ၾကားသိသမွ်

ကျပ်နှစ်ထောင်ကျော်ဝန်းကျင်ဖြင့် စျေးနှုန်းတည်ငြိမ်နေခဲ့တဲ့ စက်သုံးဆီစျေး ၁၉၀၀ အောက်ကျဆင်းလာ

စက်သုံးဆီစျေး ၁၉၀၀ အောက်ကျဆင်းလာ

ဒီဇင်ဘာ ၉

ယနေ့ဒီဇင်ဘာ၉ရက် ရန်ကုန်တိုင်း စက်သုံးဆီစျေးနှုန်းတွေဟာ ၁၉၀၀ ကျပ်အောက်အထိ ကျဆင်းလာခဲ့ပြီး
အရောင်းဆိုင်များမှာ 92 Ron တစ်လီတာလျင် ၁၈၃၀ ကျပ်ဖြင့်ရောင်းချပေးနေတယ်လို့ စက်သုံးဆီစျေးကွက်အရသိရပါတယ်။

“ဒီနေ့မနက်ကဆီဝင်ဖြည့်တော့ 92 ကတစ်လီတာ ၁၈၃၀ ​ဖြစ်နေတယ်။ ကျွန်တော်က 95 သုံးတော့ 95 တစ်လီတာကို ၁၉၂၅ပေးဝယ်ခဲ့ရတယ်၊ လိုသလောက်ဖြည့်လို့ရပါတယ်။ ဒီသောကြာနေ့မှာ သိသိသာသာကျထားတော့ ပိုအဆင်ပြေသွားတယ်။ ဘာလို့လဲဆို စနေနဲ့တနဂ်နွေပိတ်ရက်မှာဒီစျေးနဲ့ပဲဆိုတော့ ပိုကောင်းသွားတာ”လို့ ယနေစ့က်သုံးဆီဝယ်ယူခဲ့သူတစ်ဦးကပြောပါတယ်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့တဲ့ စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအရ ရန်ကုန်တိုင်းအတွင်း၌ 92 Ron တစ်လီတာလျင် ၁၈၃၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၉၂၅ ကျပ်၊ HSD(500 ppm)မှာ တစ်လီတာလျင် ၂၁၂၅ ကျပ်၊ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ်လီတာလျင် ၂၂၀၀ ကျပ်ဖြစ်တယ်လို့ ယနေ့ဒီဇင်ဘာ၉ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း စက်သုံးဆီစျေးနှုန်းတွေဟာ ကျပ်နှစ်ထောင်ဝန်းကျင်ဖြင့် စျေးနှုန်းတည်ငြိမ်နေခဲ့ပြီးမှ ဒီဇင်ဘာ၈ရက်ကစပြီး ကျပ်၁၉၀၀အောက်သို့ ကျဆင်းလာခဲ့တာဖြစ်ရာ ဒီဇင်ဘာ၈ရက်နေ့ရန်ကုန်တိုင်း စက်သုံးဆီစျေးနှုန်းဟာ 92 Ron တစ်လီတာလျင် ၁၉၁၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၀၀၅ ကျပ်၊ HSD(500 ppm)မှာ တစ်လီတာလျင် ၂၂၇၀ ကျပ်၊ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ်လီတာလျင် ၂၃၉၅ ကျပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ထို့ပြင်ရည်ညွန်းလက်ကားစျေးနှုန်းများကိုတော့ ရန်ကုန် တိုင်း၌ 92 Ron တစ်လီတာလျင် ၁၇၃၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၈၂၉ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၀၂၃ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တိုမှာ တစ်လီတာလျင် ၂၀၉၇ ကျပ်တို့အဖြစ် သတ်မှတ်ခဲ့တာပါ။

အဆိုပါ စျေးနှုန်းတွေဟာ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ပြီး ထုတ်ပြန်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews