ၾကားသိသမွ်

အမေရိကန်မှာကျင်းပမည့် ပြိုင်ပွဲမှာ အောင်လအန်ဆန်းရဲ့နောက်ပွဲ ပါဝင်လာဖို့ရှိနေ

အားလုံးသိရှိပြီးသည့်အတိုင်း နှစ်ထပ်ကွမ်းချန်ပီယံဟောင်း ကချင်သားကြီး အောင်လအန်ဆန်းဟာ မကြာသေးခင်ကမှ ONE Championship နှင့် စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာမှုတစ်ခု ပြုလုပ်သွားခဲ့ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ ပရိသတ်တွေသာ မကြာ‌ခင်မှာ အောင်လအန်ဆန်းရဲ့နောက်ပွဲကို ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

ပြိုင်ဘက် မည်သူဖြစ်မလဲဆိုတာ အောင်လအန်ဆန်းက ထုတ်ပြောသွားခြင်းမရှိခဲ့ပေမယ့် သူ့ရဲ့နောက်ပွဲဟာ ဘယ်အချိန်မှာ ဖြစ်လာမလဲဆိုတဲ့ အခြေအနေအပေါ် အောင်လက အင်တာဗျူးပြုလုပ်နေစဉ်အတွင်းမှာဘဲ အရိပ်အမြွက်ပြောကြားသွားခဲ့ပါတယ်။

ONE Championship သာ လာမည့် မေလထဲမှာ ပြိုင်ပွဲတစ်ခုကျင်းပပြုလုပ်ဖို့ ရှိနေပါတယ်။ ယင်းပြိုင်ပွဲကြီးကို အမေရိကန်မှာ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ ONE Championship ဟာ ၎င်းတို့ပြိုင်ပွဲကျင်းပရာ နိုင်ငံက ဖိုက်တာများကို ယင်းပြိုင်ပွဲတွင် အခွင့်အရေးပေးလေ့ရှိတာကြောင့် ONE FIGHT NIGHT 10 ပြိုင်ပွဲကြီးတွင် အမေရိကန်အကျော်အမော်ဖိုက်တာတစ်ဦးဖြစ်သူ အောင်လအန်ဆန်းရဲ့နောက်ပွဲ ပါဝင်လာဖို့ သေချာသလောက်ရှိနေပါတယ်။

သို့ပေမယ့်လည်း ယခုလပိုင်းအတွင်းမှာလည်း ပြိုင်ပွဲတွေကို ONE Championship က တောက်လျှောက်ကျင်းပပြုလုပ်သွားမည်ဖြစ်တာကြောင့် အောင်လအန်ဆန်းပွဲဟာ မေလထက် စောကောင်းစောနိုင်ပါတယ်။ လက်တလောမှာ အောင်လရဲ့နောက်ပြိုင်ဘက်ဖြစ်နိုင်မားည့် ဖိုက်တာစာရင်းထဲမှာလည်း များများစားစား မရှိပါဘူး။

ဗစ်တလီ ဘစ်ဒက်ရှ်နဲ့က ပြီးခဲ့တဲ့နှစ်ကမှ ထိုးသတ်ထားတာကြောင့် ထပ်မံပွဲဖြစ်လာနိုင်ဖို့ မရှိပါဘူး။ သူနဲ့ပွဲပျက်သွားခဲ့တဲ့ ဖန်ဝေါင်းနှင့်ပွဲပြန်ဖြစ်လာနိုင်သလို ဖိုက်တာသစ် ရှမေစလ် အဒူလာလက်ဗ်နဲ့လည်း ပွဲဖြစ်လာနိုင်ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ်အောင်လရဲ့နောက်ပွဲဟာ ချန်ပီယံလုခွင့်အဆုံးအဖြတ်ပွဲမျိုး (သို့ ) ချန်ပီယံစိန်ခေါ်ခွင့်ပွဲမျိုး သေချာပေါက် ဖြစ်လာမည်ဖြစ်သည်။
Crd-

Zawgyi

အားလုံးသိရွိၿပီးသည့္အတိုင္း ႏွစ္ထပ္ကြမ္းခ်န္ပီယံေဟာင္း ကခ်င္သားႀကီး ေအာင္လအန္ဆန္းဟာ မၾကာေသးခင္ကမွ ONE Championship ႏွင့္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ေၾကာင္း တရားဝင္ေၾကညာမႈတစ္ခု ျပဳလုပ္သြားခဲ့ပါတယ္။

ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ပရိသတ္ေတြသာ မၾကာ‌ခင္မွာ ေအာင္လအန္ဆန္းရဲ႕ေနာက္ပြဲကို ၾကည့္ရႈရေတာ့မွာ ျဖစ္ပါတယ္။
ၿပိဳင္ဘက္ မည္သူျဖစ္မလဲဆိုတာ ေအာင္လအန္ဆန္းက ထုတ္ေျပာသြားျခင္းမရွိခဲ့ေပမယ့္ သူ႔ရဲ႕ေနာက္ပြဲဟာ ဘယ္အခ်ိန္မွာ ျဖစ္လာမလဲဆိုတဲ့ အေျခအေနအေပၚ ေအာင္လက အင္တာဗ်ဴးျပဳလုပ္ေနစဥ္အတြင္းမွာဘဲ အရိပ္အႁမြက္ေျပာၾကားသြားခဲ့ပါတယ္။

ONE Championship သာ လာမည့္ ေမလထဲမွာ ၿပိဳင္ပြဲတစ္ခုက်င္းပျပဳလုပ္ဖို႔ ရွိေနပါတယ္။ ယင္းၿပိဳင္ပြဲႀကီးကို အေမရိကန္မွာ ျပဳလုပ္သြားဖို႔ စီစဥ္ထားပါတယ္။ ONE Championship ဟာ ၎တို႔ၿပိဳင္ပြဲက်င္းပရာ ႏိုင္ငံက ဖိုက္တာမ်ားကို ယင္းၿပိဳင္ပြဲတြင္ အခြင့္အေရးေပးေလ့ရွိတာေၾကာင့္ ONE FIGHT NIGHT 10 ၿပိဳင္ပြဲႀကီးတြင္ အေမရိကန္အေက်ာ္အေမာ္ဖိုက္တာတစ္ဦးျဖစ္သူ ေအာင္လအန္ဆန္းရဲ႕ေနာက္ပြဲ ပါဝင္လာဖို႔ ေသခ်ာသေလာက္ရွိေနပါတယ္။

သို႔ေပမယ့္လည္း ယခုလပိုင္းအတြင္းမွာလည္း ၿပိဳင္ပြဲေတြကို ONE Championship က ေတာက္ေလွ်ာက္က်င္းပျပဳလုပ္သြားမည္ျဖစ္တာေၾကာင့္ ေအာင္လအန္ဆန္းပြဲဟာ ေမလထက္ ေစာေကာင္းေစာႏိုင္ပါတယ္။ လက္တေလာမွာ ေအာင္လရဲ႕ေနာက္ၿပိဳင္ဘက္ျဖစ္ႏိုင္မားည့္ ဖိုက္တာစာရင္းထဲမွာလည္း မ်ားမ်ားစားစား မရွိပါဘူး။

ဗစ္တလီ ဘစ္ဒက္ရွ္နဲ႔က ၿပီးခဲ့တဲ့ႏွစ္ကမွ ထိုးသတ္ထားတာေၾကာင့္ ထပ္မံပြဲျဖစ္လာႏိုင္ဖို႔ မရွိပါဘူး။ သူနဲ႔ပြဲပ်က္သြားခဲ့တဲ့ ဖန္ေဝါင္းႏွင့္ပြဲျပန္ျဖစ္လာႏိုင္သလို ဖိုက္တာသစ္ ရွေမစလ္ အဒူလာလက္ဗ္နဲ႔လည္း ပြဲျဖစ္လာႏိုင္ပါတယ္။

ဘယ္လိုဘဲျဖစ္ျဖစ္ေအာင္လရဲ႕ေနာက္ပြဲဟာ ခ်န္ပီယံလုခြင့္အဆုံးအျဖတ္ပြဲမ်ိဳး (သို႔ ) ခ်န္ပီယံစိန္ေခၚခြင့္ပြဲမ်ိဳး ေသခ်ာေပါက္ ျဖစ္လာမည္ျဖစ္သည္။
Crd-