ၾကားသိသမွ်

ပေါက်က ပျူစခန်းကိုဝင်စီးန င်း စ စ်ကောင်စီဘက်မှ ၁၇ ဦး‌ေ-သ ဆုံးပြီး ၅၃ ဦးဖမ်းမိထား (ရုပ်/သံ)

ပေါက်က ပျူစခန်းကိုဝင်စီးနင်း စစ်ကောင်စီဘက်မှ ၁၇ ဦးသေဆုံးပြီး ၅၃ ဦးဖမ်းမိထား (ရုပ်/သံ)

ပေါက် ၊ အောက်တိုဘာ ၃ ၊ ၂၀၂၂ ။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရွာက ပျူစောထီးတွေကို သင်တန်းပေးနေတဲ့ စခန်းကို ာ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ စစ်သား ၁၇ ဦးသေဆုံးပြီး ပျူစောထီး ၅၃ ဦးကိုအရှင်ဖမ်းဆီးမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ် ထံက သိရပါတယ်။

အဲဒီစခန်းမှာ ပျူစောထီး ၉၃ ယောက်ခန့်ကို သင်တန်းပေးနေတာဖြစ်ပြီး မနေ့က အောက်တိုဘာ ၂ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်ကနေ ညနေ ၆ နာရီခွဲခန့်အကြာထိ စီးနင်းတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ် ဗိုလ်လက်ယာက မြေလတ်အသံကိုပြောသည်။

“၅ နာရီကျော်လောက်တိုက်ပွဲကြာခဲ့တယ်၊ ၅၃ ယောက်အရှင်ဖမ်းမိပြီးထိန်းသိမ်းထားတယ်၊ အမျိုးသားကော အမျိုးသမီးကောပါဘာတယ်၊ စစ်သား ရဲသား ပျူစောထီး ၁၇ ဦးသေတယ်၊ ကပစ ၂၄ က စစ်သားတွေပါ၊ စခန်းကမီးရှို့ဖို့ဟာမရှို့နိုင်ခဲ့ဖူး၊ ခဲယမ်းအင်အားနည်းတော့ ကျနော်တို့ပြန်ဆုတ်ခဲ့တယ်၊ ပျူ ၅၃ ဦးရဲ့ဖုန်းတွေသိမ်းထားပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ပေးထားပါတယ်” လို့ ဗိုလ်လက်ယာကပြောပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့ကလည်း ဆင်ချောင်းပျူရွာ၊ စစ်ဆေးရေးဂိတ်မှာ ခလရ ၂၅၈ မှတပ်သားများ စစ်ဆေးရေးလုပ်နေတုန်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ်က Drone ဖြင့် ဗုံးကျဲချရာ စစ်သား ၂ ဦးအား ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ဆိုပါတယ်။

#မြေလတ်အသံ