ၾကားသိသမွ်

ယနေ့နံနက် ကျူံဒိုးတို-က်ပွဲ စကစ တပ် ‌ေ-သ ဆုံးမှုများကာ တပ်ဆုတ်ထွက်ပြေးဟု ဆို

ယနေ့နံနက် ကျူံဒိုးတိုက်ပွဲ စစ်သားသေဆုံးမှုများကာ တပ်ဆုတ်ပြေးဟု ဆို

26 Jan 2023 By MPA 001

ယနေ့နံနက်ဖြစ်ပွားခဲ့သည့် ကော့ကရိတ်မြို့နယ်၊ကျူံဒိုးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အကျအဆုံးများကာ တပ်ဆုတ်ပြေးသွားကြောင်းသိရသည်။

ယနေ့ မနက် ၇နာရီမှ စတင်ကာ Lion Battalion Commando – ဗျူဟာစစ်ကြောင်း၊DKBA၊ပူးပေါင်း BGFတပ်ဖွဲ့နှင့် KNDOနှင့် PDFပူးပေါင်းထားသည့် ဂဠုန်စစ်ကြောင်းတို့က ကျုံဒိုးမြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ကြကြောင်း Lion Battalion Commando – ဗျူဟာစစ်ကြောင်းမှရဲဘော်တစ်ဦးက ပြောသည်။

“ဒီနေ့ ၇ နာရီလောက်မှာ စတိုက်တာ။ စစ်ခွေးတွေသေတာများတယ်။ မြေပြင်ရှင်းလင်းပြီးရင် ကျွန်တော်တို့ ထုတ်ပြန်ပါ့မယ်။ အခုတော့ သူတို့မရှိတော့ဘူး။ ပွဲပြီးသွားပါပြီ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သားများ သေဆုံးခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။

ယနေ့တိုက်ပွဲတွင် Lion Battalion Commando – ဗျူဟာစစ်ကြောင်းမှ ရဲဘော်တစ်ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၃ ဦးထက်မနည်း ရှိကြောင်း ကျုံဒိုးတိုက်ပွဲအတွင်း ရောက်ရှိနေသည့် ၎င်းက အတည်ပြုသည်။

“မနေ့က တိုက်ပွဲတော်တော်ကြမ်းတယ်။ စကစဘက်က လက်နက်ကြီးနဲ့ထုတဲ့အပြင်M35 i ရဟတ်ယာဉ်တစ်စီးနဲ့ ဂျက် ၆ ခါပျံပြီး စစ်ကူပေးတိုက်တာ။ ကျုံဒိုးမြို့အနီးတဝိုက်ကရွာတွေရဲ့ အိမ်ပေါ်လက်နက်ကြီးကျလို့ တိုက်ပွဲရှောင်နေရတဲ့သူတွေလည်းများတယ်”ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် ကော့ကရိတ်တိုက်ပွဲသည် ၆ ရက်ကြာခဲ့ပြီဖြစ်ပြီး ယနေ့အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ကမ်းနီ ၊ မိဂလုံ၊ ကော့ဘိန်း အစရှိသည့် ကျေးရွာများက ဒေသခံပြည်သူများ ထွက်ပြေးနေရပြီး လက်နက်ကြီးကျသဖြင့် ပြည်သူ့နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း MPA က စုံစမ်းသိရသည်။