ၾကားသိသမွ်

ရာသီဥတုအေးလွန်းတာကြောင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ခြုံစောင် ၁ ထည်တောင်းခံရာ ထောင်အာဏာပိုင်များမပေး

“နိုင်ငံတော်သမ္မတဦးဝင်းမြင့် ခြုံစောင် ၁ ထည်တောင်းခံရာ ထောင်အာဏာပိုင်များမပေး”

တောင်ငူထောင်မှာ အကျဉ်းချခံနေရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရာသီဥတုအေးလွန်းတဲ့ကာလ ခြုံစောင်တထည်ထပ်တောင်းတာကို ထောင်အာဏာပိုင်တွေက မပေးတဲ့အကြောင်း တောင်ငူထောင်တွင်းကနေ DVBကို ပေးပို့တဲ့ စာအရသိရပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီက နေပြည် ထောင်ကနေ ဇန်နဝါရီ ၁၄ ရက်မှာ ပြောင်းရွှေ့ပြီး တောင်ငူအကျဉ်းထောင်ထဲမှာသီးသန့် တည်ဆောက်ထားတဲ့ အဆောက်အဦးတခုမှာ လုံခြုံရေးဝန်ထမ်းအင်အားများစွာ အချိန်ပြည့် မပြတ်စောင့်ကြည့်နေတာဖြစ်ပါတယ်။

အခုလိုအေးလွန်းတဲ့ရာသီ ဥတုမှာ အသက်အရွယ်ကြီးရင့်သူတယောက်ကို စောင်တထည်ပဲ ပေးထားတာကြောင့်၊ နောက်ထပ် စောင်ထပ်တောင်းတာကို ထောင်အာဏာပိုင်က အထက်ကိုတင်ပြထားတယ်လို့ပဲပြောဆိုပြီး စောင်ထပ်မထုတ်ပေးဘူးလို့ဆိုပါတယ်။

“သမ္မတကြီး ဦးဝင်းမြင့်ကို သီးသန့်အဆောက်အဦးတခုမှာ နေစေပြီး၊ ခုတင်တလုံး၊ ဖျာတချပ်၊ စောင်တထည်၊ ခေါင်းအုံး တလုံးသာပေးထားပါတယ်။ အပြင်နဲ့လုံးဝအဆက်အသွယ် ပြတ်အောင်လုပ်ထားပြီ သမ္မတကြီးက စောင်တထည် ထပ်တောင်းတာကို အထက်ကိုတင်ပြမယ်ဆိုပြီး မထုတ်ပေးဘဲထားပါတယ်။ ခေါင်းလိမ်းဖို့ အုန်းဆီတောင်ပေးမသွင်းဘူး” လို့ထောင်တွင်းကပေးပို့တဲ့ စာမှာရေးသားထားပါတယ်။

သမ္မတကြီး ဦးဝင်းမြင့်ရဲ့ ထောင်တွင်းအခြေအနေနဲ့ ပတ်သက်ပြီး တောင်ငူထောင် အာဏာပိုင်တွေကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်က သမ္မတကြီးရဲ့ ရှေ့နေအဖွဲ့တဖွဲ့က တောင်ငူထောင်ကိုလာပြီး သမ္မတကြီးနဲ့တွေ့ဖို့ကြိုးစားခဲ့သလို မိသားစုက ထောင်ဝင်စာပို့ဖို့လာတဲ့အခါမှာ အကျဉ်းထောင် အရာရှိတွေက သမ္မတ ဦးဝင်းမြင့် တောင်ငူထောင်မှာမရှိဘူးလို့ လိမ်လည်ငြင်းဆိုလိုက်ကြောင်း ထောင်ဝန်ထမ်း မိသားစု အသိုက်အဝန်းကနေ သိရပါတယ်။

သမ္မတကြီးကို တောင်ငူထောင် ဗဟိုကင်း မျှော်စင်ဘေး သီးသန့်ဆောက်ထားတဲ့ လုံးခြင်းအိမ်လေးမှာ ထားပြီး ထောင်ဝန်ထမ်း ၅ ယောက်၊ SB- ၂ ယောက်၊ လက်နက်အပြည့်အစုံနဲ့ ရဲက ၅ ယောက်လောက်ချထားကာ၊ တခြားအကျဉ်းသားတွေကို အဲ့ဒိနေရာကို မသွားဖို့ကန့်သတ် နယ်မြေလုပ်ထားပါတယ်။

သမ္မတကြီးဦးဝင်းမြင့်ကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာပြုမှု ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) အပြင် ရဟတ်ယာဉ်ဝယ်ယူငှားရမ်းမှုနဲ့ပတ်သက်လို့ အဂတိလိုက်စားမှု ၅ မှုနဲ့ စစ်ကောင်စီစွပ်စွဲပြီး စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ် ချမှတ်ထားပါတယ်။
DVB

Zawgyi

“ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္ ၿခဳံေစာင္ ၁ ထည္ေတာင္းခံရာ ေထာင္အာဏာပိုင္မ်ားမေပး”

