R2P အခြေခံမူဖြင့် မြန်မာ့အရေး ဖြေရှင်းပေးရန် ကုလကို တိုက်တွန်း
ဧရာဝတီ၊ ဇန်နဝါရီ ၂၆၊ ၂၀၂၃
မြန်မာနိုင်ငံအရေးကိစ္စ နှင့် မြန်မာစစ်တပ်အား ၎င်းတို့ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ကုလသမဂ္ဂ အနေဖြင့် R2P (Responsibility to Protect) အခြေခံမူသဘောတရားကိုစွဲကိုင်ကာ အရေးယူ ဆောင်ရွက်ရမည့်အချိန်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။
နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့ကပြုလုပ်သော စီးပွားရေးနှင့် လူမှုရေးကောင်စီတွင် “လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတို့အား ကြိုတင်ကာကွယ်နိုင်မည့် လူမှုရေးနှင့် စီးပွားရေးလုပ်ဆောင်ချက်များ” ခေါင်းစဉ်ဖြင့် အထူးအစည်းအဝေး၌ ၎င်းက မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
R2P – Responsibility to Protect ၏ အခြေခံသဘောတရားသည် နိုင်ငံသူ၊နိုင်ငံသားများကို ကာကွယ်ရမည့် တာဝန်ကို ဒေသခံအစိုးရက ပျက်ကွက်နေသည့်အခါတွင် နိုင်ငံတကာအသိုက်အဝန်းမှ ဝင်ရောက်စွက်ဖက်ရန် တာဝန်ရှိခြင်းဖြစ်သည်။
သံအမတ်ကြီးက မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံအရ စစ်တပ်မှ အကျိုးခံစားနေသော ပြစ်ဒဏ်ခတ်မှု မခံရခြင်းကို အပြီးတိုင်ရပ်တန့်ခြင်းနှင့် စစ်တပ်အား စစ်မှန်စွာ ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရအောက်တွင် ပြည့်ပြည့်ဝဝထားရှိခြင်းကသာလျှင် ပြည်သူများအား ရက်စက်ကြမ်းကြုတ်မှုများ၏ အန္တရာယ်မှ ကာကွယ်နိုင်မည့် နည်းလမ်းတစ်ခု ဖြစ်ကြောင်း ၊ အထူးသဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အား ချုပ်ငြိမ်းစေခြင်းက အလွန်အရေးပါအရာရောက်ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဖက်ဆစ်စစ်တပ်သည် တိုင်းရင်းသားလူနည်းစုများနှင့် ရိုဟင်ဂျာများ အပါအဝင် မြန်မာပြည်သူပြည်သားများအပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများစွာ ကျူးလွန်ခဲ့ကြောင်း၊ ထို့အပြင် ဖက်ဆစ်စစ်တပ်အနေဖြင့် ၎င်းတို့ကျူးလွန်သည့် ရာဇဝတ်မှုများကို ရပ်တန့်ခြင်းမရှိဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားမဝင် စစ်အာဏာသိမ်းမှုကိုပင် ကျူးလွန်ခဲ့သလို တရားမဝင် စစ်အာဏာသိမ်းမှု (၂) နှစ်တာကြာမြင့်သည့် ကာလတလျှောက်တွင် လူမဆန်သောစစ်တပ်အနေဖြင့် ပြည်တွင်းတရားဥပဒေ စိုးမိုးရေးကို လုံးဝဥဿုံဖျက်ဆီးခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာပြည်သူများနှင့် ဒေသတွင်းအခြေအနေအပေါ် ကြီးလေးသော နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက အဆိုပါ အစည်းအဝေးတွင် ထည့်သွင်းပြောဆိုခဲ့သည်။