ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ဈေးနှုန်းများ ဖြစ်ပါသည်။
ဆန်
ရွှေဘိုပေါ်ဆန်း (ဆန်အသစ်) တ အိတ် ၈၅၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်
ဆန်ချော (ဧရာဝတီတိုင်းပေါ်ဆန်းအုပ်စုဝင်) ၁ အိတ် ၇၀၀၀၀ ကျပ်ကျော် မှ ၈၀၀၀၀ ကျပ်ကျော်
ဆန်ချော (ဧရာဝတီပေါ်ဆန်းအုပ်စုဝင် ဆန်အသစ်) ၁ အိတ် ၆၃၀၀၀ ကျပ်မှ ၇၂၀၀၀ ကျပ်
ဆန်ကြမ်းအဟောင်း (ငစိန်၊ ဇီယာ၊ ရက် ၉၀ အုပ်စုဝင်) ၁ အိတ် ၅၆၀၀၀ ကျပ်မှ ၅၇၀၀၀ ကျပ်
ဆန်ကြမ်း အသစ် ၄၈၀၀၀ ကနေ ၅၀၀၀၀ ကျပ်ကြား ရှိ
စားအုန်းဆီ
စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကားသတ်မှတ်ဈေးမှာ ၁ ပိဿာ ၄၄၄၀ ကျပ်
ယင်းဈေးမှာ ဇန်နဝါရီလ ၂၃ ရက်မှ ဇန်နဝါရီ ၂၉ ရက်နေ့ အထိ စစ်ကောင်စီ သတ်မှတ်ထားသည့် ရန်ကုန် အထိုင် လက်ကား ဈေးဖြစ်ပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ရန်ကုန်မြို့ရှိ မြို့နယ်များတွင် တန်းစီစနစ်နှင့် ရောင်းချရာတွင် စားအုန်းဆီ ၁ ပိဿာလျှင် ၄၆၅၀ ကျပ်နှုန်းဖြင့် ရောင်းချနေသည်။
စားအုန်းဆီ ပြင်ပ ဈေးမှာ ၁ ပိဿာ ၅၈၀၀ ကျပ် မှ ၇၀၀၀ ကျပ် ကြား ပတ်ဝန်းကျင်တွင် ရှိနေ (နေရာဒေသလိုက်၍ ဈေးနှုန်းကွာခြားမှုရှိနိုင်ပါသည်။)
စက်သုံးဆီ
(ဓာတ်ဆီဈေးမှာ အတက်ဈေးတွင်တန့်နေပြီး ဒီဇယ်ဈေးမှာ ယမန်နေ့ထက် တလီတာ ၄၀ ကျပ် ထပ်တက်လာသည်။)
ဓာတ်ဆီ ၉၂ ၁ လီတာ ၂၃၀၅ ကျပ်
ဓာတ်ဆီ ၉၅ ၁ လီတာ ၂၃၈၅ ကျပ်
ဒီဇယ် ၁ လီတာ ၂၅၂၀ ကျပ်
ပရီမီယံ ဒီဇယ် ၁ လီတာ ၂၆၀၀ ကျပ်
စစ်ကောင်စီ၏ သတ်မှတ်ဈေးတွင် ရန်ကုန်မြို့နှင့် တခြားတိုင်းနှင့် ပြည်နယ်များတွင် သယ်ယူပို့ဆောင်မှု စရိတ်အပေါ် မူတည်၍ ဈေးနှုန်း ကွာဟမှု ရှိနိုင်ပြီး ဝေးလံခေါင်ဖျားသည့် ဒေသများတွင်မှု စစ်ကောင်စီ၏ သတ်မှတ်ဈေးထက် ပို၍ မြင့်တက်မှုများ ရှိသည်။
ရွှေနှင့် ဒေါ်လာ
အမေရိကန် ၁ ဒေါ်လာလျှင် စစ်ကောင်စီ သတ်မှတ်ဈေးမှာ ၂၁၀၀ ကျပ်
ပြင်ပဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၂၈၆၅ ကျပ် (ဈေးပြန်တက်နေ)
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံး (YGEA) ဈေးမှာ အခေါက်ရွှေ ၁ ကျပ်သား ၂၂၉၃၈၀၀ ကျပ် (ဈေးဆက်တက်)
ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၁၉၄၇ ဒေါ်လာ (ဈေးဆက်တက်)
စစ်ကောင်စီ၏ ပြင်ပ အကယ်ဒမီအခေါက်ရွှေ သတ်မှတ်ဈေးမှာ ၁ ကျပ်သားလျှင် ၂၅၃၀၀၀၀ ကျပ်
ပြင်ပအခေါက်ရွှေ ပေါက်ဈေးမှာ ၁ ကျပ်သားလျှင် ၂၈၅၀၀၀၀ ကျပ် (ဈေးဆက်တက်နေ)
ပြင်ပ ၁၅ ပဲရည် လက်ဝတ်ရတနာ ပေါက်ဈေးမှာ ၂၇၀၀၀၀၀ ကျပ်ကျော်
အထက်ပါ ဈေးနှုန်းများမှာ အချိန်နှင့်အမျှ အပြောင်းအလဲ ရှိနိုင်ပါသည်။
Zawgyi
ဆန်
စားအုန်းဆီ
စက်သုံးဆီ
ဒီဇယ် ၁ လီတာ ၂၅၂၀ ကျပ်
ရွှေနှင့် ဒေါ်လာ