ၾကားသိသမွ်

မုံရွာ – မန္တလေးလမ်းပိုင်းယာယီပိတ်ပြီးနောက် စခယာဥ်ခြောက်စီး မို-င်းဆွဲတို-က်ခို က်ခံရ

မုံရွာ – မန္တလေးလမ်းပိုင်းယာယီပိတ်ပြီးနောက် စစ်ကောင်စီယာဥ်များ မိုင်းဆွဲတိုက်ခိုက်ခံရ

အောင်ဇေယျ/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်း ယာယီပိတ်ပြီးနောက် ယနေ့နံနက်ပိုင်းက စစ်ကောင်စီယာဉ်ခြောက်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုများနိုင်ကြောင်း CHAUNG U REVOLUTION ARMY (CRA)က ထုတ်ပြန်သည်။

ယနေ့ (အောက်တိုဘာ၂ရက်) နံနက်ပိုင်းက မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကိုင်းဘက်မှ မုံရွာမြို့ဘက်သို့ ​ထွက်ခွာလာသော စစ်ကောင်စီယာဥ် ခြောက်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်ပြီး အရေအတွက် အတိအကျမသိရသေးကြောင်း CRAက အသိပေးသည်။

အဆိုပါစစ်ဆင်ရေးအား CRA တပ်ခွဲ – ၃ (လေပွေမုန်တိုင်းတပ်ခွဲ)၊ CRA တပ်ခွဲ – ၂(CRA 2)၊ CRA အထူးကွန်မန်ဒို တပ်ခွဲ(BLACK WOLF SOLDIERS)၊ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် -CHAUNG U REVOLUTION ARMY( CRA)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မိုးရွာသည့်ကြားက စစ်ကောင်စီလမ်းကြောင်းကို မိုင်းဆွဲခဲ့ခြင်းဖြစ်ပြီး CRAတပ်သားများအား အဝတ်အစားနှင့် ဆေးဝါးများကူညီထောက်ပံ့ပေးကြရန် မေတ္တာရပ်ခံထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ CRAအား မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

မုံရွာ – မန္တလေးလမ်းပိုင်းကိုယနေ့(အောက်တိုဘာ ၂ရက်) နံနက် ၆နာရီခန့်မှစတင်ကာ ဒေသကာကွယ်ရေးအဖွဲ့များက အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားခဲ့သည်။

ရုပ်သံ-CRA