ၾကားသိသမွ်

ဝေဟင်ရိုက်ဓာတ်ပုံနှင့်တကွအောင်မောင်းထုလိုက်တဲ့ အလံမလိပ်တဲ့နေ့

အလံမလိပ်တဲ့နေ့

အအိပ်မက်သူက သပိတ်အတွက်ပူတယ်

မနက်အစောကြီးထရမယ် တဲ့

တကယ်လည်း ကြုံးထခဲ့

ဘတ်စ်ကားပေါ်စောစောရောက်လာသူချင်း

ဓာတ်သိချင်း အားပေးနှုတ်ဆက်

ကားဆရာက

“ပိုက်ဆံမထည့်နဲ့ဗျ

ဒီနေ့ ကျုပ်တို့အောင်ရမယ်”

ဒီလိုနေ့မှာ

ပြည်သူတွေ အသံထွက်လည်းကြောက်

အသံတိတ်လည်းကြောက်

လမ်းပေါ်ထွက်လည်းလန့်

အိမ်ထဲနေလည်းလန့်နေတာ ဘယ်သူတွေပါလိမ့်

ဒီနေ့ကျောင်းမတက်ရင် စာမေးပွဲ၁နှစ်ချမယ်

ဥပဒေမဲ့ ခြိမ်းခြောက်တဲ့ဒရဝမ်

အိမ်ရှင်ကိုဓားပြပြန်တိုက်ပြီး

စတိုင်ရှိမှစတားဖြစ်

စလွယ်ရှိမှပုဏ္ဏားဖြစ် ထင်ရှာသူ

ဓားပြရွှေရ တပြပြကိုထောက်ခံပွဲတဲ့

ပြည်သူကတော့ရှင်းတယ်

သတ်မှတ်ချိန်အတွင်းလမ်းပေါ်ရှိမနေဖို့ပဲမဟုတ်လား

ခေါင်းရွက်မုန့်သည်က လျှော့လုပ်ခဲ့တာ

စောစောကုန် စောစောပြန်မလို့

ဒါကိုသိသူက အကုန်ဝယ်လိုက်တယ်

ငါတို့အားလုံးအတူပဲ

နိုင်တဲ့နည်းနဲ့ပါတုန်းပဲ တဲ့

ချွေးစို့မျက်နှာကိုချွေးစို ငွေစနဲ့ကူတယ်

တရက်လုပ်တရက်စား ပန်းရံသမားတောင်

မိသားစုညှိပြီး ငါးပိနဲ့မျိုချ အသံတိတ်တိုက်သေးတာပဲ

တက္ကစီသမားကတောင်းပန်တယ်

“ဒီနေ့ကားမထွက်ပါ ။အုံနာခရှင်းစရာမရှိလို့

ကူကြပါ”

ချက်ချင်း တုန်ပြန်ကြပုံက

“accountပေးလေ ငွေနိုင်သလောက်ပို့မယ်တဲ့”

