ၾကားသိသမွ်

စ စ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲ နိုင်အောင်လုပ်မယ့်လို့ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌသစ် ဦးခင်ရီပြော

“စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲ နိုင်အောင်လုပ်မယ့်လို့ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌသစ် ဦးခင်ရီပြော”

ရဲချုပ်ဟောင်းနဲ့ လဝက ဝန်ကြီးဟောင်း ဦးခင်ရီဟာ ပြည်ထောင်စု ကြံ့ခိုင်နဲ့ဖွံ့ဖြိုး‌ရေးပါတီ ဥက္ကဋ္ဌသစ် ဖြစ်လာပြီး ဒီကနေ့နေ့လည်မှာ မိန့်ခွန်းပြောခဲ့ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ နိုင်အောင်လုပ်မယ်လို့ သူ့မိန့်ခွန်းထဲ ထည့်ပြောပါတယ်။ ဒုတိယ ဥက္ကဋ္ဌ ရာထူးနေရာတွေကို လက်ရှိ ဒုဥက္ကဋ္ဌ နှစ်ယောက်ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ)ဟောင်း ဦးမြတ်ဟိန်းနဲ့ သမ္မတရုံးနဲ့ ဘဏ္ဍာရေးဝန် ကြီးဟောင်း ဦးလှထွန်းတို့ ပဲ ပြန်အရွေးခံရပါတယ်။

ဗဟိုအတွင်းရေးမှူးဖြစ်သူ အငြိမ်းစားဗိုလ်ချုပ် ဦးတင် အောင်ချစ်က တွဲဘက်အထွေထွေအတွင်းရေးမှူး ဖြစ်လာပါတယ်။
ဒုတိယ ဥက္ကဋ္ဌ တစ်နေရာနဲ့ အထွေထွေအတွင်းရေးမှူး တစ် နေရာစာ ကြေညာဖို့ ကျန်သေးလို့ ညီလာခံတက်ရောက်သူတွေထံက သိရပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ တတိယအကြိမ် ညီလာခံ ဒုတိယနေ့မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အသစ်အပါအဝင် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌတွေ နဲ့ အထွေထွေအတွင်းရေးမှူးတွေကို ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။