ၾကားသိသမွ်

နှစ်ဖက်အပ-စ်ရပ်ပြီးနောက် ရခိုင် ရိုးမပေါ်က သစ်တွေကို အလုံးအရင်းနဲ့ ခိုးထုတ်ဖို့ ပြင်ဆင်နေကြ

ရခိုင်မှာ အပစ်ရပ်ပြီးနောက် ရိုးမပေါ်က သစ်တွေကို အလုံးအရင်းနဲ့ ခိုးထုတ်ဖို့ ပြင်ဆင်နေကြ

ဧရာဝတီတိုင်းမ်

(အမ်း) ဒီဇင်ဘာလ ၄ ရက်

ရက္ခိုင့်တပ်တော်(AA)နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား နှစ်ဖက်အပစ်ရပ်ပြီးနောက် ရခိုင်ရိုးမပေါ်မှာ စက်ယန္တရားကြီးတွေနဲ့ လမ်းသစ်တွေဖောက် လုပ်နေပြီး သစ်တွေကို အလုံးအရင်းနဲ့ ခုတ်ယူ၊ခိုးထုတ်ဖို့ ပြင်ဆင်နေကြတာ တွေ့ရတယ်လို့ BNA ရဲ့သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ရခိုင်ရိုးမပေါ်ကသစ်တွေကို အဓိကစီးပွားဖြစ်ထုတ် ယူနေတဲ့ လူတချို့က အဲဒီလိုမျိုး စက်ယန္တရာကြီးတွေ အသုံးပြုကာ အမ်းနဲ့ မအီကားလမ်းတစ် လျှောက်မှာရှိတဲ့ ရခိုင်ရိုးမကနေ သစ်တွေကို ခုတ်ယူဖို့ ကြိုးစားနေကြတာဖြစ်တယ်လို့ ဆိုကြပါတယ်။

အပစ်အခတ်ရပ်ပြီး နောက်ပိုင်းမှာ လုပ်ငန်းရှင်တွေဘက်က ရခိုင်မှာရှိတဲ့ အရင်းအမြစ်တွေ သစ်သယံ ဇာတတွေ ကိုခုတ်ပြီးတော့ နိုင်ငံခြားကို ရောင်းချဖို့အတွက် လမ်းတွေထပ်ပြီးတော့ ဖောက်နေတာတွေ ရှိနေပါတယ်။ဒီရက်ပိုင်းတစ်ပတ်အတွင်းမှာပဲ လုပ်လာတာဖြစ်ပါတယ်။လို့ ခိုင်လုံတဲ့ သတင်းရင်း မြစ်တစ်ဦးက BNA သို့ပြောပါတယ်။

အဲဒီလုပ်ငန်းရှင်အမည်ခံ သစ်ခိုးသမားတွေဟာ အရင်တုန်းကလည်း ရခိုင်ရိုးမပေါ်က သစ်တွေကို အဲဒီလိုပဲ တကျော့ပြန်တိုက်ပွဲတွေ၊စစ်ရေးမတည် ငြိမ်တာတွေ၊မိုးရာသီကြောင့် လမ်းတွေပျက်စီးသွားတာတွေကြောင့် အနည်းငယ်ရပ်တန့်နေခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

လမ်းတွေဖောက်ပြီးထုတ်ယူခဲ့ကြပေမယ့်ခုနှစ်ဖက်အပစ်ရပ်လိုက်တဲ့အချိန်မှာတော့ ချက်ချင်းဆိုသလို စက်ယန္တရားကြီးတွေအသုံးပြုကာ သစ်ထုတ်ဖို့ ပြန်လုပ်လာနေကြတာလို့ ဆိုကြပါတယ်။

အမ်းဘက်အပိုင်းကနေ ကားလမ်း ဖောက်တယ်။ဗမာပြည်နီးပါးအထိရောက်အောင်ဖောက်တယ်။လမ်းဖောက် ပြီးတော့ ရခိုင်မှာရှိတဲ့ တန်ဖိုးမဖြစ်နိုင်တဲ့တောတွေကို သစ်ထုတ်ဖို့ ကြိုးစားနေတာပေ့ါ။ လို့ BNA ရဲ့သတင်းရင်း မြစ်က ပြောပါတယ်။

