Articles ၾကားသိသမွ်

အွန်လိုင်းဖြင့် NUG အစိုးရ တက်ရောက်သည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနား “မြတ်တဲ့ဆရာ” သီချင်းနဲ့ သီဆိုဂုဏ်ပြု

NUG အစိုးရ တက်ရောက်သည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနား “မြတ်တဲ့ဆရာ” သီချင်းသီဆို

မဇ္စျိမ ။ ။ မကွေးတိုင်းအတွင်းရှိ ကြားကာလ ပညာသင်ကြားနေသော ကျောင်းတစ်ကျောင်းတွင် (၅၅)ကြိမ်မြောက် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယနေ့အောက်တိုဘာ ၅ရက်နေ့တွင် ကျင်းပကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် ကြားကာလ ပညာရေးအစီအစဉ်တွင် သင်ကြားနေသော ကျောင်းတစ်ကျောင်း၌ ကျင်းပသည့် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွင် အွန်လိုင်းမှ တက်ရောက်ပေးကြသော NUG အစိုးရ ယာယီသမ္မတ ၊ ဝန်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအား “မြတ်တဲ့ဆရာ” သီချင်းဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသော CDM ဆရာ၊ ဆရာမများနှင့် အခြားသော CDM ဝန်ထမ်းများ ၊ တော်လှန်ရေးရဲဘော်များနှင့်တကွ ကျဆုံးသွားကြသော CDM ဆရာ ၊ ဆရာမများ ဝန်ထမ်းများ အားလုံးကို အလေးအမြတ်ဂုဏ်ပြုသည့် ”မြတ်တဲ့ဆရာ” တေးသီချင်းအား ဆရာငြိမ်းသူရ က ရေးဖွဲ့သီကုံးထားကြောင်း သိရသည်။ #Mizzima