ၾကားသိသမွ်

စေတနာ ရောင်ပြန်ဟပ်ပြီး ထီဆုကြီးပေါက်ခဲ့သူ

စေတနာ ရောင်ပြန်ဟပ်ပြီး ထီဆုကြီးပေါက်ခဲ့သူ

ဂျူးလီးယက်လာမာက သူ့ဘဝမှာ ပထမဆုံးထိုးတဲ့ထီကနေ ကနေဒါဒေါ်လာ ၄၈ သန်းတန်(ပေါင်သန်း ၃၀) ထီဆုကြီး ဆွတ်ခူးခဲ့ပါတယ်။ အယ်လ်ဂိုမာတက္ကသိုလ်ကျောင်းသူ လာမာဟာ သူ့အဘိုး အကြံပေးလို့ စတိုးဆိုင်ကနေ ထီထိုးခဲ့တာပါ။

” ၁၈ နှစ်ပြည့်ပြီဆိုတော့ ထီထိုးပြီး ကံစမ်းကြည့်ပါလားလို့ အဘိုးက ပြောတာ။ အဲဒါနဲ့ ထီထိုးလိုက်တာ” လို့ လာမာက ဆိုပါတယ်။

ဒါပေမဲ့ သူက ထီထိုးထားတာကို မေ့နေခဲ့ပြီး ထီဆုကြီး ပေါက်သွားသူက သူတို့မြို့မှာ နေထိုင်သူဆိုတဲ့ သတင်းကြားတော့မှ ထီတိုက်ကြည့်ခဲ့တာပါ။ လာမာဟာ ထီဆုကြီးပေါက်တဲ့ အသက်အငယ်ဆုံး ကနေဒါနိုင်ငံသူ ဖြစ်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၃ နှစ်( ၅ နှစ်သမီး အရွယ်)တုန်းက သူ့စုဘူးလေးခွဲပြီး ဟေတီငလျင်ဒဏ် ခံစားနေရသူတွေကို လာမာက ကူညီပေးခဲ့ဖူးပါတယ်။ စုဘူးခွဲလိုက်တာ ကနေဒါဒေါ်လာ ၆၁.၃၈ ရခဲ့ပြီး အဲဒီငွေအားလုံးကို ကနေဒါကြက်ခြေနီအဖွဲ့ထံ လှူဒါန်းခဲ့တာပါ။

သူတို့ ညီအစ်မနှစ်ယောက် စုဘူးခွဲပြီး လှူဒါန်းတဲ့သတင်းကလည်း နိုင်ငံတကာစာမျက်နှာတွေမှာ ဖော်ပြခံခဲ့ရဖူးပါတယ်။ အခုတော့ လာမာက နေ့ချင်းညချင်း သန်းကြွယ်သူဌေး ဖြစ်သွားပါပြီ။

သူ့ရဲ့ ရည်မှန်းချက်အတိုင်း ဆရာဝန်ဖြစ်ဖို့ ကြိုးစားနေတဲ့ လာမာဟာ ထီဆုကြေးငွေနဲ့ ကောင်းတဲ့အရာတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။ Crd

Zawgyi

ေစတနာ ေရာင္ျပန္ဟပ္ၿပီး ထီဆုႀကီးေပါက္ခဲ့သူ

ဂ်ဴးလီးယက္လာမာက သူ႔ဘဝမွာ ပထမဆုံးထိုးတဲ့ထီကေန ကေနဒါေဒၚလာ ၄၈ သန္းတန္(ေပါင္သန္း ၃၀) ထီဆုႀကီး ဆြတ္ခူးခဲ့ပါတယ္။ အယ္လ္ဂိုမာတကၠသိုလ္ေက်ာင္းသူ လာမာဟာ သူ႔အဘိုး အႀကံေပးလို႔ စတိုးဆိုင္ကေန ထီထိုးခဲ့တာပါ။

” ၁၈ ႏွစ္ျပည့္ၿပီဆိုေတာ့ ထီထိုးၿပီး ကံစမ္းၾကည့္ပါလားလို႔ အဘိုးက ေျပာတာ။ အဲဒါနဲ႔ ထီထိုးလိုက္တာ” လို႔ လာမာက ဆိုပါတယ္။ ဒါေပမဲ့ သူက ထီထိုးထားတာကို ေမ့ေနခဲ့ၿပီး ထီဆုႀကီး ေပါက္သြားသူက သူတို႔ၿမိဳ႕မွာ ေနထိုင္သူဆိုတဲ့ သတင္းၾကားေတာ့မွ ထီတိုက္ၾကည့္ခဲ့တာပါ။ လာမာဟာ ထီဆုႀကီးေပါက္တဲ့ အသက္အငယ္ဆုံး ကေနဒါႏိုင္ငံသူ ျဖစ္လာခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၁၃ ႏွစ္( ၅ ႏွစ္သမီး အ႐ြယ္)တုန္းက သူ႔စုဘူးေလးခြဲၿပီး ေဟတီငလ်င္ဒဏ္ ခံစားေနရသူေတြကို လာမာက ကူညီေပးခဲ့ဖူးပါတယ္။ စုဘူးခြဲလိုက္တာ ကေနဒါေဒၚလာ ၆၁.၃၈ ရခဲ့ၿပီး အဲဒီေငြအားလုံးကို ကေနဒါၾကက္ေျခနီအဖြဲ႕ထံ လႉဒါန္းခဲ့တာပါ။

သူတို႔ ညီအစ္မႏွစ္ေယာက္ စုဘူးခြဲၿပီး လႉဒါန္းတဲ့သတင္းကလည္း ႏိုင္ငံတကာစာမ်က္ႏွာေတြမွာ ေဖာ္ျပခံခဲ့ရဖူးပါတယ္။ အခုေတာ့ လာမာက ေန႔ခ်င္းညခ်င္း သန္းႂကြယ္သူေဌး ျဖစ္သြားပါၿပီ။

သူ႔ရဲ႕ ရည္မွန္းခ်က္အတိုင္း ဆရာဝန္ျဖစ္ဖို႔ ႀကိဳးစားေနတဲ့ လာမာဟာ ထီဆုေၾကးေငြနဲ႔ ေကာင္းတဲ့အရာေတြ လုပ္သြားမယ္လို႔ ဆိုပါတယ္။ Crd