ၾကားသိသမွ်

တနီးလာလဲ ကျေးရွာရဲ့ လာတုံခူ ခေါ် ရိုးရာကြက်ရိုးထိုး ပူဇော်ပွဲ

တနီးလာလဲ ကျေးရွာရဲ့ လာတုံခူ ခေါ် ရိုးရာကြက်ရိုးထိုး ပူဇော်ပွဲ

ကေးဒူ (ကန္တာရဝတီ တိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆိုမြို့ အရှေ့ဘက် တနီးလာလဲကျေးရွာမှာ မနေ့က ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကယားရိုးရာ (လာတုံခူ) နတ်ပူဇော်ပွဲ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

နတ်ပူဇော်ပွဲ ကျင်းပ ပြုလုပ်ခဲ့တဲ့နေရာဟာ တနီးလာလဲကျေးရွာဆိုတဲ့အမည် စတင်ပေါ်ပေါက်လာခဲ့တဲ့နေရာ ဖြစ်ပြီး ဒီဇင်ဘာလ ရောက်တိုင်း တစ်နှစ်ကိုတစ်ကြိမ် ကြက်ဖြူတစ်ကောင်နဲ့ လာရောက်ပူဇော်ကြတာ ဖြစ်ပါတယ်။

အဆိုပါ ပူဇော်ပွဲဟာ တစ်ရွာလုံးရဲ့ အနာဂတ်အတွက် ရည်ရွယ်ပြီး ကြက်ရိုးထိုးပူဇော်ကြတာဖြစ်ပါတယ်။ သို့ပေမယ့်နိုင်ငံရေး မတည်ငြိမ်မူကြောင့် ရပ်ရွာတွေထဲမှာ လူတွေ နေထိုင်မရတော့တာတွေကြောင့် ကြက်ရိုးရဲ့ အဖြေဟာ အင်မတန် ဆိုးရွားမှုကို ဖော်ပြပေးတယ်လို့ ကေးထိုးဘိုးဗျာဆယ်တစ်ဦးဖြစ်တဲ့ ဦးနဲရယ်က ပြောပါတယ်။

“ကျနော်တို့ ကြက်ရိုးထိုးတာကတော့ ကျနော်တို့ ရပ်ရွာအေးချမ်းဖို့ တည်ငြိမ်ဖို့၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ရေစောင့်နတ်တို့ပေါ့။ ကျနော်တို့ကို ကူညီဖေးမဖို့ ဆိုပြီးတော့ ကြက်ရိုးကို ထိုးတယ်။ ကြက်ရိုးရဲ့ အဖြေကတော့ တိုင်းပြည်ကလည်း ဒီလိုဖြစ်လာပြီဆိုတော့လေ ကြက်ရိုးကတော့ ကျနော်တို့ မျက်နာကို မကြည့်တော့ဘူး(ကြက်ရိုးထိုးတာမအောင်မြင်) ပြောရမှာပေါ့။

တိုက်ပြည်မတည်ငြိမ်မှုနောက်ကို လိုက်တယ်ပြောရမှာပေါ့။ ခုလည်း ကျနော်တို့ ရပ်ထဲ ရွာထဲလူတွေလည်း အိမ်တွေမှာ မနေရဲကြတော့ဘူးဆိုတော့ အဲဒီအတိုင်း ကြက်ရိုးက လိုက်တာပေါ့။ အခု ကြက်ရိုးထိုးထားတဲ့ အဖြေက မကောင်းတော့ ကျနော်တို့ မျက်နာကိုမကြည့်တော့ စိတ်တော့မကောင်းဘူး။ ဝမ်းနည်းတယ်။” လို့ ကေးထိုးဘိုးဗျာဆယ် တစ်ဦးဖြစ်တဲ့ ဦးနဲရယ်က ပြောပါတယ်။

ကြက်ရိုးထိုးတာဟာ အရင်ဘိုးဘွားလက်ထက်ကတည်းက အစဥ်အလာအရ လုပ်လာခဲ့တဲ့ ရိုးရာဓလေ့ ဖြစ်တဲ့ အဲ့ဒီရိုးရာကို မပျောက်ပျက်အောင် ရေရှည်တည့်တံခိုင်မြဲအောင် နောက်မျိူးဆက်သစ် လူငယ်တွေကို လက်ဆင့်ကမ်းနိုင်အောင်ဆိုပြီး ပြုလုပ်ရခြင်းလည်း ဖြစ်တယ်လို့ ကျေးရွာတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးတီရယ် ကပြောပါတယ်။

