ၾကားသိသမွ်

နိုင်ငံရဲ့စီးပွားရေး ပြန်လည်ဦးမော့နေပြီဖြစ်ကြောင်းနဲ့ ပြည်မြို့မှာ လျှပ်စစ်ရထားပြေးဆွဲဖို့ ရည်ရွယ်နေကြောင်း မအလ ထပ်ပြော

“ပြည်မြို့မှာ လျှပ်စစ်ရထားပြေးဆွဲဖို့ ရည်ရွယ်နေကြောင်းထပ်ပြော”

နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ပြန်လည်ဦးမော့နေပြီဖြစ်တဲ့အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ အခက်အခဲရှိနေရင် နိုင်ငံတော်က ချေးငွေထုတ်ပေးမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌကပြောပါတယ်။

အောက်တိုဘာ၄ရက်နေ့ကပြည်မြို့မှာအသေးစား၊အငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းရှင်(MSME) တွေနဲ့ မနေ့အောက်တိုဘာ ၄ ရက်နေ့ကတွေ့ဆုံချိန်မှာပြောကြားခဲ့တာကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာဖော်ပြလာတာပါ။

ရှေးဟောင်းယဥ်ကျေးမှု နယ်မြေဖြစ်တဲ့ ပြည်မြို့မှာ ကိုဗစ်ရောဂါကြောင့် ခရီးသွားလာရေးကျဆင်း ခဲ့တာကြောင့် ဖြေလျော့မှုတွေလုပ်ပေးဖို့နဲ့ သက်သာတဲ့အတိုးနှုန်းနဲ့ချေးငွေထုတ်ပေးဖို့ ပြည်ခရိုင်ထဲက (MSME) လုပ်ငန်းရှင်တချို့က ပြောဆိုတာတွေလည်းတွေ့ရပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကတော့ နိုင်ငံရဲ့ စီးပွားရေးဦးမော့ လာ ပြီဖြစ်လို့ (MSME) လုပ်ငန်းတွေကို ချေးငွေထုတ်ပေးဖို့ ဆောင်ရွက်ပေးမယ်လို့ ပြန်ပြောခဲ့ပေမယ့် ဘယ်အချက် တွေက နိုင်ငံရဲ့ စီးပွားရေး ဦးမော့နေတာကိုထောက်ပြနေကြောင်းတော့ ပြောသွားတာမတွေ့ရပါဘူး။

အောက်တိုဘာ ၃ ရက်နေ့က ရန်ကုန်ကစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံချိန်မှာတော့ အခွန်တိမ်းရှောင်သူတွေမရှိစေလို့ နိုင်ငံတော်ကိုပေးသွင်းရမယ့် အခွန်အခတွေအပြည့်အဝပေးသွင်းဖို့ နဲ့ကိုဗစ်ချေးငွေတွေကို အချိန်မှီပြန်ဆပ်ဖို့ ပြောဆိုတာလည်းရှိခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဥက္ကဋ္ဌရဲ့ မိန့်ခွန်းတွေမှာ မကြာခဏပြောလေ့ရှိတဲ့ လျှပ်စစ်ရထားလမ်းစီမံကိန်းကိုလည်း ရှေးဟောင်းယဥ်ကျေးမှုနယ်မြေပြည်ခရိုင်ထဲမှာ ဆောင်ရွက်ဖို့ ရည်ရွယ်ထားကြောင်း ထပ်ပြောသွားပါတယ်။