နောက်တာပါဗျာ လို့ မယူရက်သူကငြင်းယူရ

သတ်မှတ်ချိန်ရောက်ပြီ

လမ်းပေါ်လူရှိလား ကားရှိလား

ဌာနဆိုင်ရာရုံးရှေ့

လမ်းတွေထွက်လျောက်ကြဟေ့

ညွှန်/မှုးကတုတ်တချောင်းနဲ့

ကျွဲမောင်းနွားမောင်းလည်း

လမ်းမတွေဟောင်းလောင်းပဲ

ပြည်သူကလည်း ကျေးလက်မြို့ကြီး

ဈေးကြီးခြောက်ကပ် လမ်းလူပြတ်

ဓာတ်ပုံရိုက်ပြီး အောင်စိတ်မျှ

ဒရဝမ်ကလည်း

ကြိုးတိုးကြဲတဲ မသာပွဲကို

ဝှဲချီးကျင်းအံ့ ဝါဒဖြန့်

google map ကတော့မညာပါဘူး

ညာလို့လည်းမရပါဘူး

အင်းစိန် ဆူးလေ နာရီဝက်နဲ့မောင်းနိုင်ကြောင်း

ဝေဟင်ရိုက်ဓာတ်ပုံနှင့်တကွ

အောင်မောင်းထုပါရဲ့

မြတ်သောပြည်သူများခင်ဗျား

တဦးချင်းစီ တာဝန်ကျေသမျှ

အောင်ခဲ့ပါတယ်

Silent Strike ကြီး

ကမ္ဘာတုန်ဟီးအောင်ပါတယ်

နိုင်ငံတကာမှာ ကိုယ်ပွားပြည်သူတွေက

တာဝန်ဆက်ယူပါတယ်

ငါတို့မြေမှာ

အိမ်ရှင်ပြည်သူနဲ့ ဒရဝမ်ဓားပြ ယှဉ်ကြတဲ့ပွဲမှာ

သွေးမအေး သွေးမကြောင် ပြည်သူများက

ပြတ်ပြတ်သားသား နိုင်ခဲ့ကြောင်း

သက်သေကောင်းစွာထူနိုင်ခဲ့

နိုင်ငံတကာက

မှန်စွာသုံးသပ်ဆုံးဖြတ်ပေးမယ့်အောင်ပွဲပါ

နောက်ဆက်တွဲရလဒ် ဖန်သားပြင်မှာရှုစားပါ

အရေးကြုံတိုင်း ဆက်ညီပါ

အားလုံးကိုယ်စား

အားလုံးကကျေးဇူးတင်ပါတယ်

(မိတ်ဆွေများထံမှရရှိသမျှကောက်နုတ်မျှဝေခြင်း
ဖြစ်ပါတယ်)

#မင်းကိုနိုင်
၁/၂/၂၀၂၃

Zawgyi

အလံမလိပ္တဲ့ေန႔

အအိပ္မက္သူက သပိတ္အတြက္ပူတယ္

မနက္အေစာႀကီးထရမယ္ တဲ့

တကယ္လည္း ႀကဳံးထခဲ့

ဘတ္စ္ကားေပၚေစာေစာေရာက္လာသူခ်င္း

ဓာတ္သိခ်င္း အားေပးႏႈတ္ဆက္

ကားဆရာက

“ပိုက္ဆံမထည့္နဲ႔ဗ်

ဒီေန႔ က်ဳပ္တို႔ေအာင္ရမယ္”

