလည္း မလုပ္ႏိုင္သလို ၊ စစ္အုပ္ခ်ဳပ္ေရးအတြက္လည္း လုံးဝ မျဖစ္ႏိုင္ေတာ့ဘူးလို႔ပဲ သုံးသပ္ခ်င္ပါတယ္ ။

ဘႀကီးေအာင္ LA
17 March, 2023