PDF တွေ တိုးတက်လာပြီး “ရန်သူမှာ လေကြောင်းသာ မရှိရင် ငါတို့ နိုင်နေပြီ”လို့ ဦးရည်မွန် ပြော၊
PDF တပ်ရင်း(၃၀၀)ကျော်၊ မြို့နယ်(၂၆၀)မှာ ပကဖ တွေ ဖွဲ့ထားပြီး တပ်မဟာအဆင့်တွေ ဖွဲ့တော့မယ်လို့ဆို၊
MFP ၊ ဖေဖေါ်ဝါရီ – ၁
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အနေနဲ့ စစ်ရေးအရ တိုးတက်မှုတွေ ရှိလာပြီး ရန်သူ စစ်အုပ်စုကို စစ်ကြောင်းအလိုက် ပြုတ်သည်အထိ ဝိုင်းဝန်းချေမှုန်းနိုင်နေပြီ ဖြစ်ကာ စစ်အုပ်စုမှာ လေကြောင်းသာ မရှိရင် တိုက်ပွဲနိုင်နေပြီလို့ ပြောလို့ရကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
ဒီနေ့ ဖေဖေါ်ဝါရီ(၁)ရက် နွေဦးတော်လှန်ရေး နှစ်နှစ်ပြည့်နဲ့ တိုက်ဆိုင်ကာ ရေဒီယို NUG က ထုတ်လွှင့်တဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနက PDF တွေကို အပါတ်စဉ်ပြောကြားတဲ့ မိန့်ခွန်းမှာ ဝန်ကြီး ဦးရည်မွန်က အထက်ပါအတိုင်း ပြောကြားတာ ဖြစ်ပါတယ်။
“ဒီတစ်ကြိမ် အာဏာသိမ်းမှုဟာ စစ်အုပ်စုအနေနဲ့ ကိုယ့်သေတွင်း ကိုယ်တူးတဲ့ လုပ်ရပ်လို့ ပြောရမှာ ဖြစ်တယ်။ အခုဆိုရင် စစ်အာဏာရှင်ရဲ့ နောက်ဆုံးနေ့ဟာ နီးသထက် နီးလာပြီ။ စစ်မြေပြင်က ငါတို့ ရဲဘော်တွေကတော့ ရန်သူမှာ လေကြောင်းသာ မရှိရင် ငါတို့နိုင်နေပြီလို့ ပြောလေ့ရှိကြတယ်။ ဒီစကားဟာ အမှန်တရားပဲ ဖြစ်တယ်။ ရန်သူမှာ လူအား မရှိတော့ဘူး။ စိတ်ဓာတ်အား မရှိတော့ဘူး။
လက်နက်အားကိုး တစ်ခုနဲ့ လေကြောင်းက အလစ်ငိုက် တိုက်ခိုက်ဖို့၊ စစ်ကြောင်းဖွဲ့ပြီး အရပ်သား အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့၊ အပြစ်မဲ့ ပြည်သူတွေကို ညှင်းပမ်း သတ်ဖြတ်ဖို့ ဒီအလုပ်ပဲ လုပ်နိုင်တော့တယ်။ ဒီအလုပ်ပဲ လုပ်တတ် တော့တယ်။ ငါတို့ ရဲဘော်တွေအနေနဲ့ ရန်သူကို စစ်ကြောင်းလိုက် ပြုတ်အောင် ဝိုင်းပတ် ချေမှုန်းနိုင်နေပြီ ဆိုတာလည်း စစ်ရေးအရ အင်မတန် အရေးကြီးတဲ့ တိုးတက်မှုပဲ ဖြစ်တယ်” လို့ ဦးရည်မွန်က ပြောပါတယ်။
လက်ရှိ တော်လှန်ရေးကာလ နှစ်နှစ်ပြည့်ချိန်မှာ PDF တပ်မတော် အနေနဲ့ တပ်ရင်း (၃၀၃)ရင်း ဖွဲ့စည်း ထားနိုင်ပြီ ဖြစ်သလို မြို့နယ် (၂၆၀)မှာ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေ ဖွဲ့စည်း ထူထောင်နိုင်ခဲ့ပြီး မကြာခင် တပ်မဟာအဆင့်တွေ ဖွဲ့စည်းမယ်လို့လည်း ဦးရည်မွန်က ဆိုပါတယ်။
“ငါတို့ ရဲဘော်တွေအနေနဲ့လည်း ထိုက်သင့်တဲ့စစ်ပညာနဲ့ ထိုက်သင့်တဲ့ စစ်ရေး အတွေ့အကြုံ ရရှိခဲ့ပြီး ဖြစ်သလို PDF ရဲ့ ခေါင်းဆောင်ကောင်း၊ ခေါင်းဆောင်လောင်း အမြောက်အမြား ပေါ်ထွက်လာတဲ့ အတွက်လည်း ငါတို့ ဂုဏ်ယူတယ်။ အမိန့်ပေး ကွပ်ကဲမှုစနစ်နဲ့ စစ်ရေး ဆောင်ရွက်ချက်များ ပိုမိုပြီး ထိရောက်စေဖို့ တပ်မဟာအဆင့် စုဖွဲ့မှုတွေကို မကြာခင်မှာ စတင် ဆောင်ရွက်ဖို့ ရှိတယ်ဆိုတာလည်း အသိပေးလိုတယ်” လို့ NUG ဝန်ကြီးက ပြောပါတယ်။
နွေဦးတော်လှန်ရေး နှစ်နှစ်ပြည့်ချိန်မှာ ကာကွယ်ရေးအပိုင်းက သိသာထင်ရှားတဲ့ ရလဒ်နှစ်ခု ပေါ်ထွက်လာပြီလို့ ဆိုနိုင်ပြီး အဲ့တာတွေက ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)ကို ထူထောင်နိုင်ခဲ့ခြင်းနဲ့ PDF တပ်မတော်နဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေကြား စုစည်း ညီညွတ်မှုနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု တည်ဆောက် နိုင်ခဲ့ခြင်းတို့ ဖြစ်တယ်လို့လည်း ဦးရည်မွန်က ဆိုပါတယ်။
CDM တပ်မတော်သားတွေနှင့် CDM ဝန်ထမ်းတွေ အပါအဝင် နွေဦးတော်လှန်ရေးမှာ အသက်၊ ခန္ဓာ၊ အိုးအိမ် စည်းစိမ်တွေ စွန့်လွှတ်ပေးဆပ်ပြီး ပါဝင်နေသူတွေ အားလုံးကို ကျေးဇူးတင် အလေးအမြတ် ပြုပါကြောင်းနှင့် PDF တွေ အနေနဲ့လည်း တော်လှန်ရေး အောင်မြင်ဖို့ အရာရာပေးဆပ်ထားတဲ့ ပြည်သူတွေရဲ့ မျက်နှာကို ကြည့်ပြီး စည်းလုံးညီညွတ်ကြဖို့ NUG ဝန်ကြီးက တိုက်တွန်းသွားပါတယ်။