ၾကားသိသမွ်

ဖြူဖြူကျော်သိန်းကို ငှားရင် အဲ့ဒီသီချင်းမဆိုဖို့ပြောထားလို့ ရာဇသံပေးခံရတဲ့မြို့ ရှိခဲ့ဖူးတယ်….

“စစ်”
၂၀၁၅ ဧပြီ က ထွက်ခဲ့တဲ့သီချင်း…

စစ်ပွဲတွေရပ် ဆိုတဲ့ ငြိမ်းချမ်းရေးသီချင်း….

အဲ့ဒီသီချင်းနဲ့ ပြိုင်ချင်တဲ့ ပြိုင်ပွဲဝင်တွေကို ခွင့်မပြုတဲ့ TV channel က သီချင်းဆိုပြိုင်ပွဲတွေ ရှိခဲ့ဖူးတယ်….

အဲ့ဒီအခွေထုတ်လို့ သုံးနှစ်အတွင်းဂီတလောက က ပျောက်သွားအောင် လုပ်ပစ်မယ်လို့ ခြိမ်းခြောက်ခံရဖူးတယ်( ခုထိလည်း လုပ်နေတုန်းပါပဲ😔)

နောက်ဆုံးမှတ်မိတာက…

၂၀၁၉ ရန်ကုန် ကျိုက္ကဆံကွင်းမှာလုပ်ခဲ့တဲ့ တိုင်းရင်းသားစုံညီပွဲ(ပွဲနာမည်အတိအကျတော့မမှတ်မိတော့ဘူး)ရဲ့ backstage မှာ သီချင်းစီနေတုန်း လာပြောတယ်၊ အဲ့ဒီသီချင်းမဆိုဖို့ အထက်က ပြောလို့ပါတဲ့။ “ဟုတ်ကဲ့…ကျွန်မ ဒီည အဲ့ဒါဆိုဖို့ အစီအစဉ်မရှိပါဘူး” လို့ဆိုပြီး “မျက်ရည်” သီချင်းလေးပဲ ဆိုပေးခဲ့တယ် 😉။

အော် 2019 တဲ့…စစ်ပွဲတွေဆိုတာ သီချင်းထဲမှာတောင် ရပ်ခွင့်မရသေးပါလားလို့ပဲ သက်ပြင်းချမိခဲ့တယ်။ စစ်ပွဲတွေရပ် ဆိုတဲ့သီချင်းကို ဘာကြောင့်မဆိုစေချင်တာလဲ လို့ အပြေးအလွှား စဉ်းစားမိသေးတယ်။ ကိုယ်ပဲ ဉာဏ်မမှီတာလားလို့။

အဲ့လိုနဲ့ …၂၀၂၁ ဖေဖော်ဝါရီ လ ၁ ရက်နေ့ မိုးလင်းတော့…အော်…ငါ အိမ်မှာ ရှိနေသေးတယ် ဆိုပြီး ကြံဖန်စိတ်ဖြေရသေးတယ်။ ခဏပါပဲ…မကြာခင် ကိုယ်လည်း ကျောပိုးအိတ်တစ်လုံးမှာ သီချင်းတွေ အပြည့်ထည့်ပြီး ထွက်ခဲ့ရတာပါပဲ။ ဒီတခါတော့ မင်းတို့ကို အချုပ်အနှောင်ကင်းတဲ့ လွတ်မြောက်ခြင်းလွင်ပြင်ဆီ ပို့‌ပေးမယ်လို့ပြောပြီး ခေါ်လာခဲ့တာ…..

ဒီလိုနဲ့ …တလောက online တက်ရင်း ဒီသီချင်းလေးကို မိန်းမငယ်လေးတစ်ယောက်က drum cover လေးတီးထားတာ သွားတွေ့တယ်။

အပီအပြင် mood အပြည့်နဲ့။ တီးထားတာလေးလည်းကောင်းပါ့။ drum ချက်‌တွေရိုက်ချလိုက်တိုင်းကျည်ဆံတွေထွက်ကျလာသလို ရိုက်ထားတာ။

အော်…သူ့ကို ဒီသီချင်းမတီးမဆိုဖို့ ဘယ်သူမှတားမယ့်သူ မရှိတော့ဘူးပဲ။ တားလည်း မတားနိုင်ကြ‌တော့ဘူးပေါ့။ ကံကောင်းလိုက်တာလို့ ….

ဒါပေမယ့်…သူကလေ…မီးလောင်ပျက်စီးပြာကျပြီး စစ်မြေပြင်ဖြစ်သွားတဲ့ မြန်မာပြည်ကြီးရဲ့ တစ်နေရာမှာ စစ်ဝတ်စစ်စားနဲ့ drum လေးချပြီး တီးနေရှာတာ…..

အော်…လွတ်လပ်ခြင်းဆိုတာ အတော်လည်း ဈေးကြီးတာပါလား လို့ ……
#freedom-is-not-free