ဒီလိုေန႔မွာ

ျပည္သူေတြ အသံထြက္လည္းေၾကာက္

အသံတိတ္လည္းေၾကာက္

လမ္းေပၚထြက္လည္းလန႔္

အိမ္ထဲေနလည္းလန႔္ေနတာ ဘယ္သူေတြပါလိမ့္

ဒီေန႔ေက်ာင္းမတက္ရင္ စာေမးပြဲ၁ႏွစ္ခ်မယ္

ဥပေဒမဲ့ ၿခိမ္းေျခာက္တဲ့ဒရဝမ္

အိမ္ရွင္ကိုဓားျပျပန္တိုက္ၿပီး

စတိုင္ရွိမွစတားျဖစ္

စလြယ္ရွိမွပုဏၰားျဖစ္ ထင္ရွာသူ

ဓားျပေ႐ႊရ တျပျပကိုေထာက္ခံပြဲတဲ့

ျပည္သူကေတာ့ရွင္းတယ္

သတ္မွတ္ခ်ိန္အတြင္းလမ္းေပၚရွိမေနဖို႔ပဲမဟုတ္လား

ေခါင္း႐ြက္မုန႔္သည္က ေလွ်ာ့လုပ္ခဲ့တာ

ေစာေစာကုန္ ေစာေစာျပန္မလို႔

ဒါကိုသိသူက အကုန္ဝယ္လိုက္တယ္

ငါတို႔အားလုံးအတူပဲ

ႏိုင္တဲ့နည္းနဲ႔ပါတုန္းပဲ တဲ့

ေခြၽးစို႔မ်က္ႏွာကိုေခြၽးစို ေငြစနဲ႔ကူတယ္

တရက္လုပ္တရက္စား ပန္းရံသမားေတာင္

မိသားစုညႇိၿပီး ငါးပိနဲ႔မ်ိဳခ် အသံတိတ္တိုက္ေသးတာပဲ

တကၠစီသမားကေတာင္းပန္တယ္

“ဒီေန႔ကားမထြက္ပါ ။အုံနာခရွင္းစရာမရွိလို႔

ကူၾကပါ”

ခ်က္ခ်င္း တုန္ျပန္ၾကပုံက

“accountေပးေလ ေငြႏိုင္သေလာက္ပို႔မယ္တဲ့”

ေနာက္တာပါဗ်ာ လို႔ မယူရက္သူကျငင္းယူရ

သတ္မွတ္ခ်ိန္ေရာက္ၿပီ

လမ္းေပၚလူရွိလား ကားရွိလား

ဌာနဆိုင္ရာ႐ုံးေရွ႕

လမ္းေတြထြက္ေလ်ာက္ၾကေဟ့

ၫႊန္/မႈးကတုတ္တေခ်ာင္းနဲ႔

ကြၽဲေမာင္းႏြားေမာင္းလည္း

လမ္းမေတြေဟာင္းေလာင္းပဲ

ျပည္သူကလည္း ေက်းလက္ၿမိဳ႕ႀကီး

ေဈးႀကီးေျခာက္ကပ္ လမ္းလူျပတ္

ဓာတ္ပုံ႐ိုက္ၿပီး ေအာင္စိတ္မွ်

ဒရဝမ္ကလည္း

ႀကိဳးတိုးႀကဲတဲ မသာပြဲကို

ဝွဲခ်ီးက်င္းအံ့ ဝါဒျဖန႔္

google map ကေတာ့မညာပါဘူး

ညာလို႔လည္းမရပါဘူး

အင္းစိန္ ဆူးေလ နာရီဝက္နဲ႔ေမာင္းႏိုင္ေၾကာင္း

ေဝဟင္႐ိုက္ဓာတ္ပုံႏွင့္တကြ

ေအာင္ေမာင္းထုပါရဲ႕

ျမတ္ေသာျပည္သူမ်ားခင္ဗ်ား

တဦးခ်င္းစီ တာဝန္ေက်သမွ်

ေအာင္ခဲ့ပါတယ္

Silent Strike ႀကီး

ကမာၻတုန္ဟီးေအာင္ပါတယ္

ႏိုင္ငံတကာမွာ ကိုယ္ပြားျပည္သူေတြက

တာဝန္ဆက္ယူပါတယ္

ငါတို႔ေျမမွာ

အိမ္ရွင္ျပည္သူနဲ႔ ဒရဝမ္ဓားျပ ယွဥ္ၾကတဲ့ပြဲမွာ

ေသြးမေအး ေသြးမေၾကာင္ ျပည္သူမ်ားက

ျပတ္ျပတ္သားသား ႏိုင္ခဲ့ေၾကာင္း

သက္ေသေကာင္းစြာထူႏိုင္ခဲ့

ႏိုင္ငံတကာက

မွန္စြာသုံးသပ္ဆုံးျဖတ္ေပးမယ့္ေအာင္ပြဲပါ

ေနာက္ဆက္တြဲရလဒ္ ဖန္သားျပင္မွာရႈစားပါ

အေရးႀကဳံတိုင္း ဆက္ညီပါ

အားလုံးကိုယ္စား

အားလုံးကေက်းဇူးတင္ပါတယ္

(မိတ္ေဆြမ်ားထံမွရရွိသမွ်ေကာက္ႏုတ္မွ်ေဝျခင္း
ျဖစ္ပါတယ္)

#မင္းကိုႏိုင္
၁/၂/၂၀၂၃