“ရွေးကောက်ပွဲကို အမြန်ဆုံး တုံ့ပြန်ပြီး NUG ကို အသိအမှတ်ပြုဖို့ အစီရင်ခံစာတင်လိုက်တဲ့ တွမ်အင်ဒရူး ”
မြန်မာစစ်တပ်က ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံတကာအသိအမှတ်ပြုအောင် ကြိုးပမ်းမှု့တွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ချက်ချင်း ငြ်းဆိုရမယ်လို့ ကုလသမဂ္ဂ အစည်းအဝေးမှာ တွမ်အင်ဒရူးက အစီရင်ခံစာ တင်ပြလိုက်ပါတယ် ။ ဒီအစီရင်ခံစာဟာ အရေးကြီးတဲ့ အစီရင်ခံစာဖြစ်လို့ အမြန်ဆုံး အကောင်အထည်ဖော်ဖို့အတွက်လည်း နယူးယော့မှာကျင်းပတဲ့ အစည်းအဝေးမှာ တင်ပြလိုက်တာပါ ။
ဒီအစည်းအဝေးကို ကုလသမဂ္ဂအပြင် ၊ နိုင်ငံတကာ ရွေးကောက်ပွဲ အကူအညီပေးရေးအဖွဲ့ ( International IDEA ) အဖွဲ့ကိုလည်း ဖိတ်ကြားထားပါတယ် ။
” စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ဖို့ ၊ နိုင်ငံတကာအသိုင်းအဝိုင်းက အခိုင်အမာရပ်တည်ဖို့ ၊ ခိုင်မာသော အဖွဲ့ဝင်နိုင်ငံတွေရဲ့ ညွန့်ပေါင်းအစိုးရ ဖန်တီးဖို့ ၊ ညှိနှိုင်းထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု့တွေကို တွန်းအားပေးဖို့ နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ ( NUG ) ကို အသိအမှတ်ပြုပေးဖို့တွေအတွက် တောင်းဆိုပါတယ် ”
” ကောက်ချက်ချရရင်တော့ ရှင်းပါတယ် ။ မြန်မာစစ်တပ်ဟာ တရားမဝင် အာဏာသိမ်းထားပေမဲ့ ရွေးကောက်ခံအစိုးရကို တရာမဝင်လို့ ပြောကြားထားပါတယ် ။ တကယ့်အစစ်အမှန် အကျပ်အတည်းကို ညှိနှိုင်းမယ်ဆိုရင် မြန်မာစစ်တပ်က ကျင်းပမဲ့ အတုအယောင် ရွေးကောက်ပွဲမတိုင်ခင်မှာ တုံ့ပြန်ဖို့လိုပါတယ် ။ ”
လို့ တွမ်အင်ဒရူးက အစီရင်ခံစာမှာ ဖော်ပြထားပါတယ် ။
အစည်းအဝေးမှာ နိုင်ငံတကာ ရွေးကောက်ပွဲ ကူညီရေးအဖွဲ့ကနေ
– မြန်မာနိုင်ငံဆိုင်ရာ ရွေးကောက်ပွဲများ ဖြတ်ကျော်ခြင်း
– မြန်မာစစ်တပ်က တင်သွင်းထားတဲ့ ရွေးကောက်ပွဲပုံစံ ထည့်သွင်းစဉ်းစားမှု့
– ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု့
– ရွေးကောက်ပွဲ မှန်ကန်မှု့ ဖြေရှင်းချက်
တွေကို အကျဉ်းချုပ် တင်ပြပါတယ် ။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်နဲ့ ကုလသမဂ္ဂ ထိပ်တန်းအရာရှိတွေကလည်း အရေးပေါ် တောင်းဆိုမှု့တွေ ပြုလုပ်ခဲ့ကြပါတယ် ။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ခန့်အပ်ထားတဲ့ အထူးသံတမန် Heyzer ကလည်း
” တိုင်းပြည်နဲ့ ပြည်သူတွေအပေါ် ဆိုးဆိုးရွားရွား ဖြစ်နေတယ် ”
လို့ ဆိုပါတယ် ။
ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၄၀ % ဟာ ဆင်းရဲမွဲတေမှု့မျဉ်းရဲ့အောက်ကို ရောက်ရှိနေပါတယ် ။ လူပေါင်း ၁၅.၅ သန်းဟာ စားနပ်ရိက္ခာ မပြည့်စုံပါဘူး ။ အရပ်သား အဆောက်အဦး ၃ သောင်းကျော် မီးရှို့ခံခဲ့ရပါတယ် ။
လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို ချမှတ်ခြင်းဟာ အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်ပါ ။
” အဓိကနယ်ပယ်သုံးရပ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကတိကဝတ်တွေ ပေးကြဖို့လိုပါတယ် ။ အရပ်သားကာကွယ်ရေး အစီအမံတွေကို ဖော်ဆောင်ဖို့အတွက် စည်းလုံးညီညွတ်တဲ့ ရပ်တည်ချက်တွေ လိုအပ်ပါတယ်။ ”
ဆက်လက်ပြီး တွမ်အင်ဒရူးက အဓိကတင်ပြလိုတဲ့အချက်ကို တင်ပြရာမှာ
” မိမိတိုင်းပြည်က ပြည်သူတွေကို ထိခိုက်နစ်နာအောင် ရာဇဝတ်မှု့တွေ ကျူးလွန်နေတဲ့ စစ်တပ်ကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်နေတယ်ဆိုတာ မဖြစ်နိုင်ပါဘူး ။ ”
” အကြမ်းဖက်မှု့တွေက နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အပြစ်မဲ့ အရပ်သားတွေအပေါ် ဆိုးသထက်ဆိုးနေပါတယ် ။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂအနေနဲ့ အကြမ်းဖက်မှု့တွေကို ရပပ်တန့်ပြီး ရွေးကောက်ပွဲကို အမြန်ဆုံးတုံ့ပြန်ပြီး NUG ကို အသိအမှတ် ပြုပေးရပါလိမ့်မယ် ။
ဒါကတော့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့သတင်းကို ထုတ်နုတ် တင်ပြလိုက်တာပါ ။
တိုတိုရှင်းရှင်း သုံးသပ်ရမယ်ဆိုရင် ” အကင်းပါးတဲ့ တွမ်အင်ဒရူး ” လို့ပဲ ဆိုချင်ပါတယ် ။
နိုင်ငံတစ်ခုခုမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့အခါ ” နိုင်ငံတကာ ရွေးကောက်ပွဲ ကူညီရေးအဖွဲ့ ( IDEA ) ထံကို သက်ဆိုင်ရာနိုင်ငံ အစိုးရကနေ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ မဲစာရင်း ၊ မဲဂုံ ၊ မဲဆန္ဒနယ် ၊ ကိုယ်စားလှယ် ဆိုသလို ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေကို တင်ပြရပါတယ် ။ ဒီအခါ ဒီအဖွဲ့ကြီးက ရွေးကောက်ပွဲ စောင့်ကြည့်သူတွေနဲ့ ကူညီသူတွေကို လွှတ်ပေးပါတယ် ။
ဆိုတော့ ၊ အကင်းပါးတဲ့ အင်ဒရူးဟာ ရွေးကောက်ပွဲ စောင့်ကြည့် ကူညီရေးအဖွဲ့ကို ကုလသမဂ္ဂ အစည်းအဝေးထံ ဖိတ်ကြားလိုက်ပါတယ် ။ ကုလအတွင်းရေးမှုးချုပ်နဲ့ ကုလထိပ်တန်း အရာရှိတွေအရှေ့မှာ
” မိမိနိုင်ငံက ပြည်သူတွေကို ရာဇဝတ်မှု့ကျူးလွန်နေတဲ့ စစ်တပ်ကနေ ရွေးကောက်ပွဲလုပ်မယ်ဆိုတာဟာ မဖြစ်နိုင်ပါဘူး ” လို့ တရားဝင် ပြောကြားလိုက်ပြီး မြန်မာစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို အမြန်ဆုံး တုံ့ပြန်ဖို့နဲ့ NUG ကို အသိအမှတ်ပြုပေးဖို့ ပြောကြားလိုက်တာဆိုတော့ ၊ အကင်းပါးတဲ့ တွမ်အင်ဒရူးရဲ့ လုပ်ရပ်လို့ပဲ ဆိုချင်ပါတယ် ။
ဘကြီးအောင် LA
31 January, 2023