ၾကားသိသမွ်

အကျဉ်းသား လွှဲပြောင်းပို့ဆောင်တဲ့ အချုပ်ကားကို မြို့ပြပြောက်ကျားတွေ စီးနင်းပြီး အကျဉ်းသား နှစ်ဦးကိုကယ်ထုတ်၊ ရဲ နှစ်ဦး‌ေ-သ

အကျဉ်းသား လွှဲပြောင်းပို့ဆောင်တဲ့ အချုပ်ကားကို မြို့ပြပြောက်ကျားတွေ စီးနင်းတိုက်ခိုက်ပြီး အကျဉ်းသား နှစ်ဦးကိုကယ်ထုတ်၊ ရဲ နှစ်ဦးသေ

စက်တင်ဘာ ၂၉ The Nation Voice

မန္တလေးတိုင်း၊ အမရပူရမြို့နယ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို လွှဲပြောင်းပို့ဆောင်လာတဲ့ အချုပ်ကားကို မြို့ပြပြောက်ကျားအဖွဲ့တွေက စီးနင်းတိုက်ခိုက်ပြီး အကျဉ်းသား နှစ်ဦးကို ကယ်ထုတ်သွားတယ်လို့ Truth Keeping Force- Amarapura က ထုတ်ပြန်ပါတယ်။

မတရားဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှဲပြောင်းဖို့ရှိတယ်ဆိုတဲ့ သတင်းကို ထောက်လှမ်းပြီး မဟာမိတ်မြို့ပြပြောက်ကျားအဖွဲ့တွေက မြစ်ငယ်တံတားအနီးမှာ ပူးပေါင်းကယ်တင်တိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် အချုပ်ကားမောင်းတဲ့ ရဲ နှစ်ဦးသေဆုံးပြီး အကျည်းသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ရှစ်ဦး ထွက်ပြေးခဲ့ပေမယ့် (၆) ဦးကိုပြန်လည်ဖမ်းဆီးခံခဲ့ရတဲ့အတွက် နှစ်ဦးသာ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

လွတ်မြောက်သူ နှစ်ဦးကိုလည်း လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့ပြီး အသေးစိတ်အချက်အလက်တွေကို ထပ်မံထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေက လုံခြုံရေးတင်းကျပ်ကာ လမ်းပိုင်းအချို့ကို ပိတ်ဆို့စစ်ဆေးနေတယ်လို့သိရပါတယ်။

#The Nation Voice