ၾကားသိသမွ်

ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်ကို ဦးဝင်းထိန်က အသက်နှင့်ရင်း၍ ထုတ်ပြန်သဖြင့် တော်လှန် ရေး ဖြစ်ပေါ်လာဟု မင်းအောင် လှိုင်က အပြစ်တင်၊

စစ်တပ်ကို တခဲနက် ဆန့်ကျင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်ကို ဦးဝင်းထိန်က အသက်နှင့်ရင်း၍ ထုတ်ပြန်သဖြင့် လက်နက်စွဲကိုင် တော်လှန် ရေး ဖြစ်ပေါ်လာဟု မင်းအောင်လှိုင်က အပြစ်တင်၊ နိုင်ငံ ၏ မြို့နယ် ၁၃၂ ခု တွင် လုံခြုံရေး မထိန်းချုပ်နိုင်တော့ဟု ဝန်ခံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် စစ်တပ်ကို တခဲနက် ဆန့် ကျင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်ကို ဦးဝင်းထိန်က အသက် နှင့် ရင်း၍ ထုတ်ပြန်သဖြင့် လက်နက် စွဲကိုင် တော်လှန်ရေး ဖြစ်ပေါ်လာဟု မင်း အောင်လှိုင်က အပြစ်တင်ပြော ဆို ကြောင်း စစ်တပ်က ယနေ့ ညပိုင်း သတင်း ထုတ်ပြန်သည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ကျင်းပသော စစ်ကောင်စီ၏ ကာ/လုံအစည်း အဝေး တွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ် တင် ပြောဆိုခြင်းဖြစ်သည်။

အကြမ်းဖက် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ ပန်ကြား ချက်သည် ဒီမိုကရေစီကို ဖျက်ဆီးခြင်းဖြစ်ပြီး ဦးဝင်းထိန်၏ အသက်နှင့်ရင်း၍ အာမခံ သည် ဆိုသော ထုတ်ပြန်ချက်ကြောင့် လက်နက်စွဲကိုင် တော်လှန်မှုများ ဖြစ် ပေါ် လာ ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို ထိရောက်စွာ အရေး ယူ ထားကြောင်း ပြောဆိုသည်။

လက်ရှိတွင် မြို့နယ်ပေါင်း ၁၉၈ ခုတွင်သာ လုံခြုံရေး ထိန်းနိုင်ပြီး ၁၃၂ မြို့နယ် တွင် လုံခြုံရေး ထိရောက်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် မြို့နယ် ၃၃၀ ခု ရှိသည့်အနက် ၁၉၈ မြို့နယ်တွင်သာ လုံခြုံရေး ထိန်းနိုင်ပြီး ၁၃၂ မြို့နယ်တွင် မထိန်းနိုင်တော့ကြောင်း မင်းအောင်လှိုင်က ဝန်ခံ ထားပြီး လုံခြုံရေး အလေးထား ဆောင်ရွက်ရမည့် မြို့နယ် ၆၇ မြို့နယ်နှင့် လုံ ခြုံ ရေး ထိထိရောက်ရောက် ဆောင် ရွက်ပေးရန် လိုအပ်သည့် မြို့နယ် ၆၅ မြို့ နယ်ရှိကြောင်း စစ်ကောင်စီ က ထုတ်ပြန်ခဲ့သည်။

” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ပန်ကြားချက် ”
————————————————————————————————-

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံသော်ငြားလည်း လွှတ်တော်နိုင်ငံရေးသို့ ဝင်ရောက်ခဲ့သည့်အချိန်မှစ၍ ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာခဲ့ပါသည်။

၂။ ထိုဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက်လည်း ဥပဒေဘောင်အတွင်းမှ အစဉ်တစိုက် ကြိုးပမ်းခဲ့ပါသည်။

၃။ ၁၉၉၀ ခုနှစ်အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲများတွင်လည်း တည်ဆဲရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာ၍ ယှဉ်ပြိုင်အနိုင်ရခဲ့ပါသည်။

၄။ ဤစာကို အများပြည်သူတို့ ဖတ်ရှုရချိန်တွင် တပ်မတော်သည် ၎င်းတို့ကိုယ်တိုင်ရေးသားအတည်ပြုခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင် လစ်လျူရှုပစ်ပယ်ပြီး ပြည်သူလူထုကြီးက တခဲနက်ဆန္ဒမဲပေး၍ တရားဝင် ရွေးချယ်တင်မြှောက်ထားသော မိမိတို့ လွှတ်တော်နှင့် အစိုးရအဖွဲ့ကိုလည်း ဖျက်သိမ်းခဲ့ပါသည်။

၅။ တပ်မတော်၏လုပ်ရပ်သည် ယခုအခါ အများပြည်သူတို့ ရင်ဆိုင်နေရသော ကိုဗစ်ရောဂါကပ်ဆိုးကြီးကို ဂရုမထားသည့်အပြင် တိုင်းပြည်အား စစ်အာဏာရှင်စနစ်အောက်သို့ ပြန်လည်သွတ်သွင်းရန် ကြိုးပမ်းသောလုပ်ရပ်ဖြစ် ပါသည်။ သို့ဖြစ်ပါ၍ တပ်မတော်မှအာဏာသိမ်းခြင်းကို ပြည်သူလူထုအနေဖြင့် လုံးဝလက်မခံဘဲ တခဲနက် ဆန့်ကျင်တုံ့ပြန်ကြပါရန် တိုက်တွန်းလိုက်ပါသည်။ ပြည်သူသာလျှင် အဓိကဖြစ်ပါသည်။

အောင်ဆန်းစုကြည်

အထက်ပါ “ ပြည်သူသို့ ပန်ကြားချက်’ မှာ ‌ဒေါ်အောင်ဆန်းစုကြည်၏ အာဘော်အစစ်ဖြစ်ကြောင်း ကျွန်ုပ် အသက်နှင့်ရင်း၍ သစ္စာတိုင်တည်ပါသည်။

ဝင်းထိန်