ေတာင္ငူေထာင္မွာ အက်ဥ္းခ်ခံေနရတဲ့ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ရာသီဥတုေအးလြန္းတဲ့ကာလ ၿခဳံေစာင္တထည္ထပ္ေတာင္းတာကို ေထာင္အာဏာပိုင္ေတြက မေပးတဲ့အေၾကာင္း ေတာင္ငူေထာင္တြင္းကေန DVBကို ေပးပို႔တဲ့ စာအရသိရပါတယ္။

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ကို စစ္ေကာင္စီက ေနျပည္ ေထာင္ကေန ဇန္နဝါရီ ၁၄ ရက္မွာ ေျပာင္းေ႐ႊ႕ၿပီး ေတာင္ငူအက်ဥ္းေထာင္ထဲမွာသီးသန႔္ တည္ေဆာက္ထားတဲ့ အေဆာက္အဦးတခုမွာ လုံၿခဳံေရးဝန္ထမ္းအင္အားမ်ားစြာ အခ်ိန္ျပည့္ မျပတ္ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။

အခုလိုေအးလြန္းတဲ့ရာသီ ဥတုမွာ အသက္အ႐ြယ္ႀကီးရင့္သူတေယာက္ကို ေစာင္တထည္ပဲ ေပးထားတာေၾကာင့္၊ ေနာက္ထပ္ ေစာင္ထပ္ေတာင္းတာကို ေထာင္အာဏာပိုင္က အထက္ကိုတင္ျပထားတယ္လို႔ပဲေျပာဆိုၿပီး ေစာင္ထပ္မထုတ္ေပးဘူးလို႔ဆိုပါတယ္။

“သမၼတႀကီး ဦးဝင္းျမင့္ကို သီးသန႔္အေဆာက္အဦးတခုမွာ ေနေစၿပီး၊ ခုတင္တလုံး၊ ဖ်ာတခ်ပ္၊ ေစာင္တထည္၊ ေခါင္းအုံး တလုံးသာေပးထားပါတယ္။ အျပင္နဲ႔လုံးဝအဆက္အသြယ္ ျပတ္ေအာင္လုပ္ထားၿပီ သမၼတႀကီးက ေစာင္တထည္ ထပ္ေတာင္းတာကို အထက္ကိုတင္ျပမယ္ဆိုၿပီး မထုတ္ေပးဘဲထားပါတယ္။ ေခါင္းလိမ္းဖို႔ အုန္းဆီေတာင္ေပးမသြင္းဘူး” လို႔ေထာင္တြင္းကေပးပို႔တဲ့ စာမွာေရးသားထားပါတယ္။

သမၼတႀကီး ဦးဝင္းျမင့္ရဲ႕ ေထာင္တြင္းအေျခအေနနဲ႔ ပတ္သက္ၿပီး ေတာင္ငူေထာင္ အာဏာပိုင္ေတြကိုေတာ့ ဆက္သြယ္ေမးျမန္းႏိုင္ျခင္းမရွိေသးပါဘူး။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၂၃ ရက္က သမၼတႀကီးရဲ႕ ေရွ႕ေနအဖြဲ႕တဖြဲ႕က ေတာင္ငူေထာင္ကိုလာၿပီး သမၼတႀကီးနဲ႔ေတြ႕ဖို႔ႀကိဳးစားခဲ့သလို မိသားစုက ေထာင္ဝင္စာပို႔ဖို႔လာတဲ့အခါမွာ အက်ဥ္းေထာင္ အရာရွိေတြက သမၼတ ဦးဝင္းျမင့္ ေတာင္ငူေထာင္မွာမရွိဘူးလို႔ လိမ္လည္ျငင္းဆိုလိုက္ေၾကာင္း ေထာင္ဝန္ထမ္း မိသားစု အသိုက္အဝန္းကေန သိရပါတယ္။

သမၼတႀကီးကို ေတာင္ငူေထာင္ ဗဟိုကင္း ေမွ်ာ္စင္ေဘး သီးသန႔္ေဆာက္ထားတဲ့ လုံးျခင္းအိမ္ေလးမွာ ထားၿပီး ေထာင္ဝန္ထမ္း ၅ ေယာက္၊ SB- ၂ ေယာက္၊ လက္နက္အျပည့္အစုံနဲ႔ ရဲက ၅ ေယာက္ေလာက္ခ်ထားကာ၊ တျခားအက်ဥ္းသားေတြကို အဲ့ဒိေနရာကို မသြားဖို႔ကန႔္သတ္ နယ္ေျမလုပ္ထားပါတယ္။

သမၼတႀကီးဦးဝင္းျမင့္ကို ဆူပူေအာင္လႈံ႕ေဆာ္မႈ ပုဒ္မ ၅၀၅ (ခ)၊ သဘာဝေဘးစီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ နဲ႔ ေ႐ြးေကာက္ပြဲေကာ္မရွင္အေပၚ မေလ်ာ္ၾသဇာျပဳမႈ ရာဇသတ္ႀကီးပုဒ္မ ၁၃၀ (က) အျပင္ ရဟတ္ယာဥ္ဝယ္ယူငွားရမ္းမႈနဲ႔ပတ္သက္လို႔ အဂတိလိုက္စားမႈ ၅ မႈနဲ႔ စစ္ေကာင္စီစြပ္စြဲၿပီး စုစုေပါင္း ေထာင္ဒဏ္ ၁၂ ႏွစ္ ခ်မွတ္ထားပါတယ္။
DVB