ၾကားသိသမွ်

ကျားတက်ရဲစခန်းစီးန င်းမှု စစ်သား ၅ ဦးသေဆုံးပြီး စခန်းသိမ်းရန် ကြိုးစားခဲ့သော်လည်း လေကြောင်းပ-စ်ကူကြောင့်ပြန်ဆုတ်ခဲ့ရ

ကျားတက်ရဲစခန်းစီးနင်းခံရ စစ်သား ၅ ဦးသေဆုံးပြီး လေကြောင်းပစ်ကူသုံးလာ

ဆားလင်းကြီး ၊ အောက်တိုဘာ ၂ ၊ ၂၀၂၂ ။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်စံပြကျေးရွာ၊ ကျားတက်ရဲစခန်းအား အောက်တိုဘာလ ၂ ရက်နေ့တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Salingyi Special Task Force-SSTF အဖွဲ့ထံမှ သိရသည်။

ယနေ့နံနက် ၆ နာရီခန့်က စတင်တိုက်ခိုက်ခဲ့ပြီး ၁၁ နာရီခွဲခန့်မှာ တိုက်ပွဲကိုအဆုံးသတ်ခဲ့ပြီး စခန်းသိမ်းရန် ကြိုးစားခဲ့သော်လည်း ထိခိုက်မှုရှိတာကြောင့် ရပ်တန့်ခဲ့ကြောင်း ယင်းအဖွဲ့တာဝန်ခံက မြေလတ်အသံ ကိုပြောသည်။

“ကျားတက်ရဲစခန်းမှာရဲနဲ့စစ်သား အင်အား ၄၀ လောက်နဲ့အထိုင်ချနေတာ၊ စခန်းကိုတော့မသိမ်းနိုင်ခဲ့ဘူး၊စခန်းထဲဝင်ခံနီးမှာရဲဘော် ၂ ယောက်ထိတာနဲ့ပြန်ဆုတ်လာခဲ့တာ၊ ၅ ကောင်လောက်သေတယ်၊ လက်နက် ၁ လက်သိမ်းဆည်းရမိတယ်၊ G 2 ၁ လက်ရခဲ့တာ၊ လေယာဉ်ပစ်ကူလာတာကြောင့်ကျနော်တို့ရဲဘော်တွေကိုနောက်ဆုတ်ခိုင်းခဲ့တယ်” ဟု ၎င်းက ဆိုသည်။

တိုက်ခိုက်မှုကို Salingyi Special Task Force-SSTF၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်မြို့နယ်၊ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် MRDA တို့ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အလားတူပြီးခဲ့တဲ့ ဧပြီလကလည်း အဆိုပါရဲစခန်းတိုက်ခိုက်ခံခဲ့ရ သေးသည်။

#မြေလတ်အသံ

ဧပြီလအတွင်းက ကျားတက်ရဲစခန်းတိုက်ခိုက်စီးနင်းခံရစဉ်-(ဓါတ်ပုံ-Salingyi Special Task Force – SSTF)