ၾကားသိသမွ်

ပင်လယ်ပြင်မှာ စက်ပျက်ပြီး ၁၀ ရက်ကြာမျောပါနေတဲ့ ရိုဟင်ဂျာ ၁၆၀ ခန့်ပါစက်လှေကို ကယ်ဆယ်နိုင်မှုမရှိသေး

ပင်လယ်ပြင်မှာ ၁၀ ရက်ကြာမျောပါနေတဲ့ ရိုဟင်ဂျာ ၁၆၀ ခန့်ပါစက်လှေကို ကယ်ဆယ်နိုင်မှုမရှိသေး

မဲခေါင်၊ ဒီဇင်ဘာ ၆

ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၁၆၀ လောက် တင်ဆောင်ထားတဲ့ စက်လှေ တစ်စီးဟာ ပင်လယ်ပြင်ထဲမှာ မျောပါနေတာ ၁၀ ရက်ကြာပြီဖြစ်ပေမယ့် လက်ရှိ အချိန်အထိ ကယ်ဆယ်နိုင်မှု မရှိသေးဘူးလို့ သိရပါတယ်။

သူတို့ဟာ မလေးရှားနိုင်ငံကို အလုပ်လုပ်ဖို့ သွားတဲ့သူတွေဖြစ်ကာ ပင်လယ်ပြင်မှာ စက်ပျက်ပြီး မျောနေတာ ၁၀ ရက်ကြာပြီ ဖြစ်တာကြောင့် အစာရေစာ ငတ်မွတ်ကာ အသက်ဆုံးရှုံးသူတွေ ရှိတယ်လို့လည်း ရိုဟင်ဂျာ လူငယ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။

“သူတို့ပါသွားတဲ့ အစာရေစာက တစ်ရက်စာ၊ နှစ်ရက်စာလောက်ပဲ ဖြစ်မှာပါ။ ရက်အတော်ကြာပြီ ဆိုတော့ အစာရေစာ ငတ်နေမှာပါ။ ဒါကြောင့် ကလေးသူငယ် အပါအဝင် အဲဒီ သင်္ဘောပေါ်မှာ ရိုဟင်ဂျာ ၁၀ ယောက်ကျော်ကျော် အသက်ဆုံးရှုံးထားတယ်လို့ ကျွန်တော်တို့ ကြားသိရပါတယ်။ ကျွန်တော်တို့ ကြိုးစားပြီးတော့ ထိုင်းအစိုးရကို အကြောင်းကြားထားတယ်။ သူတို့စုံစမ်းနေတယ်လို့ ကြားသိရတယ်။ ဒါပေမယ့် ဒီကနေ့ ဒီအချိန်ထိ အခုထိ ဘယ်ကယ်ဆယ်ရေးမှ သူတို့ကို ကယ်လို့ မရသေးဘူး ဖြစ်နေတယ်။သူတို့ ပင်လယ်ပေါ်မှာ မျောနေဆဲပဲ‌ ဖြစ်ပါတယ်” လို့ ရိုဟင်ဂျာလူငယ် လူ့အခွင့်အရေး လှုပ်ရှားသူ ကိုဇာနည်စိုးက ပြောပါတယ်။

ဒီဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ ဖြစ်နိုင်သလို ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း ကလည်း ဖြစ်နိုင်ပါတယ်။

လက်ရှိမှာ ထိုင်းအစိုးရက ကူညီပေးဖို့ လုပ်နေပြီး သူတို့ ရောက်ရှိနေတဲ့ နေရာကို ဂြိုလ်တု ကနေ တစ်ဆင့် ရှာဖွေတွေ့ရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ စထွက်တာ ၁၀ ရက်လောက်ရှိပြီလို့ သိရတယ်။ Boat ပေါ် ပါသွားတဲ့လူတွေရဲ့ အမျိုးတွေဆီက သိရတာတော့ ၁၀ ရက်လောက်ရှိပြီ။ သူတို့ဆီကနေ ကျွန်တော်တို့ အဆက်သွယ်ရတယ်။ Satellite ဖုန်းပါသွားတော့။ စက်ပျက်သွားတယ်။ စက်ပျက်သွားတော့ ပင်လယ်ထဲမှာ မျောနေတယ်။ အစတုန်းကတော့ ထိုင်းနိုင်ငံနဲ့ နီးတဲ့ပင်လယ်ပြင်မှာလို့ ပြောတယ်။ အခုနောက်ဆုံး သိရတာကတော့ အခု မလေးရှားက လန်ဂါဝီ ဆိုတဲ့ ပင်လယ်ပြင်နားကို ရောက်နေပြီဆိုတဲ့ မျောပါသွားပြီဆိုတဲ့ သတင်းရထားတယ်။ ဒါကတော့ ထိုင်းအစိုးရ ဘက်က UNHCR တို့က သူတို့ ကယ်ဆယ်ဖို့ လုပ်တယ်ဆိုတာ ကတော့ ကျွန်တော်တို့ အတိအကျတော့ မသိရသေးဘူး” လို့ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေး အဖွဲ့ဝင် ဦးအောင်ကျော်မိုးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်က လူမျိုးတုန်း သတ်ဖြတ်မှုကို ပုံစံမျိုးစုံနဲ့ ဆက်လက် ကျူးလွန်နေတာ၊ စစ်တွေက ရိုဟင်ဂျာ တစ်သိန်းနှစ်သောင်းကျော်ဟာ ၁၀ စုနှစ်တခုကျော် ဒုက္ခသည်စခန်းမှာ လူ့ဂုဏ်သိက္ခာမဲ့ အခြေခံ လူ့အခွင့်အရေးမဲ့ နေထိုင်ရတာ အပြင် ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းမှာလည်း တစ်သန်းနီးပါးသော လူမျိုးတုန်း သတ်ဖြတ်မှုဘေးက ထွက်ပြေးခဲ့တဲ့ သူတွေဟာ ၅ နှစ်ကျော် အထိ ဒုက္ခသည်အခွင့်အရေးမရဘဲ မှောင်မိုက်တဲ့ အခြေအနေနဲ့ မျှော်လင့်ချက်မဲ့ နေရတာတွေကြောင့် ဘဝကို လောင်းကြေးရိုက်ပြီး ပင်လယ်ကို ဖြတ်ကူးကာ လူလိုသူလို နေထိုင်ဖို့ ကြိုးပမ်းတာ ဖြစ်တယ်လို့ NUG အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုးက မှတ်ချက်ပြု ထားပါတယ်။

မနေ့ကလည်း ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ရန်ကုန်မြို့ကို စွန့်စား ထွက်ခွာလာတယ်လို့ ယူဆရတဲ့ အသက်မပြည့်သေးတဲ့ ရိုဟာဂျာ လူငယ်တွေရဲ့ ရုပ်အလောင်း ၁၃ လောင်းကို လမ်းမ တစ်ခုပေါ်မှာ စွန့်ပစ်ထားခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။