“ကျနော်တို့ အမြင်နဲ့ပေါ့နော်။ ကျနော်တို့ ဘိုးဘွား ဘေဘီ လုပ်လာခဲ့တဲ့ ဒီရိုးရာဓလေ့အမွေအနစ်လေးကို ကျနော်တို့ ဆက်ပြီးတော့ မထိန်းသိမ်းဘူးဆိုရင် နောက်လာမယ့် ကျနော်တို့ ဒီလူမျိူးတွေလည်း ပပျောက်နိင်တယ်ဆိုပြီးတော့ အတွေးအခေါလေးပေါ့နော်။ အဲတာ လူ့မျိုးဆက်သစ် အနာဂတ်လူငယ်လေးတွေ သူတို့ ရေရှည်သူတို့ဒီဟာလေးကို ဆက်ကာကွယ်ထိန်းသိမ်းစောက်ရှောက်နိင်အောင်ဆို့ပြီးတော့ ကျနော်တို့ ပြုလုပ်ရခြင်း ဖြစ်တယ်”လို့ ကျေးရွာ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးတီရယ်က ပြောပါတယ်။

အဆိုပါပွဲကို တစ်နှစ်လျှင်တစ်ကြိမ် အသီးအနှံ ရိတ်သိမ်းပြီးတဲ့ နတ်တော်လဆန်းမှာသာ ပုံမှန် ပြုလုပ်ကြရတာ ဖြစ်ပါတယ်။ အခုလို ရွာအတွက် ရည်စူးပြီး ကြက်ရိုးထိုးခဲ့ပေမယ့် မအောင်မြင်တာ(၂)နှစ်ရှိပြီလို့ သူကဆက်ပြောပါတယ်။

ကြက်ရိုးမအောင်တာကြောင့် သူတို့ရွာထဲကို ပုံမှန်ပြန်လည်နေထိုင် လုပ်ကိုင်စားသောက်ဖို့က မဖြစ်နိင်သေးဘူးလို့ ယုံကြည်ကြပါတယ်။ ယခုအချိန်မှာတော့ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညအချိန်တွင် တစ်ရွာလုံးနီးပါး တောထဲတောင်ထဲတွင်မှာသာ သွားရောက်အိပ်ကြရပါတယ်။

Zawgyi

တနီးလာလဲ ေက်း႐ြာရဲ႕ လာတုံခူ ေခၚ ႐ိုးရာၾကက္႐ိုးထိုး ပူေဇာ္ပြဲ

ကေးဒူ (ကန္တာရဝတီ တိုင်း(မ်))

ကရင္နီျပည္ ဒီးေမာ့ဆိုၿမိဳ႕ အေရွ႕ဘက္ တနီးလာလဲေက်း႐ြာမွာ မေန႔က ဒီဇင္ဘာလ ၄ ရက္ေန႔တြင္ ကယား႐ိုးရာ (လာတုံခူ) နတ္ပူေဇာ္ပြဲ က်င္းပ ျပဳလုပ္ခဲ့ပါတယ္။

နတ္ပူေဇာ္ပြဲ က်င္းပ ျပဳလုပ္ခဲ့တဲ့ေနရာဟာ တနီးလာလဲေက်း႐ြာဆိုတဲ့အမည္ စတင္ေပၚေပါက္လာခဲ့တဲ့ေနရာ ျဖစ္ၿပီး ဒီဇင္ဘာလ ေရာက္တိုင္း တစ္ႏွစ္ကိုတစ္ႀကိမ္ ၾကက္ျဖဴတစ္ေကာင္နဲ႔ လာေရာက္ပူေဇာ္ၾကတာ ျဖစ္ပါတယ္။

အဆိုပါ ပူေဇာ္ပြဲဟာ တစ္႐ြာလုံးရဲ႕ အနာဂတ္အတြက္ ရည္႐ြယ္ၿပီး ၾကက္႐ိုးထိုးပူေဇာ္ၾကတာျဖစ္ပါတယ္။ သို႔ေပမယ့္ႏိုင္ငံေရး မတည္ၿငိမ္မူေၾကာင့္ ရပ္႐ြာေတြထဲမွာ လူေတြ ေနထိုင္မရေတာ့တာေတြေၾကာင့္ ၾကက္႐ိုးရဲ႕ အေျဖဟာ အင္မတန္ ဆိုး႐ြားမႈကို ေဖာ္ျပေပးတယ္လို႔ ေကးထိုးဘိုးဗ်ာဆယ္တစ္ဦးျဖစ္တဲ့ ဦးနဲရယ္က ေျပာပါတယ္။

“က်ေနာ္တို႔ ၾကက္႐ိုးထိုးတာကေတာ့ က်ေနာ္တို႔ ရပ္႐ြာေအးခ်မ္းဖို႔ တည္ၿငိမ္ဖို႔၊ ေတာေစာင့္နတ္၊ ေတာင္ေစာင့္နတ္၊ ေရေစာင့္နတ္တို႔ေပါ့။ က်ေနာ္တို႔ကို ကူညီေဖးမဖို႔ ဆိုၿပီးေတာ့ ၾကက္႐ိုးကို ထိုးတယ္။ ၾကက္႐ိုးရဲ႕ အေျဖကေတာ့ တိုင္းျပည္ကလည္း ဒီလိုျဖစ္လာၿပီဆိုေတာ့ေလ ၾကက္႐ိုးကေတာ့ က်ေနာ္တို႔ မ်က္နာကို မၾကည့္ေတာ့ဘူး(ၾကက္႐ိုးထိုးတာမေအာင္ျမင္) ေျပာရမွာေပါ့။

