ၾကားသိသမွ်
ဖိုက်တာဘဝမှ အနားယူချိန်နှင့်ပတ်သတ်ပြီး ဖွင့်ဟလာခဲ့တဲ့ အောင်လအန်ဆန်း…
ဖိုက်တာဘဝမှ အနားယူချိန်နှင့်ပတ်သတ်ပြီး ဖွင့်ဟလာခဲ့တဲ့ အောင်လအန်ဆန်း
မြန်မာ့ဂုဏ်ဆောင် MMA ဖိုက်တာတစ်ဦးဖြစ်တဲ့ ကချင်သားကြီး အောင်လအန်ဆန်းဟာ နောက်ပွဲအတွက် စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်တာကြောင့် လာမည့်ရက်သတ္တပတ်အတွင်းမှာ ပွဲထိုးရတော့မှာ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် 37 နှစ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်တဲ့ အောင်လအန်ဆန်းဟာ မကြာခင်မှာ ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် အောင်လအန်ဆန်းဟာ အနည်းဆုံး နောက် 2 နှစ်ထိ ထိုးသတ်သွားဖို့ရှိနေပြီး ကစားသမားဘဝအနာဂတ်ရဲ့ အစီအစဉ်များကို အားလုံးသိရှိအောင် ယခုလိုဘဲ ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။
” ကျွန်တော်ဟာ ‘ စိတ်သွားတိုင်း ကိုယ်ပါ ‘ သလို ဖြသ်နေတုန်းပါပဲ။ အရာအားလုံးကို မှန်မှန်ကန်ကန် လုပ်ဆောင်သွားမှာပါ။ အရာအားလုံးက ကျွန်တော့်အပေါ်မှာ မူမတည်ပါဘူး။ အားလုံးက ဘုရားသခင်အပေါ်မှာဘဲ မူတည်ပါတယ်။ “
” ကျွန်တော် ဘယ်အချိန်မှာ ဘယ်လိုမျိုး လုပ်မလဲဆိုတာ ယခုချိန်မှာ မပြောပြနိုင်သေးပါဘူး။ ကျွန်တော်က အဌဂံဝိုင်းထဲ ဝင်လိုက်ပြီဆိုကတည်းက အသေခံဖို့ အဆင်သင့်ပါပဲ။ ” ဆိုပြီး အောင်လအန်ဆန်းက ထုတ်ဖော်ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
အောင်လဟာ လက်ရှိအချိန်မှာ နောက်ပွဲအတွက် လေ့ကျင့်ခန်းအစီအစဉ်များကို ပြုလုပ်နေပြီး ပွဲဖြစ်လာမည့်အချိန်ကို ကြံ့ခိုင်မှုအားကောင်းကောင်းဖြင့် စောင့်ဆိုင်းနေပါတယ်။ Crd
Zawgyi