ၾကားသိသမွ်

မုံရွာ – မန္တလေးလမ်းပေါ် ကစောင့်ပြီးဝိုင်းဗျင်းလို့ စကစ တပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း‌ေ-သဆုံး(ရုပ်သံ)

မုံရွာ – မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းသေဆုံးနိုင်ဟု PDF- South Monywa ပြော

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသော ယာဥ်တစ်စီးကို စစ်တပ်ဘက်စုံခြံအနီး၌ PDF နှစ်ဖွဲ့ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းသေဆုံးကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ People’s Defence Force – South Monywa၏ တာဝန်ခံ Daung Karyan က ပြောကြားသည်။

ယနေ့(ဒီဇင်ဘာ၂ ရက်)ညနေ ၃ နာရီ ၁၀မိနစ်ဝန်းကျင်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် မုံရွာမှ မန္တလေးမြို့သို့သွားသော စစ်ကောင်စီ၏ Toyota Alphard အဖြူရောင် နှစ်စီးသည် မြေနဲအကျော်တွင် နှစ်စီး၊ တစ်စီးပေါင်း၍ စုစုပေါင်းအင်အား ၁၅ဦးခန့် လိုက်ပါလာပြီး ဆက်လက်မောင်းနှင်လာခဲ့သည်။

ထို့နောက် ခင်မွန်ကျေးရွာရှိ စစ်ကောင်စီတပ်၏ ဘက်စုံခြံအနီး၌ စောင့်ဆိုင်း၍ လက်နက်ငယ်များဖြင့် ဝိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားမောင်းသူ စစ်ကောင်စီတပ်ဖွဲ့ဝင်အား ထိမှန်ပြီး ဘက်စုံခြံရှေ့အနီးတွင် ယာဥ်မှာထိုးရပ်သွားကြောင်း၊ ယာဥ်ပေါ်မှသွေးများလည်း စီးကျခဲ့ကြောင်း PDF- South Monywa၏ တာဝန်ခံ Daung Karyan က ပြောသည်။

အဆိုပါ ယာဥ်နောက်မှလိုက်၍ ပစ်ခတ်ခဲ့ကြသော်လည်း ဘက်စုံခြံမှ စစ်ကောင်စီတပ်သားများ ထွက်လာပြီး ပြန်လည်ပစ်ခတ်ခဲ့၍ လက်နက်ရယူမှုအခွင့်အရေး လက်လွှတ်ခဲ့ရသည်ဟု ၎င်းက ပြောသည်။

“ကားက အခုထိမထွက်နိုင်သေးပါဘူး။ ဘက်စုံခြံရှေ့မှာရပ်နေတာပါ။ ဘက်စုံကကောင်တွေထွက်လာပြီးတော့ အကုန်သယ်ထုတ်သွားတာပါ။ အဲ့ကောင်တွေထွက်လာပြီးပစ်တဲ့အတွက်ကြောင့် လက်နက်ရယူနိုင်မယ့်အခွင့်အရေးဆုံးရှုံးခဲ့ရတာပါ။ ၁၀ကောင်ထက်မနည်းထိခိုက်ဒဏ်ရာရမှာပါ။ ဒီကောင်တွေပြန်တောင်မပစ်နိုင်ပါဘူး”ဟု PDF- South Monywa၏ တာဝန်ခံ Daung Karyan က ပြောသည်။

နောက်ဆုံးရရှိသော သတင်းများအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးထက်မနည်းသေဆုံးနိုင်ကြောင်းPDF- South Monywa၏ တာဝန်ခံ Daung Karyan က ပြောသည်။

အဆိုပါ စစ်ဆင်ရေးတွင် ၅.၅၆ ကျည် ၃၀ကျော်၊ ၇.၆၂ ကျည် ၃၀ ကျော်၊ Shortဂန်းကျည် ၁၀ ကျော် အသုံးပြုခဲ့ပြီး မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်းဖြစ်သော People’s Defence Force – South Monywa နှင့်Special Forces 11 – PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးခဲ့သည်။

ရုပ်သံ – PDF- South Monywa