တိုက္ျပည္မတည္ၿငိမ္မႈေနာက္ကို လိုက္တယ္ေျပာရမွာေပါ့။ ခုလည္း က်ေနာ္တို႔ ရပ္ထဲ ႐ြာထဲလူေတြလည္း အိမ္ေတြမွာ မေနရဲၾကေတာ့ဘူးဆိုေတာ့ အဲဒီအတိုင္း ၾကက္႐ိုးက လိုက္တာေပါ့။ အခု ၾကက္႐ိုးထိုးထားတဲ့ အေျဖက မေကာင္းေတာ့ က်ေနာ္တို႔ မ်က္နာကိုမၾကည့္ေတာ့ စိတ္ေတာ့မေကာင္းဘူး။ ဝမ္းနည္းတယ္။” လို႔ ေကးထိုးဘိုးဗ်ာဆယ္ တစ္ဦးျဖစ္တဲ့ ဦးနဲရယ္က ေျပာပါတယ္။

ၾကက္႐ိုးထိုးတာဟာ အရင္ဘိုးဘြားလက္ထက္ကတည္းက အစဥ္အလာအရ လုပ္လာခဲ့တဲ့ ႐ိုးရာဓေလ့ ျဖစ္တဲ့ အဲ့ဒီ႐ိုးရာကို မေပ်ာက္ပ်က္ေအာင္ ေရရွည္တည့္တံခိုင္ၿမဲေအာင္ ေနာက္မ်ိဴးဆက္သစ္ လူငယ္ေတြကို လက္ဆင့္ကမ္းႏိုင္ေအာင္ဆိုၿပီး ျပဳလုပ္ရျခင္းလည္း ျဖစ္တယ္လို႔ ေက်း႐ြာတာဝန္ရွိသူ တစ္ဦးျဖစ္တဲ့ ဦးတီရယ္ ကေျပာပါတယ္။

“က်ေနာ္တို႔ အျမင္နဲ႔ေပါ့ေနာ္။ က်ေနာ္တို႔ ဘိုးဘြား ေဘဘီ လုပ္လာခဲ့တဲ့ ဒီ႐ိုးရာဓေလ့အေမြအနစ္ေလးကို က်ေနာ္တို႔ ဆက္ၿပီးေတာ့ မထိန္းသိမ္းဘူးဆိုရင္ ေနာက္လာမယ့္ က်ေနာ္တို႔ ဒီလူမ်ိဴးေတြလည္း ပေပ်ာက္နိင္တယ္ဆိုၿပီးေတာ့ အေတြးအေခါေလးေပါ့ေနာ္။ အဲတာ လူ႔မ်ိဳးဆက္သစ္ အနာဂတ္လူငယ္ေလးေတြ သူတို႔ ေရရွည္သူတို႔ဒီဟာေလးကို ဆက္ကာကြယ္ထိန္းသိမ္းေစာက္ေရွာက္နိင္ေအာင္ဆို႔ၿပီးေတာ့ က်ေနာ္တို႔ ျပဳလုပ္ရျခင္း ျဖစ္တယ္”လို႔ ေက်း႐ြာ တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ဦးတီရယ္က ေျပာပါတယ္။

အဆိုပါပြဲကို တစ္ႏွစ္လွ်င္တစ္ႀကိမ္ အသီးအႏွံ ရိတ္သိမ္းၿပီးတဲ့ နတ္ေတာ္လဆန္းမွာသာ ပုံမွန္ ျပဳလုပ္ၾကရတာ ျဖစ္ပါတယ္။ အခုလို ႐ြာအတြက္ ရည္စူးၿပီး ၾကက္႐ိုးထိုးခဲ့ေပမယ့္ မေအာင္ျမင္တာ(၂)ႏွစ္ရွိၿပီလို႔ သူကဆက္ေျပာပါတယ္။

ၾကက္႐ိုးမေအာင္တာေၾကာင့္ သူတို႔႐ြာထဲကို ပုံမွန္ျပန္လည္ေနထိုင္ လုပ္ကိုင္စားေသာက္ဖို႔က မျဖစ္နိင္ေသးဘူးလို႔ ယုံၾကည္ၾကပါတယ္။ ယခုအခ်ိန္မွာေတာ့ စစ္ေကာင္စီရဲ႕ လက္နက္ႀကီး ပစ္ခတ္မႈေၾကာင့္ ညအခ်ိန္တြင္ တစ္႐ြာလုံးနီးပါး ေတာထဲေတာင္ထဲတြင္မွာသာ သြားေရာက္အိပ္ၾကရပါတယ္။