ၾကားသိသမွ်

အွန်လိုင်းမှ ကြိုတင် ရက် ချိန်း ယူရသည့် QR Code ယူ၍ ပတ်စပို့လျှောက်ထားခြင်းအစီအစဉ် ရပ်ဆိုင်း

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ် လျှောက်ထားရန်အတွက် လက်ရှိအသုံးပြုလျက်ရှိသော အွန်လိုင်းမှ ကြိုတင် ရက် ချိန်း ယူရသည့် QR Code စနစ်အား ယနေ့မှစ၍ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ယမန်နေ့ က ကြေညာထားသည်။

နိုင်ငံကူးလက်မှတ် လျှောက်ထားလိုသူများသည် အွန်လိုင်းမှ QR Code ဖြင့် ရက်ချိန်းယူရာတွင် ကုတ်ရရန် မလွယ်ကူသဖြင့် ပွဲစားများမှတဆင့် အဆမတန် ဈေးပေး၍ဝယ်ယူခြင်း၊ QR Code အား လက်လွှဲ အသုံးပြုခြင်းတို့ကို မပြုလုပ်ကြရန်နှင့် စနစ်သစ် လျှောက်ထားအသုံးပြုရမည့် ရက်ကို အသိပေးသွားမည် ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။

သို့သော် လက်ရှိအချိန်ထိ QR Code ရယူထားပြီးသူများအနေဖြင့် ချိန်းဆိုထားသည့် ရက်ချိန်းအတိုင်း ဆက်လက် အသုံးပြုနိုင်မည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ယခုအခါတွင် ပတ်စပို့ပြုလုပ်လိုသူဦးရေမှာ များပြားပြီး တန်းစီစောင့်ဆိုင်းနေရသူများသဖြင့် QR ကုတ်ဖြင့် ဘွတ်ကင် ယူသည့်စနစ်ကို ကျင့်သုံးခဲ့ခြင်းဖြစ်ကာ၊ ထိုစနစ်တွင်လည်း ပွဲစားများမှ QR ကုတ်ယူ၍ ပြန်လည်ရောင်း စားခြင်း၊ QR ကုတ်အတုများပါ ထွက်ပေါ်လာခြင်းတို့ ဖြစ်ပွားလာသဖြင့် ယခုကဲ့သို့ စနစ်ထပ်မံ ပြောင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အွန်လိုင်းမှ QR Code ရယူသည့် စနစ်ကို ၂၀၂၂ ခုနှစ် မတ်လ၂၃ ရက်က စစ်ကောင်စီက စတင်အသုံးပြုခဲ့ ခြင်းဖြစ်ပြီး QR Code ကို ယူလိုသူများပြီး ဝက်ဆိုဘ်သို့ ဝင်ရောက်ရန် မလွယ်ကူသဖြင့် ရယူလိုသည့် ရက်ချိန်းအလိုက် ဈေးကျပ် သောင်းဂဏန်းမှစကာ သိန်းဂဏန်းထိ ပွဲစားများသို့ ဝန်ဆောင်ခပေးဆောင်ကာ ပြုလုပ်ရလျက်ရှိကြောင်း ပတ်စပို့ ပြုလုပ်သူများထံက သိရသည်။

ယခု ပြောင်းလဲမည့် စနစ်အသစ်တွင် ကာယကံရှင် ကိုယ် တိုင် ၂၄ နာရီ ပိတ်ရက်မရှိ လွယ်ကူစွာ လျှောက်ထားနိုင်မည့် စနစ်အား ပြန်လည်ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ကြေညာထားသည်။

ပုံစာ- ရန်ကင်းမြို့နယ်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရှေ့ တန်းစီစောင့်ဆိုင့်နေကြစဥ် (ဓာတ်ပုံ- CJ)