ၾကားသိသမွ်

ရဲ ၁၀ ဦးခန့်‌‌ေ-သပြီး PDF ရဲဘော် ၂ ဦးကျဆုံးခဲ့ရတဲ့ ဆားလင်းကြီး၊ ကျားတက်ရဲစခန်းအား မြေပြင် ဝေဟင်တွဲဆော်တဲ့ (ရုပ်/သံ)

ဆားလင်းကြီး၊ ကျားတက်ရဲစခန်း ဝင်ရောက် တိုက်ခိုက်ခံရပြီး ရဲ ၁၀ ဦးခန့်သေဆုံးကာ PDF ရဲဘော် ၂ ဦးကျဆုံး (ရုပ်/သံ)

ရန်ကုန်၊ အောက်တိုဘာ ၅

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျားတက်ရဲစခန်းကို ကာကွယ်ရေး တပ်ဖွဲ့ ၅ ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲ ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

ကျားတက် ရဲစခန်းကို အောက်တိုဘာလ ၂ ရက် နံနက် ၆ နာရီခန့်တွင် Salingyi Special Task Force (SSTF)၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)တပ်ရင်း၂ ၊ ရေစကြိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ မြန်မာ့တော်ဝင် နဂါးတပ်တော် (M.R.D.A) စသည့် ညီနောင် မဟာမိတ်အဖွဲ့များက ၅ နာရီကျော်ကြာ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက စစ်ကြောင်း ၂ ကြောင်းခွဲကာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပထမ စစ်ကြောင်း၏ တိုက်ခိုက်မှုကြောင်း ရဲ ၅ သေဆုံးခဲ့ပြီး G2 သေနတ် ၁ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ဒုတိယ စစ်ကြောင်း၏ တိုက်ခိုက်မှုကြောင့် ရဲစခန်းထဲရှိ ဘန်ကာ ၃ ခုကို ထိမှန်ခဲ့ပြီး ရှေ့ထွက် ဘန်ကာများရှိ စက်အထိုင် ၂ ခုမှ တစ်ခုကို ထိမှန်ခဲ့ကာ ပျက်စီးခဲ့ကြောင်း၊ ယင်း

တိုက်ပွဲအတွင်း စခန်းတွင်းမှ ရဲ ၁၀ ဦးခန့် သေဆုံးကာ အနည်းဆုံး ၁၈ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ SSTF အဖွဲ့မှ ရဲဘော် ပိန္နဲစေ့ နှင့် ရေစကြိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော် ဝလုံးတို့လည်း တိုက်ပွဲ အတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။

ကျားတက် ရဲစခန်းကို တော်လှန်ရေး ညီနောင်မဟာမိတ် ၅ ဖွဲ့က ၅ နာရီကျော်ကြား မီးကုန်ယမ်းကုန်ကြိုးစား တိုက်ခိုက်ခဲ့ပြီး ဘန်ကာ ၂ ခုခန့် သိမ်းပိုက်ရန် ကျန်ရှိချိန်တွင် မုံရွာ Mi 35 နှစ်စီး စစ်ကူလာသောကြောင့် မဟာမိတ်တပ်ပေါင်းစုများ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။