ၾကားသိသမွ်

ချင်းတွင်းမြစ်ထဲ ဆန်တက်နေတဲ့ စကစ အုပ်စု ရေယာဉ်တွေကို MRDA နှင့် မဟာမိတ်တွေက တို က်ခို က်၊

ချင်းတွင်းမြစ်ထဲ ဆန်တက်နေတဲ့ စစ်အုပ်စု ရေယာဉ်တွေကို MRDA နှင့် မဟာမိတ်တွေက တိုက်ခိုက်၊
စကစ (၁၀)ယောက်ထက်မနည်း သေဟုဆို၊

MFP ၊ ဒီဇင်ဘာ – ၂

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြိုနယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ ဖက်ဆစ်တပ်ရဲ့ ရေယာဉ်ဖလက်ခွံတွေကို တော်လှန်ရေး မဟာမိတ်တပ်တွေက မြစ်ကမ်းကနေ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စကစ (၁၀)ယောက် ထက်မနည်း သေတယ်လို့ မြန်မာ့တော်ဝင် နဂါးတပ်တော် – MRDA က သတင်း ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ(၂၉)ရက် မနက်(၁၀)နာရီက ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ ဖလက်ရေယာဥ် ခြောက်စီးကို ဆားလင်းကြီးမြို့နယ်၊ ရွှေကုန်းကျေးရွာအနီးမှာ မြန်မာ့တော်ဝင် နဂါးတပ်တော် (M.R.D.A)၊ S.S.T.F၊ Salingyi G Z ၊ ယင်းမာပင်ခရိုင် တပ်ရင်း(၁၆)၊ Triple Two ၊ B21 ၊ SRD ၊ ချင်းတွင်းဂဠုံရာဇာ စတဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အထူး လက်ရွေးစင်များဖြင့် ချင်းတွင်းမြစ်ကြောင်း အတွင်းရှိ စစ်ကောင်စီ ရေယာဥ် ဖလက် ခြောက်စီးအား ဆားလင်းကြီးမြို့နယ်၊ ရွှေကုန်းကျေးရွာအနီးတွင် စနစ်တကျချဥ်းကပ်၍ RPG ၊ စက်၊ PD၊ LL ၊ Gun ငယ်များဖြင့် ထိထိရောက်ရောက် ထိုးနှက် ဖြတ်တောက်ခဲ့ပါသည်။ အထူးလက်ရွေးစင်များ၏ စွမ်းဆောင်ရည်ကြောင့် စကစများ အလွန်အထိနာခဲ့ပြီး အော်သံများပင် ကြားခဲ့ရပါသည်။ ထိုသို့ အထိနာသောကြောင့် မုံရွာ နမခ မှ စကစ အပြည့်ပါသည့် မော်တော်ရေယာဥ် နှစ်စီး ချက်ချင်း ထွက်လာပြီး စစ်ကူလာရောက်ခဲ့ပါသည်။

စကစတပ်သား အနည်းဆုံး (၁၀) ဦးအထက် အင်အားလျော့နိုင်ပြီး ထိခိုက်ဒဏ်ရာရ စာရင်းလည်း အနည်းဆုံး ငါးဦးအထက် ရှိနိုင်ပါသည်။

ယင်းမစ်ရှင် လုပ်ဆောင်ခဲ့သော ပြည်သူ့ရဲဘော်များလည်း ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါသည်” လို့ MRDA က ဖော်ပြပါတယ်။

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ ဖက်ဆစ်တပ်ရဲ့ စက်သုံးဆီတင် သင်္ဘော (၁၁)စီးဟာ ဆားလင်းကြီးနယ်ထဲ ဖြတ်သန်းချိန် နှစ်ဖွဲ့ခွဲသွားပြီး မြစ်ကမ်းဘေး ကျေးရွာတွေကို အကြောင်းမဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ကာ ရန်ပြု သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းတွင်းနှင့် ဧရာ၀တီမြစ်ကြောင်အတိုင်း သွားလာတဲ့ ဖက်ဆစ်တပ်ဟာ မြစ်ကမ်းဘေး ကျေးရွာတွေကို ရန်ပြု သောင်းကျန်း ပစ်ခတ်တာ၊ လူသတ်၊ လုယက်၊ ဓားပြတိုက်တာတွေ အမြဲတစေ ကျူးလွန်နေတာ ဖြစ်ပါတယ်။