ၾကားသိသမွ်

လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ကျူးလွန်ခဲ့သည့် စရဖ ရုံး၊ တပ်မ ၃၃ ၊ တပ်မ ၉၉ တို့ကို ဗြိတိန်နိုင်ငံမှ ဒဏ်ခတ်ပိတ်ဆို့အရေးယူ

စရဖ ရုံး၊ တပ်မ ၃၃ ၊ တပ်မ ၉၉ တို့ကို ဗြိတိန်နိုင်ငံမှ ဒဏ်ခတ်ပိတ်ဆို့အရေးယူ

ရန်ကုန်၊ ဒီဇင်ဘာ ၉

လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ကျူးလွန်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံ ရေး အရာရှိချုပ်ရုံး(စရဖ)၊ တပ်မ ၃၃ နှင့် တပ်မ ၉၉ တို့ကို ဗြိတိန်နိုင်ငံအစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေး ယူကြောင်း ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးသည် စစ်ကြောရေးလုပ်ရာတွင် မုဒိန်းမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှု အပါအဝင် ညှင်းပန်းနှိပ်စက်မှုများစွာကို အဓိကကျူးလွန်သူဖြစ်ကြောင်း၊ ခြေမြန်တပ်မ ၃၃ နှင့် ၉၉ တို့ သည် ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် လိင်အကြမ်းဖက်ခြင်းအပါအဝင် အ ခြား အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ကြောင်း မြန်မာနိုင်ငံရာ ဗြိတိန်သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

“လူ့အခွင့်အရေးနဲ့ တရား ဥပဒေစိုးမိုးရေးကဏ္ဍတွေမှာ ယူကေနိုင်ငံက ဦးဆောင်သူ ဖြစ်အောင်လုပ်ပြ နိုင်တာကို ကျွန်တော့်အနေနဲ့ ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ မှန်တယ်လို့ ယုံကြည်တဲ့အရာတွေ အ တွက် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မားမားမတ်မတ်ရပ်တည်နေပါတယ်။

ကျွန်တော်တို့ရဲ့ အခြေခံကျတဲ့ လူ့အ ခွင့်အရေးတွေက ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရပါတယ်၊ အဲဒီချိုးဖောက်မှုတွေရဲ့ နောက်ကွယ်က သူ တွေကို တာဝန်ခံစေဖို့၊ အရေးယူနိုင်ဖို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ဆက်လက်လုပ်ဆောင်သွားပါ့မယ်။ ဒီလိုမျိုး ကျယ်ပြန့်တဲ့ တုံ့ပြန်လုပ်ဆောင်မှုတွေကတဆင့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု အပါအဝင် တခြားမြောက်များစွာသော ရက်စက်ကြမ်းကြုတ်မှုတွေကို ရွံ့ရှာ ထိတ်လန့်ဖွယ် ကျူးလွန်နေတဲ့ သူတွေ ကို ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်” ဟု ယူကေနိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလဲဗာလီ က ပြောကြား သည်။

လက်ရှိတွင် ဗြိတိန်နိုင်ငံအစိုးရမှ လူပုဂ္ဂိုလ် ၃၀ ဦးနှင့် အဖွဲ့အစည်း ၂၃ ခုကို မြန်မာနိုင်ငံ၏ လူ့အခွင့် အရေး ချိုး ဖောက်မှုများတွင် တာဝန်ရှိသူများအဖြစ် သတ်မှတ်ကာ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားပြီး ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာမိတ်ဖက်နိုင်ငံများနှင့် ညှိနှိုင်းပြီး ပူးပေါင်းပြုလုပ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများသည် ကမ္ဘာ တဝှမ်းရှိ အကျင့်ပျက်ခြစားသူများ၊ လူ့အခွင့်အရေးချိုးဖောက်သူများ၊ လိင်အကြမ်းဖက်မှု ကျူးလွန်သူ များကို ပစ်မှတ်ထားအရေးယူသည့် ကမ္ဘာလုံးဆိုင်ရာအရေးယူတုံ့ပြန်မှုပုံစံကြီးတစ်ခု၏ တစ်စိတ် တစ် ပိုင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။