ဒေသခံသစ်မှောင်ခိုသမားတွေဟာ ရခိုင်ရိုးမပေါ်က သစ်တွေကို စစ်ကောင် စီတပ်နဲ့ပေါင်းပြီးတော့ မတရားခိုးထုတ် နေကြပြီး အဲဒီအပေါ် စစ်ကောင်စီတပ်က အကျိုးအမြတ်ယူကာအကာအကွယ်ပေးထားတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က စက်တင်ဘာလက ပြုလုပ်တဲ့ လစဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မြန်မာစစ်တပ်ဖက်က အကာအကွယ်ပေးတာတွေ၊စစ်တပ်ကနေပြီးတော့ အကျိုးအမြတ်ယူနေတာတွေ ၊တဖက်မှာ သူတို့ မကြိုက်ရင် မကြိုက်သလို ဖမ်း ဆီးတာတွေ၊သူတို့ကြိုက်ရင် သူတို့နဲ့ ပေါင်းစားပြီးတော့ လွှတ်ပေးလိုက်တာတွေ၊အဲလိုဟာတွေတော့ တောက်လျောက်ရှိနေပါတယ်။လို့ ULA/AA ပြောခွင့်ရ ခိုင်သုခက ပြောဆိုထားပါတယ်။

အဲဒီလိုမျိုးစီးပွားရေးလုပ်ငန်းရှင်အမ ည်ခံလူတစ်စုက ရခိုင်ရိုးမပေါ်က သစ်တွေကို ခိုးထုတ်ကာ ပြည်ပနိုင်ငံတွေဆီသို့ တင်ပို့ရောင်းချတာတွေ လုပ်နေတာတွေကြောင့် သစ်တောတွေ ပြုန်းတီးကာ မိုးခေါင်တာ၊ရေကြီးတာ၊အပူချိန်မြင့်တာစတဲ့ ရာသီဥတုဖောက်ပြန်မှုတွေနဲ့ ကြုံနေကြရတယ်လို့ သဘာ၀ပ တ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

လူနည်းစုကအကျိုးအမြတ်ရပြီးတော့ ရခိုင်တစ်ပြည်နယ်လုံးမှာရှိတဲ့ ပြည်သူတွေက အဲဒီရဲ့ဆိုးကျိုးကို ခံရတဲ့အခြေ အနေမျိုး၊ မိုးခေါင်တာ၊မြေဆီ၊မြေဩ ဇာပျက်စီးတာတွေကို ဆက်တိုက်ကြုံလာနေကြရပါတယ်။လို့ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ် ရှားသူ ကိုမျိုးလွင်က ပြောပါတယ်။

ခုနှစ်မိုးဦးရာသီတုန်းကဆိုရင်လည်း ရခိုင်မှာ မိုးမရွာဘဲ တစ်လနီးပါးခန့်ရှိနေခဲ့တဲ့အတွက် လယ်သမားတွေရဲ့စပါးတွေ ပျက်စီးကာ အခက်အခဲများစွာနဲ့ ကြုံခဲ့ကြရပါတယ်။

ဒါကြောင့် ရခိုင်ပြည်အတွင်း သစ်ခိုးထုတ်မှု၊သစ် တောပြုန်းတီးမှုနဲ့ပတ်သက်လို အမြိုးသားရေးမူဝါဒတဈရပျခြ မှတ်ကာ စနစ်တကျကြပ်မတ်ထိန်းသိ မ်းဖို့လိုအပ်နေပြီလို့ သဘာ၀ပတ်ဝန်းကျင်အရေးလှုပ် ရှားသူတွေက သတိပေးပြောဆိုကြပါတယ်။

ULA/AA ကတော့ အနာဂတ်မှာ သစ် တောရေးရာနဲ့ပတ်သက်ပြီး မူဝါဒတစ်ရပ်ရေးဆွဲကာလိုအပ်သလို ဥပေဒအရ ဘယ်အချိန်မှာ စလုပ်မယ်ဆိုတာကိုတော့ တိတိကျကျပြောကြားတာ မရှိသေးပါဘူး။

ရခိုင်မှာ စီးပွားရေးလုပ်ငန်းရှင်အမည်ခံနာမည်ကြီး သစ်မှောင်ခိုးသမားအနည်းငယ်သာရှိသော်လည်း ကိုင်တွယ်ဆောင်ရွက်သွားဖို့ရှိနေတယ်လို့ပြောထားပေမယ့်အာဏာသိမ်းစစ်ကောင်စီက စစ်ဆေးအရေးယူမှုတွေမပြုလုပ်ရဲသလို အေအေကလည်း စစ်ဆေးအရေးယူတာတွေ မလုပ်ရဲဘူးလို့ ဒေသခံရခိုင်ပြည်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

အဲဒီအမ်း၊မအီတကြောရှိ ရခိုင်ရိုးမတောင်တန်းကြီးတလျှောက်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့အာဏာသိမ်းစစ်တပ်တို့ကြား နှစ်ဖက်စစ်ရေးလှုပ်ရှားထိန်းချုပ်နယ်မြေဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲတွေလည်း တခါတရံဖြစ်တက်ပါတယ်။

ဓာတ်ပုံ-အမ်းမြို့နယ်ရှိ စစ်ကောင်စီထိန်းချုပ်နယ် မြေတစ်ခု/BNA