ၾကားသိသမွ်

အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း ကြိုတင်ပြင်ဆင်လျက်ရှိ

အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း အစွမ်းကုန် ကြိုးစား၍ စစ်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်လျက်ရှိ

ဒီဇင်ဘာ(၉) ရက် ||| နွေဦးအသံ |||

၂၀၂၃ ခုနှစ်ဟာ ပြည်သူများအတွက် အဆုံးအဖြတ်နှစ်ဖြစ်ပြီး အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း NUG ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးပြောကြားလိုက်ပါတယ်။

“ကျနော်တို့က အကောင်းကို မျှော်လင့်တယ်၊ ကျနော်တို့က လက်ရှိအခြေအနေတွေကို သုံးသပ်ပြီးတော့ ရေးဆွဲထားတဲ့ one year plan လည်း ဆရာတို့လည်း သိပြီးသားပဲ၊ အဲဒီမှာ ပြင်ဆင်ပြီးတော့ တဆင့်ပြီး တဆင့် တက်သွားဖို့လဲ စီမံခန့်ခွဲမှုကို ကျနော်တို့ ငွေရေးကြေးရေး အရရော နိုင်ငံရေးအရရော နိုင်ငံတကာရေးရာ အရရော အားလုံး တွက်ချက်ပြီးတော့ ကျနော်တို့ ပြင်ဆင်ထားတယ်၊

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့လည်း ဒါကျနော်တို့ တိုင်ပင်ထားတယ်၊ ဒီဟာက ဒါကျနော်တို့ဘာသာ ကျနော်တို့ ကြေညာထားတဲ့ ကြေညာချက်မဟုတ်ဘူး၊ ဒါ အဖွဲ့အစည်းတွေ အားလုံး နဲ့ တိုင်ပင်ပြီးမှ ဒါကို ပြင်ဆင်ထားတာ ဖြစ်တဲ့အတွက် ကျနော်တို့ကတော့ အကောင်းဆုံးကိုတော့ မျှော်လင့်တယ်၊ ဒါပေမဲ့ အဆိုးဆုံးကိုလည်း ပြင်ဆင်ပြီးတော့ အဲဒါကို သွားမယ်၊ ပြည်သူလူထုအတွက်တော့ ကျနော်ထင်တယ် ၂၀၂၃ ဟာ … ကျနော်တို့ အဖြေတခုထွက်လာမယ့် နှစ်လို့တော့ ကျနော်ယုံကြည်ပါတယ်ဗျ ”

ဆက်လက်ပြီး ဝန်ကြီးက တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် ပြည်သူများကို ကျန်းမာရေးကုသစောင့်ရှောက်မှုပေးနိုင်ရန် PDF ရဲဘော်(၁၀)ဦးခန့်တွင် ဆေးတပ်သား(၁)ဦး ဖြစ်လာနိုင်ရန် လေ့ကျင့်သင်ကြားပေးနေသလို ကျန်းမာရေးဆိုင်ရာ အရေးပေါ်ပစ္စည်းများ ထောက်ပံ့လျက်ရှိကြောင်း၊

တပ်ရင်း(၁)ရင်းတွင်း ဆေးမှူး(၁)ဦးနှုန်းခန့်နှင့် ဖွဲ့စည်းထားသကဲ့သို့၊ Mobile Team ၊ Mobile Hospital (၁၆၇) ရုံနဲ့ အခြေစိုက်ဆေးရုံ(၅၆)ရုံခန့်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ပူးပေါင်းပြုလုပ်ကာ စစ်ပွဲအတွက် ပြင်ဆင်နေကြောင်း၊

စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ အစရှိသော ထိန်းချုပ်နယ်မြေများတွင် ပြည်သူလူထုကို အခြေခံကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်ပေးနိုင်အောင် စီစဉ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လက်ရှိဆောင်ရွက်နေတာတွေကို ဒီဇင်ဘာ(၉)ရက်က RFA ရဲ့ အင်တာဗျူးတခုမှာ အသေးစိတ်ဖြေကြားခဲ့တာပါ။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အာဆီယံအစည်းအဝေးအပြီးတွင် နိုင်ငံတကာက ပိုပြီး ထိတွေ့ဆက်ဆံလာပြီး ကျန်းမာရေးနဲ့ လူသားချင်းစာနာမှု အထောက်အပံ့အကူအညီတွေ ပိုမိုရရှိလာခြင်းက လာမယ့်နှစ် တိုက်ပွဲတွေအတွက် ပြင်ဆင်ဖို့ အားပိုကောင်းလာကြောင်းနဲ့ အစွမ်းကုန်ကြိုးစားမယ့်အကြောင်း ပြောကြားထားတာကို သိရပါတယ်။