ၾကားသိသမွ်

NUGက မြေပြင်မှာ လ က်န က်တပ်ဆင်မှုကို အင်နဲ့အားနဲ့ ဆောင်ရွက်လျှက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြော

NUGက မြေပြင်မှာ လက်နက်တပ်ဆင်မှုကို အင်နဲ့အားနဲ့ ဆောင်ရွက်လျှက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြော
အောင်ပွဲက နီးသထက် နီးလာပြီလို့ဆို

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ရာမှာ အင်နဲ့အားနဲ့ ဆောင်ရွက်လျှက်ရှိတယ်လို့ NUG စီမံကိန်း ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားလိုက်ပါတယ်။

NUGအစိုးရဟာ ပြည်သူ့‌ကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ပေးရာမှာ သတင်းထုတ်ပြန်မှုကို အကန့်အသတ်အရ နေရာအချို့ကိုသာ ထုတ်ပြန်ပေးနေရပေမယ့် လက်တွေ့မြေပြင်မှာ အကုန်လုံး လွှမ်းခြုံ မနိုင်သေးသော်ငြားတခြားနေရာတွေမှာလည်း အင်နဲ့အားနဲ့ ထောက်ကူဆောင်ရွက်တပ်ဆင်လျှက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ရေးသားပြောဆိုခဲ့တာပါ။

“သတင်းထုတ်ပြန်မှု အကန့်အသတ်အရ နေရာဒေသ တချို့ကိုသာ တပ်ဆင်ပေးနေကြောင်း အသိပေးနေရပါတယ်..လက်တွေ့မြေပြင်မှာ အကုန်လုံး လွှမ်းခြုံ မနိုင်သေးသော်ငြားတခြားနေရာတွေမှာလည်း အင်နဲ့အားနဲ့ ထောက်ကူဆောင်ရွက်တပ်ဆင်လျက်ရှိပါတယ်.”လို့ ဝန်ကြီးက ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ပြည်သူတွေရဲ့အင်တိုက်အားတိုက် ပုံအောလိုက်ပါမှုကြောင့် အသီးအပွင့်တွေဝေဆာတဲ့ အောင်ပွဲကနီးသထက်နီးလာခဲ့ပြီလို့ ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသား‌နယ်မြေတွေမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFစစ်ကြောင်းတွေကို လက်နက်တပ်ဆင်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။ #KNA